..
စိတ်စွမ်းအား
(စိတ်ကောင်းနှင့်ယှဉ် ရှေးရှူနှင်လော့) ဒီကဗျာလေးကို လေးစားတန်ဖိုးထားခဲ့တယ်။ခုလဲတန်ဖိုးထားပြီးလေးစားလျက်ပါဘဲ။ နောင်လဲဘဲ လေးစားတန်
ဖိုးထားနေအုံးမယ်။မသေခင်အထိ။
လူ့ဘ၀မှာ လူတွေဟာသူ့နည်းနဲ့သူ့ဟန်ရုန်းကန်နေကြရပါတယ်။ ချမ်းသာလှပြီ၊ဂုဏ်တွေရှိလှပြီလို့လက်ခံထားကြတဲ့သူတွေကိုယ်တိုင်စိတ်ပိုင်းဆိုင်ရာနဲ့ရုန်းကန်နေကြရတာပါဘဲ။
လူဖြစ်ဖို့အလွန်ခဲယဉ်းပါတယ်။လူဖြစ်ရင်တောင်မှ လူပီသဖို့ခက်ခဲပါသေးတယ်။ဘာကြောင့်လဲဆိုရင် လူတွေမှာကိုယ်ပြုခဲ့တဲ့ကံတွေအတိုင်းမိမိမွေးဖွေးရာဝန်းကျင်၊ကြီးပြင်းရာအသိုင်းအ၀န်း၊ရုန်းကန်ရာပတ်ဝန်းကျင်တွေ့ကြပြီး၊
ဆုံကြပြီးတဲ့နောက်၊ဘ၀တွေချူပ်ငြိမ်းသွားကြရပါတယ်။
တစ်ယောက်နဲ့တစ်ယောက်ရုပ်တွေမတူကြသလို၊စိတ်တွေလဲမတူကြပါဘူး။လောဘ၊ဒေါသ၊မောဟ၊မာန်မာနတွေနဲ့ပြီးပြည့်နေတဲ့ဝန်းကျင်မှာကြီးပြင်လာသူအတွက်
လောဘ၊ဒေါသ၊မောဟ၊မာန်မာနတွေနဲ့ပြီးပြည့်နေမှာပါဘဲ။ ဒီအခါမှာ ကောင်းသောကုသိုလ်ကံပြုခဲ့လို့ အကြောင်းတရားရှိနေရင် လောဘ၊ဒေါသ၊မောဟ၊မာန်မာနတွေကိုလက်မခံဘဲစိတ်ရဲ့အေးချမ်းမူကိုထိုးဖေါက်ရှာဖွေကြလိမ့်မယ်။
ဘယ်လိုဘဲအခက်အခဲတွေနဲ့ကြုံရပါစေ၊ဘယ်လိုဘဲသွေးဆောင်ဖျားယောင်းခြင်းခံရပါစေ၊အသက်ကိုပင်ပေးရပါစေ
မိမိရဲ့နှလုံးသားထဲမှာ လောဘ၊ဒေါသ၊မောဟ၊မာန်မာနတွေကိုလက်မခံဘဲ မိမိကြောင့်သူတပါးကိုစိတ်ရောကိုယ်ပါမထိခိုက်စေတဲ့မေတ္တာစိတ်နဲ့စိတ်ကောင်းထားပြီး ဆောင်ရွက်သွားပါမယ်။
ဒါကြောင့် တည်တန့်ခိုင်မြဲစေတဲ့စိတ်စွမ်းအားကို ပိုင်ဆိုင်နေစေဖို၊့မြင့်မြတ်သောစိတ်များကိုသိရှိနိုင်ဖို့၊ဗုဒ္ဓရဲ့အဆုံးအမ၊စာကောင်းပေကောင်း၊မိတ်ဆွေကောင်းနဲ့နာရ၊ ဖတ်ရ၊ဆုံကြရဖို့အလွန်အရေးကြီးပါတယ်။ခုလို
၊ဗုဒ္ဓရဲ့အဆုံးအမ၊စာကောင်းပေကောင်း၊မိတ်ဆွေကောင်းနဲ့နာရ၊ ဖတ်ရ၊ဆုံကြရဖို့အတွက် ( ကံ ) တွေကို
စောင်းထိန်းနေထိုင်သွားကြမယ်ဆိုရင် အားလုံးစိတ်ချမ်းသာကြပါလိမ့်မယ်။အဲဒီစိတ်ချမ်းသာမူတွေဟာလဲ
ကိုယ့်ဆီတန်ပြန်လာတာပါဘဲ။
နောက်တစ်ခုက ဘယ်လိုသောအကြောင်းကြောင်းတွေရှိပါစေ..၊စိတ်ဓါတ်မကျပါနဲ့၊ မိမိလုပ်ဆောင်မူတွေမှာ
ကောင်းသောကံတွေကိုဘဲ ပြောဆိုစီမံခဲ့တယ်လို့ရဲရင့်စွာနဲ့နှလုံးသွင်းပြီးရင်ဆိုင်လိုက်ရုံနဲ့စိတ်ရဲ့စွမ်းအားတွေ
အလိုလိုတက်လာပါတယ်။စိတ်စွမ်းအားတွေတက်လာတာနဲ့အမျှ မိမိကိုယ်ကိုယုံကြည်မူပိုရှိလာပါတယ်။
ကျမဘ၀ရဲ့ လက်တွေ့စွမ်းဆောင်ချက်တွေပါ။
ဘ၀မှာနေတတ်ပြီးဖြေတတ်သွားပါတယ်။
စေတ္တာရည်လျက်
ခင်မိုးညို