အမျှပေးဝေပါ၏
ဝါတွင်းကာလတွင် တနင်္ဂနွေနေ့နံနက်တိုင်း၊
သံဃာတော်အပါး( ၁၄၀ ) ကို ဆွမ်းနှင့်ဟင်းကို မိမိကိုယ်တိုင်ဦးစီးဆောင်ရွက်ကာ ဝေယျာဝိစ္စကုသိုလ်ကိုဆောင်ရွက်ပါ၏
။
နေ့စဉ်..နိုင်စွမ်းသမျှသောဒါနကို၎င်း-စွမ်းအားနှင့်အမျှ သီလ ကို၎င်း
-အားထုတ်နိုင်သမျှသောဘာဝနာ ကို၎င်း - လှူဒါန်း ဆောက်တည်ပါ၏ - ။
ထိုထိုသောကုသိုလ်အစုအစုတို့ကို
....
( ၁ ).....ကျေးဇူးအားဖြင့်ကြီးမားကုန်သောအမိနှင့်အဖ ကို၎င်း -
( ၂ )... မိမိ၏မိဖရင်းသဖွယ်လေးစားတန်ဖိုးထားလျက်မြတ်နိုးရသော အဖဦးသိန်းအောင်နှင့်အမိ
ဒေါ်အုန်းရွှေ ကို၎င်း -
( ၃ ).... မိမိအတွက် အသိတရားအချို့ကို ဘ၀နှင့်အရင်းအနှီးပြုခြင်းဖြင့်ပေးအပ်ခဲ့သော
ဆရာဟိန်းတင့်ဇော်(ခေါ်)
ဦးကျော်ဇောလင်းကို၎င်း -
( ၄ ) ... ထမင်းတဆုပ်
၊ ရေတမှူတ် မျှပင် ကျေးဇူးရှိခဲ့ဘူးသောသူသူ ငှါငှါ တို့ကို၎င်း -
( ၅ ).... ခြေနှစ်ချောင်း၊
ခြေလေးချောင်း နှင့်ခြေအများ ရှိသော သတ္တ၀ါ အနန္တတို့ကို၎င်း -
( ၆ )..... နတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့အား၎င်း -
( ၇ )..... ငရဲသားများနှင့်ရမ္မမင်း၊အရိမေတ္တယျမြတ်စွာဘုရားပွင့်တော်မူချိန်တွင်
ပစ္စကာဗုဒ္ဓာဘုရားငယ်အဖြစ်သို့ရောက်ရှိမည့် ဒေ၀ဒတ်မင်းနှင့်
အဇတသတ် မင်းတို့ကို၎င်း -
( ၈ )..... ဓမ္မရာဇကစစ်သူကြီးအား၎င်း..-...
အမျှ..အမျှ..အမျှ ပေးဝေငှပါ၏.။သာဓု..သာဓု..သာဓု
ခေါ်တော်မူကြပါကုန်လော့..။
သူတော်ကောင်း ၊သူမြတ်လောင်းတို့မှ.ပေးဝေငှခြင်းကိုလည်း..
မိမိ
မှ သာဓု..သာဓု..သာဓု ခေါ်ပါ၏..။
စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာကြပါစေ..။
လေးစားစွာဖြင့်.
ခင်မိုးညို

