ကျမ နေမကောင်းလို့ဆေးခန်းသွားပါတယ်။သွားစဉ် ဓါတ်ပေါင်းစုစေတီကို ဖူးမြှော်ရတော့..
အသိလေးတစ်ခုရောက်လာတယ်။ ဥဏှောက်ထဲကတဆင့်နှလုံးသားထဲရောက်လာတယ်လေ..။
ဒါကြောင့် ကျမဘ၀လေးကိုတစိတ်တဒေသရေးဖြစ်လိုက်ပါတယ်။
နေပြည်တော် မူလနေရာကနေပြီး အသစ်တနေရာကိုရွှေ့ပြောင်းရပါတယ်။ အရာရှိတွေက အရာရှိအိမ်ယာမှာဘဲ
နေရမယ်တဲ့..။ဒါကြောင့်အရာရှိအိမ်ယာကိုပြောင်းခဲ့တယ်။ပိတောက်အိမ်ယာကိုပါ။ဓါတ်ပေါင်းစုစေတီနဲ့နီးပါတယ်။
နေပြည်တော်ကိုလွန်ခဲ့( ၆ )နှစ်ကစရောက်ခဲ့တယ်။သဇင်ဆောင်မှာနေရတဲ့အတွက် ညနေခင်းလေးမှာ လမ်းလျှောက်ဖြစ်ပါတယ်။ဓါတ်ပေါင်းစုစေတီစတင် တည်စ ပါ..။ ညနေတိုင်း ဘုရားတည်တဲ့နေရာကိုသွားပြီး ....
သူငယ်ချင်းနဲ့ ကိုယ်နိုင်သမျှ သဲ ၊အုတ်တွေကို သယ်တဲ့ကုသိုလ်ပြုပါတယ်။
ကျမ ဘ၀မှာ ( ၁ )စာဖတ်ခြင်း( ၂ )ဂစ်တာတီးခြင်း ( ၃ ) ဘာသာရေးဆောင်ရွက်ခြင်းဘဲပြုလုပ်ခဲ့ပါတယ်။
အိမ်မလည်တတ်သလို.ကိုယ့်အိမ်လာလည်တာလဲ မနှစ်သက်ခဲ့ပါ။ ဘာကြောင့်လဲဆိုရင် အချိန်တွေနဲ့အမျှ ကျမ အကျိုးရှိရှိဆောင်ရွက်ချင်လို့ပါ။နောက်တစ်ခုကတော့ ကျမတို့မိသားစုဘ၀လေးရဲ့စရိုက်ကိုက ..သီးခြားနေတတ်ခြင်းပါဘဲ..။ မိသားစုထဲမှာတောင် စာအုပ်ကိုယ်စီဖတ်ပြီးနေကြတဲ့စရိုက်ဖြစ်ပါတယ်။
ပြောချင်တာလေးက..နေပြည်တော်ကို ရောက်လာချိန်မှာ ကျမကိုယ်တိုင်တောင်းဆိုပြီးရောက်လာတဲ့အတွက် ကျမစိတ်မှာ အေးချမ်းနေပါတယ်။
မေမေဆုံးသွားတဲ့အတွက် ကြောင့် တနည်းအားဖြင့် မေမေ့ ကိုပြုစုဘို့ဝတ္တရား မရှိတော့တဲ့ချိန်မှာ ကျမ စိတ်တွေ ယောင်ချာချာဖြစ်နေလို့..လွမ်းနေလို့..အားငယ်လို့ စိတ်ကိုပြောင်းလဲပြစ်တဲ့သဘောပါဘဲ။
ဓါတ်ပေါင်းစုစေတီကိုစတည်ချိန်မှာ ညနေတိုင်း အုတ်( ၁၀ )လုံး နဲ့သဲ ( ၂ )ခေါက်သည်ပါတယ်။
တလတိတိသယ်ခဲ့တဲ့အတွက် အုတ်ပေါင်း( ၃၀၀ ) နဲ့သဲအထုပ်ပေါင်း ( ၆ ၀ ) ဖြစ်ပါတယ်။
ညနေအဆောင်ပြန်ရောက်ရင် ရေချိုးသန့်စင် ပြီးဘုရားရှိခိုးပြီးတိုင်းအမျှပေးဝေခြင်းကို လေးစားစွာနဲ့ဆောင်ရွက်ပါတယ်။
ခုပြန်ပြီးစကားဆက်ရရင် နှလုံးအားနဲပြီးပင်ပန်းရင်နှလုံးကယောင်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့်နေမကောင်းလို့ဆေးခန်းသွားတော့ အထက်မှာရေးခဲ့တဲ့ဓါတ်ပောင်းစုစေတီကို
မြင်ရတဲ့အခါမှာ လွန်ခဲ့တဲ့ ( ၇ ) နှစ်ဝန်းကျင်က ဘုရားမှာ အုတ်တွေသဲတွေသယ်ခဲ့တာသွားပြီးသတိရမိတယ်။(လက်တဖက်အုတ်(၁ )လုံးစီနဲ့တခေါက် ( ၂ )လုံးပါ။
( ၅ ) ခေါက်ဆိုတော့ ( ၁၀ )လုံး ။တလ အလုံး
( ၃၀၀ )ပါလား..ဘုရားမှာငါရဲ့ချွေးနဲ့ရင်းထားတဲ့ကုသိုလ်ပါနေတာဘဲ..။)လို့ တွေးမိပြီး သိလိုက်တဲ့ဥဏှောက်ကနေတဆင့် နှလုံးသားထဲအထိစိမ့်ဝင်သွားပါတယ်။
ဘ၀တွေမှာ ကောင်းတဲ့ကံတွေကိုဘဲပြုချင်ပါတယ်။ထားခဲ့မာန်မာနတွေ၊ဒေါသတွေ၊တယူသန်စိတ်တွေကြောင့်
ကိုယ်လဲပူလောင်ရသလို ကိုယ်နဲ့ပတ်သက်သူတွေမှာလဲပူလောင်ကြရပါတယ်။ဘုရားကိုမြင်တွေ့ဖူးမြှော်ရချိန်မှာ
ကိုယ်ပြုခဲ့တဲ့ကုသိုလ်ဆောင်ရွက်မူကိုထင်ထင်ရှားရှားအမှတ်အသိဖြစ်လိုက်သလိုဘဲ၊မကောင်းတဲ့ကံကိုပြုခဲ့ရင်လဲ မကောင်းတဲ့လုပ်ဆောင်မူကိုသိလိုက်အုံးမှာပါဘဲ..။ဒါကြောင့် ကောင်းတာလုပ်ခဲ့ရင်စိတ်ချမ်းသာကြရမယ်၊ကြည်နူးကြရမယ်။
မကောင်းတဲ့ဝန်တွေကိုပြုခဲ့မိလို့စိတ်ဆင်းရဲခြင်းသောကဖြစ်ခြင်းတွေ ဖြစ်စေခဲ့ရင်လဲ..၊ စိတ်ဆင်းရဲခြင်းကြုံရမယ်၊ကိုယ်ပြုခဲ့တဲ့ကံအတိုင်းပါ။ ဒါကြောင့် ကောင်းတဲ့ကံကိုပြုခဲ့လို့ တဖန်ပြန်လို့ မြင်လေတိုင်း..တွေးလေတိုင်း...စိတ်ရဲ့အေးချမ်းသာယာခြင်းကို
ခံစားနိုင်ကြသလို..မကောင်းတဲ့ကံကိုပြုခဲ့မိလို့တဖန်ပြန်လို့မြင်လေတိုင်း..တွေးလေတိုင်း သောကပရိဒဝ
ခံစားကြရတဲ့ဒုက္ခမှာကင်းဝေးကြပါစေလို့ကျမ နေမကောင်းလို့ဆေးခန်းသွားစဉ် ဓါတ်ပေါင်းစုစေတီကို
ဖူးမြှော်ရတော့..၀င်ရောက်လာတဲ့အသိလေးတစ်ခုကို ..မျှဝေခံစားသိစေညွှန်းအပ်ပါတယ်။
အနှိုင်းမဲ့မေတ္တာ နှင့်အဆုံးမဲ့မြတ်နိုးခြင်းဖြင့်
မေတ္တာရည်လျက်
မခင်မိုးညို
