Friday, September 6, 2013

ထပ်တူညီမျှ

ဘုရားကိုကြည်ညိုလေးစားမြတ်နိုးသည့်စိတ်သည် မိမိ၏အသက်နှင့်ထပ်တူညီမျှဖြစ်ပါသည်။
             အသက်အရွယ်အပိုင်းအခြားအလိုက်၊ ကာလအချိန်၏ပြောင်းလဲခြင်းနှင့်ထပ်တူ လောကကိုဖြတ်သန်းလျှောက်လှမ်းရာ၌ တွေ့ကြုံမူ တို့သည် ခက်ခဲခြင်းချောမွေ့ခြင်း၊ တိမ်မယောင်နှင့်နက်၍ နက်မယောင်နှင့်တိမ်ခြင်း ၊ လှမ်းသလိုနှင့်နီး၍ နီးသယောင်နှင့်လှမ်းခြင်း စသည်ဖြင့်၊ ဆန့်ကျင်ဖက်အကြောင်းတရားများကို တပြိုင်တည်း 
( သို့မဟုတ် )တစ်ခုစီ..ကြုံတွေ့ကြရ၏။ ငယ်စဉ်က မိရိုးဖလာအရ ဘုရား၊တရား၊သံဃာတည်းဟူသော
ရတနာမြတ်သုံးပါးကို ဦးချကန်တော့၏။ အသက်ကလေးရလာလေ..တရားနာချင်လေ..
တရားဓမ္မကိုဖတ်ရှု့ပြီးဓမ္မကိုနှလုံးသည်းပွတ်၌သိမ်းဆည်းထားလိုချင်လေ..ခံစားမိလာ၏။
အဘယ့်ကြောင့်ထိုသို့ခံစားမိလာသနည်းဟုဆန်းစစ်လိုက်သောအခါ ဘုရားရှင်ကိုယ်တော်မြတ်သည်
.သတ္တ၀ါအားလုံး၏အပေါ်၌မျှတသောမေတ္တာ၊စစ်မှန်သောငြိမ်းချမ်းမူတရားကိုခံစားသိမြင်စေလျက်၊လောက၏
အကောင်းနှင့်အဆိုး၊အကြောင်း.နှင့်အကျိုး၊ကုသိုလ်နှင့်အကုသိုလ် တို့ကို ပိုင်းခြားသိမြင်စေသည့်အတွက်
မိမိတို့အနေဖြင့် ဤကားကုသိုလ်၊အကုသိုလ်ဟုသိနားလည်ကြသည့်အတွက်၊မိမိနှင့်မိမိကိုယ်၊
မိမိနှင့်ဝန်းကျင်၊၀န်းကျင်ထက်ကျယ်ဝန်းသော စကြာဝဠာသို့တိုင် ကောင်းကျိုးတရားများကို ရွက်ဆောင်နိုင်စေသည့်အတွက်ဖြစ်ပါသည်။
            မိမိစိတ်ကိုမိမိအမြဲဆန်းစစ်သည်။မိမိ၏ပြုလိုက်သောကံကိုပြုမည့်ကံကို ဝေဖန်ပိုင်းခြားပါသည်။
သစ္စာပြု၍ပြောနိုင်သောစကားမှာ ဘုရားကြွေးသောထမင်းမှလွဲ၍မိမိမစားပါ။
ထို့အပြင် အမိနှင့်အဖ၏ကျေးဇူးကို အသက်ရှင်နေသရွေ့ဆပ်နေဦးမည်။ ဘ၀တွင် လက်ခုံအဖြစ်နှင့်သာနေပါမည်၊ပေးသောလက်ဖြင့်ရပ်တည်မည် ဟူ၍ဖြစ်ပါသည်။ မိမိစိတ်ကိုကောင်းအောင်ပြုစုလျက် ဘ၀တွင်ရှင်သန်ရပ်တည်ကာ.
.ထိုစိတ်ကိုမွေးဖွားတတ်ခွင့်ရှိအောင်ဆိုဆုံးမသော ဘုရားရှင်အားကြည်ညိုမြတ်နိုးနေချိန်တွင် စိတ်သည်လည်းကြည်လင်ကာရင်ဝယ်အေးမြလျက်ရှိဘိ၏။
    ထိုကြည်လင်သောစိတ်ဖြင့် မြတ်စွာဘုရားရှင်အားမိမိ၏အသက်ဖြင့် ထပ်တူညီမျှမြတ်နိုးပါသည်။
မေတ္တာရည်လျက်
ခင်မိုးညို