သူနဲ့ကိုယ်.လက်ကိုတွဲလို့
ကြည်နူးစွာ.အပြုံးဆိုင်လျက်
မွေးရပ်မြေ..ဒီတာရိုးမှာ
လှမ်းလျှောက်ခဲ့တယ်..။
..ညနေခင်း..လေညှင်းနဲ့အတူ
သူနဲ့ကိုယ်နှစ်လွှာကြားမှာ..သားရယ်သမီးရယ်
လက်ကိုတွဲလို့
ကြည်နူးစွာ.အပြုံးဆိုင်လျက်
မွေးရပ်မြေ..ဒီတာရိုးမှာ
လှမ်းလျှောက်ခဲ့တယ်..။
..နှစ်ကာလကြာရှည်..
နောက်ကိုပြန်လှည့်ကြည့်တော့
မနေ့ကလို ထင်မိရပေမဲ့
သူနဲ့ကိုယ်မျက်နှာအကြည့်မှာ
တွေ့လိုက်ပြီ.မျက်ဝန်းဘေး
လှိုင်းပမာဝန်းရံလို့
ငွေလွှာရောင်ဆံရောင်တောက်ပေပေါ့
နှစ်များရဲ့သက်သေ..။
ငွေလွှာရောင်.ဆံ လွင့်ပျံလို့
မျက်ဝန်းမှာ.လှိုင်းပမာတွေ့ပေမဲ့
သူနဲ့ကိုယ်လက်ကိုတွဲလို့ရယ်.
ဆုံးကမ္ဘာမြေေ၇ွ့စေတော့
ဆုံးသက်တိုင် အတူလှမ်းလို့ရယ်
မိုးမြေမကသက်သေလှိုင်..။
မေမေနဲ့ဖေဖေဘ၀လေးကို မြတ်နိုးလေးစားစွာဖြင့်
မေတ္တာရည်လျက်
မခင်မိုးညို


