နတ်လူသာဓုခေါ်စေသော်...
ငါ့မောင်အမ.ငါ့အကိုနှင့်
ငါ့မိငါ့ဖ ဆွေရင်းချာသို့..
စိတ်ဝယ်ရင်းထား..ရောင်းရင်းဆွေရေ..။
သူနှင့်ကိုယ်တို့..လူ့ဘုံခဏတွေ့သောခါဝယ်.
ငါ၏စိတ်နှင့်ငါ့ဆန္ဒသည်
ဤကား..ထိုသို့ဖြစ်ပါချေ၏..။
( ၁ ).. သူနှင့်ကိုယ်တို့...လူ့ဘုံခဏတွေ့သောခါဝယ်.
မယ်မယ်ရရတခုခုတော့..ပြန်ရကောင်းစေ
စိတ်ဝယ်မှန်း၍. ..ကူညီလိုက်သော်....။
( ၂ ) .. သူနှင့်ကိုယ်တို့.. .. . လူ့ဘုံခဏတွေ့သောခါဝယ်.
အပြန်မတောင့်တ. .. ဆိုငြားသော်မှ
ရလျှင်ရကောင်း. . . . ရလိမ့်နိုးနှင့်
စိတ်မှဒွိဖြင့် .. ကူညီလိုက်သော် ....။
( ၃ ) .. သူနှင့်ကိုယ်တို့..
.. . လူ့ဘုံခဏတွေ့သောခါဝယ်.
ရလျင်ရကောင်း..မရကောင်းလဲ
ရှိပါစေတော့..ရှိစေတော့ဟု
ထိုမျှလောက်ပင်...ငါလျင်မတွေးဘဲ
သင် . .နှင့်
....၀န်းကျင် များသောသူအတွက်
လိုအပ်ချက်တွေ...မပြည့်လျှံလျင်သော်မှ
နိုင်စွမ်းသမျှ..စွမ်းအားပြု၍
စိတ်ရင်းစေတနာ..ဖြူစင်စွာဖြင့်
ြ ဖည့်ဆည်းပေးဆပ်....ကူညီလိုက်သော်.....။
ငါ့မောင်အမ.ငါ့အကိုနှင့်
ငါ့မိငါ့ဖ
ဆွေရင်းချာသို့..
စိတ်ဝယ်ရင်းထား..ရောင်းရင်းဆွေရေ..။
သူနှင့်ကိုယ်တို့..လူ့ဘုံခဏတွေ့သောခါဝယ်.
ထက်ပါသုံးသွယ်..ဘယ်အရာကို
သင်သည်ရွေးလိမ့်..။
အကျွန့်မှာမူ..မှန်ပင်မုချ
အစဉ် ( ၃ )ကို ရွေးပေငြားအံ့..။
ထိုနည်း၊ထိုဟန်၊ထိုထိုကဲ့သို့.
မမှန်းမမြှော်..မတမ်းမတ
မရည်မရွယ်..ရှိခဲ့တုံ၏
။
သင့်ဝန်းကျင်နှင့်..သင်၏ဘဝ
ကောင်းကျိုးချမ်းသာ..ခံစားတသွယ်
စံစားတဖုံ.. .. .ရှိငြားပေမူ
ချမ်းသာသုခရင်ဝယ်ပြည့်၏..။
သူငါသတ္တ၀ါ...
.ချမ်းသာကောင်းကျိုး..ခံစားပါစေ..
ဓမ္မအားလုံးရရှိပါစေ...စိတ်မှာချမ်းသာကိုယ်ကျန်းမာ၍
လိုရာဆန္ဒပြည့်ဝပါစေ....စသောမေတ္တာပို့သောခါဝယ်
အကျွန့် တွင်ပီတိ..တစ်ခုရှိ၏..။
ဤသည်..ဤကား..
နတ်လူသာဓုခေါ်စေသော်...။
ဘ၀တွင်
ပေးဆပ်ခြင်းဟူသည့်သဒ္ဒါယုံကြည်မူ့ကို မြတ်နိုးစွာဖြင့်
ဤကဗျာကိုတင်ပြပါသည်။
မေတ္တာရည်လျက်
မခင်မိုးညို ( ကျန်းမာရေးအားနည်းမူကြောင့် လိုအပ်မူရှိခဲ့ပါလျင်.ဖြည့်စွက်နားလည်ပေးနိုင်ပါစေဟူ၍
)

