Monday, July 15, 2013

သကဲ့သို့

                                    
  

                                         သကဲ့သို့
 ..( ငိုချင်လျက်နဲ့ ဇတ်ကွက်ကိုဆ..ရီခဲ့ရတယ်..၊ ရီချင်လျက်နဲ့ ဇတ်ကွက်ကိုဆ..ငိုခဲ့ရတယ်...)
 ဤသီချင်းကို.ငယ်စဉ်က နားမလည်ခဲ့ပါ။ယခုတော့ နားလည်ခဲ့ပြီ။နားလည်ခြင်းဟူသောကုန်ချော( value added ) ရရှိနိုင်ရန်အတွက် မိမိ၏ဘ၀ /နှလုံးသားကို ကုန်ကြမ်း ( Raw material )အဖြစ် ဆောက်တည်ခဲ့ပြီ။မည်သည့်အရာ၊မည်သည့်ကိစ္စကိုမဆိုသိန်ုင်၊နားလည်နိုင်ရန်အတွက် ဘ၀၏ ချိုချဉ်ဖန်ခါးအရသာတို့ကိုတမျိုးစီအဆင်ပြေသလိုသုံးစွဲခြင်း၊တနည်းအားဖြင့် ပေးဆပ်ခြင်းမှ နားလည်ခြင်းကိုပိုင်ဆိုင်လာခဲ့သည်။လူ့ဘ၀ဇတ်ခုံတွင်၊၀န်းကျင်အသိုင်းအ၀ိုင်းတို့နှင့် ပတ်သက်နေရလေသမျှ၊
ဘ၀ဇတ်ဆရာအလိုကျစေခိုင်းသည့်အတိုင်း၊ရင်မှငိုနေသော်လည်းရီပြလျက်၊ရင်မှရယ်နေသော်လည်းငိုပြရလျက်၊
သံသရာတွင်ကျင်လည်နေရသမျှကာလပတ်လုံးလုပ်ဆောင်နေကြရပေအုံးမည်။
ထိုသို့ ကြုံရ ၊ဆုံရသည့်အခါတိုင်း၊ယခင့်ယခင်က၊စိ၏စေစားသည့်အတိုင်း၊ပျော်လိုက်၊ရွှင်လိုက်၊

ကျလိုက်၊တက်လိုက်၊ဖြင့်ခံစားမူပမာဏအတိုင်းကောင်းနိုရာရာ ဆေးပန်းချီခြယ်သဖြစ်သည်။
သို့သော်လူ့ဘ၀ဟူသည်၊ စာမျက်နှာနံပါတ်ရှိသောစာအုပ်ကဲ့သို့၊၀ာမျက်နှာ ( ၁ ) ပြီးလျင်(၂)(၃)(၄)စသည်ဖြင့်အလှည့်ကျရောက်ရှိလာမည်သာဖြစ်ပါသည်။
မိမိမှနံပါတ်( ၂ )ကို ရွေးချယ်သော်လည်း ရောက်ရှိမည့်အလှည့်နံပါတ်သည်(၃)ဖြစ်သည့်အတွက်
(၃)သာလျင်ရောက်ရှိမည်ဖြစ်သည်။( ၃ ) ဖြစ်မည်ဧကန်ဖြစ်မည်ကို၊ ( ၂ ) ဖြစ်ရန်ကြိုးစားနေခြင်းသည်၊လေးလေးနက်နက်၊သေသေချာချာ ၊နက်နက်ရှိုင်းရှိုင်း ဆန်းစစ်ကြည့်သောအခါ၊
အချိန်၊ငွေ၊ စိတ်ခွန်အား၊ကိုယ်ခွန်အား၊များကိုအလဟဿ ပြုလုပ်နေခြင်းဖြစ်သည့်အတွက်၊ရရှိလာမည့်အကျိုးဆက်များကို၊
ဖြတ်သန်းလာသည့်အချိန်၊အသက်အပိုင်းအခြား၊စာကောင်းစာပေနှင့်ဓမ္မတရားများကိုလေ့လာဖတ်ရှု့နာကြားရဖန်များလာလေ
သိရှိလေဖြစ်လာပါသည်။ 
စာအုပ်၏စာမျက်နှာများကဲ့သို့ ဘ၀၏စာမျက်နှာများသည်လည်းအချိန်အခါအလိုက်ရောက်ရှိလာမည်ဖြစ်ရာ၊
မိမိဘက်မှစိတ်ကောင်းနှလုံးကောင်းဖြင့်၊တာဝန်ဝတ္တရားကိုအမျိုးသားကောင်း၊အမျိုးသမီးကောင်းပီသစွာ၊ဆောင်ရွက်
ကြရမည်သာဖြစ်ပါသည်။
ဘ၀၏အချိုးအကွေ့၊အဖြောင့်အကောက်၊အတိမ်အနက်များတွင်ကြုံရသမျှ၊ဆုံရသမျှကို၊အတွေ့အကြုံနှင့်သခင်္ဏးစာ၊
အဖြစ်မှတ်ယူကာ၊အဆိုးအကောင်းကြုံရသမျှကိုလည်းအကောင်းမြင်အသိတရားဖြင့်၊မြင်နိုင်၊သိနိုင်ကြမည်ဆိုပါလျင်၊
ကိုယ်ရောသူပါ၊စိတ်အေးချမ်းသာယာကြလိမ့်မည်။
 မိမိ၏ကိုယ်တွေ့ဘ၀ကိုတင်ပြလျက်၊ဤစာကိုအပြီးသတ်ပါမည်။
မိမိနှင့် မိမိမြတ်နိုးသောသူ၊မိမိကိုမြတ်နိုးသောသူ၊တို့၏ဘ၀လမ်းသည်မသိတရားဖြင့်လှမ်းလင့်လျက်ရှိကြ၏။မည်မျှပင်မြတ်နိုးကြစေကာမူ
ဘ၀အခြေအနေ၊အကြောင်းအမျိုးမျိုးတို့ကြောင့်ယခင့်ယခင်လို၊စကားမပြောဖြစ်သလို၊စာလဲမရေးဖြစ်ပါ။မိမိအပေါ်တွင်လည်းသစ္စာ
မဖေါက်ပါ၊ဘ၀၏လေးနက်ခြင်းနှင့် နက်ရှိုင်းခြင်းပေါ်တွင်မူတည်၍နေထိုင်နေကြခြင်းသာဖြစ်ပါသည်။ထို့ကဲ့သို့
နေထိုင်နေကြနေရခြင်းကိုပင်လျင်၊မိမိမှကျေးဇူးတင်နေမိသည်။မိမိတွင်တာဝန်များယခင်ကထက်ပိုများလာခြင်း၊တာဝန်အရ
ခရီးများသွားလာနေရခြင်း၊ကွန်ပျူတာကွန်နက်ရှင်မကောင်းခြင်းစသည့်အကြောင်းပေါင်းများစွာသည်ယခင့်အခြေအနေကကဲ့သို့
ဆိုပါလျင် မိမိအနေဖြင့်စိတ်အလွန်ပင်ပန်းပါမည်။ဥပမာအားဖြင့် ယခင်က သူနှင့်စာရေးစကားပြောနေစဉ်၊ကွန်ပျူတာမှအကြောင်းတစုံတရာကြောင့်စာရေးသားမူ့အဆင်မပြေလျင်စိတ်အလွန်ပင်ပန်းခဲ့ပါသည်။
မြန်မာပြည်တွင်းသာဆိုလျင်ချက်ချင်းပင်ထသွားဖြစ်မည်ဟုခံစားမိခဲ့ကြသည်။  ယခုအခါတွင် မိမိနှင်သူ့ဘ၀တွင်
နှလုံးသားအရေးထက်ဥဏှောက်အရေးကပို၍အရေးဖန်လာသဖြင့်အဆင်ပြေသလိုသာနေထိုင်ဖြစ်ခဲ့တော့သည်။
ထိုသို့နေထိုင်နေသော်လည်း၊သူ့အပေါ်တွင်စေတနာကောင်းသည်ရှင်သန်စီးဝင်လျက်ရှိပါသည်။သူသည်လည်း
မိမိ၏ဘ၀ကိုအောင်မြင်ခြင်းများစွာ၊တိုးတက်ခြင်းများစွာ၊အဆင်ပြေခြင်းများစွာဖြင့်ရှိနေစေချင်မည်မှာမလွဲဧကန်ဖြစ်ပါသည်။
ဘ၀၏စာမျာက်နှာများစွာကိုဖြတ်သန်းနေရချိန်ကာလတွင်၊ မိမိတို့သည်လုပ်ဆောင်ခွင့်နှင့်လုပ်ဆောင်သင့်သည်များကိုလုပ်ဆောင်ကြလျက်အားလုံးသောသူငါသတ္တ၀ါတို့၏
ကောင်းကျိုးကိုဆောင်ရွက်နေကြရသည်ဆိုပါလျင်..၊မမြင်ရသည်ဖြစ်စေ၊မကြားရသည်ဖြစ်စေ၊မဆုံရသည်ဖြစ်စေ...
မြင်ရ၊ကြားရ၊ဆုံရသကဲ့သို့မိုင်ပေါင်းများစွာဝေးနေသော်လည်း....အရိပ်မှာထပ်တူညီမျှဖြစ်တည်နေသကဲ့သို့.....
ခံစားရင်း..ခံစားရင်း...( တစ်ယာက်တည်းမဟုတ်ပါ) ဟူသော သူ၏အားပေးစကားကို နားလည်ခြင်းဖြင့်..။
 အနှိုင်းမဲ့မေတ္တာနှင့်အဆုံးမဲ့မြတ်နိုးခြင်းဖြင့်
မေတ္တာရည်လျက်..
ခင်မိုးညို
 (သက်ရောက်လာမည့် မွေးနေ့အတွက်အမှတ်တရ)