Thursday, August 1, 2013

မိုးမြေမကမေတ္တာပိုင်...ရိုးမြေကျသစ္စာခိုင်



   
                                    မိုးမြေမကမေတ္တာပိုင်...ရိုးမြေကျသစ္စာခိုင်

                      Photo: 8/8/2013 ရက်ကြာသပတေးနေ့..ည 9း00နာရီမှာသက်ရောက်မဲ့မွေးနေ့မှာမေမေ+ဖေဖေတို့နှင့်မွေးနေ့စကား.....ပြောကြားခွင့်ရရှိနိုင်ပါစေ..။ဘ၀၏အနှစ်ဖြင့်တိုးတက်မြင့်မားပါစေ။
မေတ္တာရည်လျက်..
ခင်မိုးညို....ဆိုးတူကောင်းဖက်.အကျိုးတူရုန်းလျက်..မောင်တစ်ထမ်းမယ်တစ်ရွက်..ဆိုသည့်စကားနှင့်အညီဘ၀၏ခါးခြင်းချိုခြင်း
ရသများကို.မျှဝေခံစားကြလျက်မိုးမြေမကသောနက်ရှိုင်းကျယ်ပြန့်သောမေတ္တာ နှင့် အတူ အရိုးမြေကျသည့်တိုင်လက်တွဲမဖြုတ်ကြသည့် မောင်နှင့်မယ်ကို..ကျမ၏ဘ၀နှင့်ထပ်တူလေးစားမြတ်နိုးပါသည်။
.....လောကစည်းစိမ်ရုပ်ပိုင်းဆိုင်ရာ၏ချမ်းသာခြင်းကိုမပိုင်ဆိုင်ကြသော်လဲ.နှစ်ဦးသား၏ဘ၀တွင်စိတ်၏ချမ်းသာခြင်းသည်အတိ
ဖြစ်ပါသည်။ကျမ အမြဲဆိုနေကျ ၊ ပြောနေကျစကားဖြစ်သည့် ( ဘ၀တွင်အနှစ်ကိုမမြင်ဘဲ အကာကိုသာအနှစ်ဟုထင်သဖြင့်အကာနောက်လိုက်ရင်းလိုက်ရင်းနှင့်တကယ့်အနှစ်ဖြင့်ဝေးဝေးမသွားကြပါစေနှင့်)
ဟူသည့်စကားကို အထက်ပါ မိနှင့်ဖကိုမြင်လိုက်တိုင်းမြင်လိုက်တိုင်းပို၍.ပို၍ခံစားမိ၏။
....မိဖနှစ်ပါးတို့တွင်သားနှင့်သမီးများမြေးများရှိကြသော်လဲ .အနားတွင်မနေဖြစ်နိုင်ကြပါ။ဘ၀၏ပေးလာသောအကြောင်းတရားအတိုင်းရုန်းကန်နေကြရသဖြင့်ထိုအိမ်၊ထိုဝန်းရံတွင်
အသက်( ၇၀ )ကျော်မိဖနှစ်ပါးတို့သည်ကိုင်းကိုကျွန်းမှီ၍၊ကျွန်းကိုင်းကမှီရကာ.အပြန်အလှန်
 ဆေးနှင့်မီးကိုယူပေးနေကြရ၏။
ကွမ်းခြံလေးထဲတစ်ယောက်ကဆင်းလျင်တစ်ဦးက ရေလောင်းရန်ရေပိုက်ယူပေးရ၏။တဖန် ညစာအတွက် ထမင်း၊ဟင်းကိုအဆင်ပြေသလို ပြေး၍ချက်ရပြန်၏။စပယ်ပင်ရေလောင်းရာတွင်ထိုနည်းနှင်နှင်ပင်..။
...ထမင်းဟင်းကိုလည်း ဘာစားရမှ..၊ညာစားရမှ..၊ဟူ၍မပြော..နှစ်ဦးသားအေးချမ်းသာယာစွာဖြင့်နေထိုင်စားသောက်ကြပါသည်။ကျမလေးစားသော
အထက်ပါအမိနှင့်အဖသည်.ရာထူးဂုဏ်၊ပညာဂုဏ်၊ဓနဂုဏ် တို့ကို မပိုင်ဆိုင်ကြသော်လည်း၊ရိုးသားသောဂုဏ်၊
အေးမြသောမေတ္တာစိတ်ဖြင့် စောင့်ထိန်းအပ်သောသီလဂုဏ်၊တစ်ဦးကိုတစ်ဦးအပြစ်မမြင်ကြဘဲမုဒိတာစိတ်ကိုအခြေခံလျက်
နားလည်စာနာသောဂုဏ်..စသည့်ကောင်းမွန်သောလူ့အနှစ်သာရကိုပိုင်ဆိုင်ကြကုန်၏..။
   ...ဘ၀တွင်အမှန်စင်စစ် အနှစ်တရားသည်မေတ္တာနှင့်ယှဉ်သောကြင်နာမူနှင့် တစ်ဦးကိုတစ်ဦးစိတ်ချမ်းသာစေလိုသောစာနာစိတ်ကြောင့် သီလနှင့်အတူသစ္စာတရားသာလျင်ဖြစ်ကြပေရာ.။
    မိုးမြေမကမေတ္တာပိုင်...ရိုးမြေကျသစ္စာခိုင်  ကြပေသော ဘ၀၏အနှစ်ကိုပိုင်ဆိုင်ကြသူနှစ်ဦးမှာ..
 ကျမ၏ဘ၀နှင့်ထပ်တူလေးစားမြတ်နိုးသောအမိနှင့်အဖ ဟူ၍ နှလုံးသားဝယ်မော်ကွန်းတင်ပါသည်။
မိုးမြေမကမေတ္တာပိုင်..ရိုးမြေကျသစ္စာခိုင်ကြပေသောဘ၀၏အနှစ်ကိုပိုင်ဆိုင်သူနှစ်ဦးမှ..( 8/8/2013 ရက်ကြာသပတေးနေ့ည..9း00 နာရီတွင် မွေးဖွားသန့်စင်ပေးခဲ့သော မွေးနေ့ရှင်အားလည်း မိဖနှစ်ပါးနှင့်အတူ
လေးစားမြတ်နိုးစွာဖြင့် ကန်တော့ပန်းပန်ဆင်အပ်ပါသည်..။
အနှိုင်းမဲ့မေတ္တာအဆုံးမဲ့မြတ်နိုးခြင်းဖြင့်
မေတ္တာရည်လျက်
ခင်မိုးညို