ပန်းကလေးများပွင့်တော့မည်..ဖူးတံဝင့်လို့ချီ
နေခြည်မှာရွှေရည်လောင်း..ငါတို့စာသင်ကျောင်း...
ဤကဗျာလေးကို မိဘတိုင်းနှင့်ကျောင်းသားတိုင်းသိနိုင်ကြပါလိမ့်မည်..။
မကြာမီ..စာသင်ကျောင်း၏တံခါးများပြန်လည်ဖွင့်တော့မည်..။အတန်းစုံ..အရွယ်စုံ..ကျောင်းတက်ကြတော့မည်.။
မိဘများအနေဖြင့် ၊အိမ်၏မီးဖိုတွင်၊ဆန်ရှိရှိ၊မရှိရှိ၊ကျောင်းဖွင့်လျင်.မိမိတို့၏ရင်သွေးများကို..
စာသင်ခန်းထဲအရောက်ပို့ပေးလျက်ပီတိလွှမ်းသောမျက်နှာဖြင့်မိမိတို့၏ရင်သွေးကိုစာသင်ကျောင်းရှိခြံစည်းရိုးမှ.
ငေးမျှော်ကာကြည့်နေကြပေလိမ့်မည်.။သူတို့လေးတွေ၏စာအံသံသည်..မိဘတိုင်း၏နား၀၀ယ်.စမ်းရေစီးသံအလား
သာယာအေးမြ ချမ်းသာလှပါဘိ၏..။
တနေ့ရုံးပိတ်ရက်တနေ့တွင်၊ကျမ၏အိမ်သို့လာနေကျ၊တနည်းအားဖြင့်အိမ်မူ့ကိစ္စဆောင်ရွက်ပေးနေကျ
၊ဒေါ်အေးတင် သည်လာနေကျ အချိန်ထက်စော၍ရောက်လာပါသည်။ သူမတွင် ( ၃ )တန်းနှင့်
( ၇ )တန်း ကျောင်းသားနှစ်ဦးရှိသည်။ကျောင်းများဖွင့်တော့မည်ကိုသိထားသဖြင့် သူမ၏ခလေးများအတွက်
စာအုပ်နှင့်စာရေးကိရိယာများ၊ကျောင်းဝတ်စုံအချို့ ၀ယ်ပေးထားပါသည်။ထိုနေ့ က မိုးသည်းထန်စွာရွာသဖြင့်
အိမ်အပြန်တွင် သူမအားထီးတစ်ချောင်းပေးလိုက်သည်။နေပူပူ၊မိုးရွာရွာ..ထီးဆောင်းပြီးအပြင်ထွက်ရန်လဲ မှာလိုက်သည်။
သို့သော်သူမ လာသည့် အခါတိုင်း ထီးမဆောင်းသည်ကိုသတိပြုမိသဖြင့်၊ဘာကြောင့်ထီးမဆောင်းကြောင်းသိလိုသည့်အတွက် မေးသည့် အခါတွင်၊ခလေးများအတွက် ထီးပေးလိုက်ကြောင်းသိလိုက်ရပါသည်။သူမကတော့ နေပူထဲလဲထီးမပါ၊မိုးရွာတော့လဲဟိုနားရပ်ခို၊ဤနားရပ်ခိုနှင့်၊။
ပထမ သိလိုက်လိုက်ချင်း၊ကျမ စိတ်တိုသွားပါသည်။နောက်မှစဉ်းစားမိသည့်အခါတွင်၊မိဘတစ်ဦး၏မေတ္တာကို
သတိရလိုက်မိသည်။နောက်တနေ့၊ခလေးများအတွက်မိုးကာအကျီင်္အရောင်တူဝယ်ပြီးပေးလိုက်သည့်အခါတွင်သူမ၏မျက်နှာသည်
အလွန်တောက်ပသောအပြုံးကိုဆောင်လျက်၊ကျမအားမေးခွန်းတစ်ခုပြန်မေးခဲ့ပါသည်။
(သမီးရယ် ..မိုးကားလေးနဲ့ဆိုတော့မိုးမစိုတော့ပေမဲ့၊ခေါင်းက မိုးရေမလုံပြန်ဘူး၊ဘယ်လိုဖြစ်ဖြစ် ကျမ ထီးမပါလဲနေတတ်ပါတယ်။ ခလေးတွေကို ထီးတော့ပေးဆောင်းပါရစေ ၊ထီးပေးလိုက်ရမလား)ဟူ၍ဖြစ်ပါသည်။
ကျမ နားလည်လိုက်ပါပြီ..။ကျမ၏လိုအပ်ချက်ကိုလဲ သိလိုက်ပါပြီ.. မနက်ဖန်သူလာလျင် သူမအတွက် ထီးတစ်လက်ကိုင်ပြီး .တံခါးဝတွင် ကျမ စောင့်နေပါမည်..။
အနှိုင်းမဲ့မေတ္တာနှင့် အဆုံးမဲ့မြတ်နိုးခြင်းဖြင့်
မေတ္တာရည်လျက်
ခင်မိုးညို

