Wednesday, October 9, 2013

ဣဒံ-ဓမ္မဇာတံ၊ဤရှစ်ပါေးသောသဘောတရားသည် မဂ္ဂင်္ဂံ၊ မဂ္ဂင် မည်၏။




                   ဣဒံ-ဓမ္မဇာတံ၊ဤရှစ်ပါေးသောသဘောတရားသည်  မဂ္ဂင်္ဂံ၊  မဂ္ဂင် မည်၏။
သီတင်းကျွတ်တော့မည်။မြန်မာလူမျိုးတို့၏အလွန်နှစ်သက်ဖွယ်ကောင်းသောဓလေ့များစွာထဲမှတစ်ခုဖြစ်
သည့် သီတင်းကျွတ်လျင် ဖိုးဖွား၊အမိအဖ၊ဆရာသမားတို့အားအိမ်တိုင်ရာရောက်သွားရောက်ကန်တော့
ကြခြင်းဖြစ်ပါသည်။မည်သို့သောအကြောင်းဖြစ်ပါစေထိုတရက်တွင်၊အပြစ်ရှိလျင်ခွင့်လွှတ်ပါရန်နှင့်ကျေနပ်
ပါရန်တောင်းပန်ကြကုန်သည်ဖြစ်၍ မိမိ၏မာန်မာနကိုနှိမ်ချလိုက်ခြင်းဖြစ်ပေရာ၊ မင်္ဂလာရှိလှပါသည်ဟုခံစားမိပါသည်။
 ကျမ အနေဖြင့် တစ်ဝါတွင်းကာလတလျှောက်၊ စနေတွင်ဆွမ်းချက်ကာ၊တနင်္ဂနွေနေ့အာရုံတန်းဆွမ်း သံဃာတော် (၁၆၀ ) ကို လောင်းလှူခဲ့ပါသည်။သံသရာတွင်ပါမည့်အထုပ်တစ်ခုဟုယုံကြည်သည့်ကုသိုလ်ကို
ကျမတို့ဝန်ထမ်းများစုပေါင်းဆောင်ရွက်ကြကုန်သည်ဖြစ်ပါ၏။ နံနက်ဆွမ်းလောင်းပြီးသည်နှင့်အမျှပေးဝေခြင်း၊
ဆွမ်းလောင်းသည့်ထိုည(၇း၀၀)နာရီတွင် ပရိတ်တရားတော်နှင့်ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ခြင်း၊ဥပုတ်နေ့တွင်
ဓမ္မရုံ ( ပါရမီဆွမ်းလောင်းသင်း)၌ သီလခံယူဆောက်တည်ကြကာထိုညတွင်လည်း ပရိတ်တရားတော်နှင့်ဓမ္မစကြာကိုရွတ်ဖတ်ပူဇော်ခြင်းစသည်ဖြင့်ကုသိုလ်ဖြစ်သော
စိတ်ကိုအခြေခံ၍လူနတ်ဗြဟ္မာ တို့အားအမျှပေးဝေခြင်း၊သူတော်ကောင်းတို့မှပေးဝေသောကုသိုလ်အားလည်းမိမိမှသာဓုခေါ်ယူခြင်း
ဟူသည့်ကုသိုလ်တရားများကိုကြည်နူးစွာဖြင့်ဆောင်ရွက်ခဲ့ပါသည်။
ဓမ္မစကြာ ကို ရွတ်ဖတ်ပူဇော်ခါနီးတွင် ကျမ၏စိတ်အာရုံအမြင်၌ အောက်ပါအတိုင်းခံစားမိပါသည်-
သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွားဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌မာရ်ငါးပါးကိုအောင်မြင်တော်မူ၍ ဘုရားဖြစ်တော်မူသည်။ထိုနှစ်ဝါဆိုလပြည့်စနေနေ့ညချမ်းအရှေ့၌
လပြည့်ဝန်းကြီးတခြမ်းပေါ်ထွက်လာချိန် အနောက်၌ နေတခြမ်းဝင်ချိန် အခါဝယ် သားသမင်အပေါင်းတို့ကိုဘေးမဲ့ပေးရာဖြစ်သော မိဂဒါဝုန်တော၌ အတူသီတင်းသုံးခဲ့ဘူးသည့်အလုပ်အကျွေးပြုခဲ့ကြသူ ပဉ္စ၀ဂ္ဂီငါးဦးတို့အား “ဒွေမေ ဘိက္ခဝေအန္တာ” အစချီသော
ဓမ္မစကြာ တရားဦးကို စတင်ဟောကြားတော်မူခြင်းနှင့် ဓမ္မစကြာတရားဦးတွင် ပါ ၀င်သည့်
အရိယော၊ မြတ်သော။ အဠင်္ဂိကော၊အ၈င်္ါရှစ်ပါးနှင့်ပြည့်စုံသော။အယမေ၀မဂ္ဂေါ၊ ဤ မဂ်လျင်တည်း။
 ဣဒံ-မဂ္ဂင်္ဂံ၊ ဤ မဂ္ဂင်သည်သေယျထာ-ကတမံ၊ အဘယ်နည်း။
(၁)သမ္မာဒိဠိ=           ကောင်းစွာမြင်ခြင်း
(၂)သမ္မာသင်္ကပ္ပေါ = ကောင်းစွာ ကြံခြင်း
(၃)သမ္မာဝါစာ= ကောင်းစွာပြောဆိုခြင်း
(၄)သမ္မာကမ္မန္တော= ကောင်းစွာပြုခြင်း
(၅)သမ္မာအာဇီဝေါ= ကောင်းစွာအသက်မွေးခြင်း
(၆)သမ္မာဝါယာမော= ကောင်းစွာအားထုတ်ခြင်း
(၇)သမ္မာသတိ= ကောင်းစွာအောက်မေ့ခြင်း
(၈)သမ္မာသမာဓိ= ကောင်းစွာတည်ကြည်ခြင်း
ဣဒံ-ဓမ္မဇာတံ၊ဤရှစ်ပါေးသောသဘောတရားသည်  မဂ္ဂင်္ဂံ၊  မဂ္ဂင် မည်၏။ ဓမ္မစကြာတရားပါ အဆိုပါအချက်(၈)ချက်အတိုင်း ကောင်းသောအမြင်၊ကောင်းသောအကြံ၊ ကောင်းသောအပြောဆို၊ ကောင်းသောအပြုအမူ
ကောင်းသောအသက်မွေးမူ၊ကောင်းသောအားထုတ်မူ၊ စသည်ဖြင့်နေထိုင်ကြမယ်ဆိုရင် လူနှင့်လူ့ပတ်ဝန်းကျင်
တစ်ခုလုံးမေတ္တာထုံမွှန်းလို့စိတ်ရောကိုယ်ပါချမ်းသာကျန်းမာကြမှာဘဲလို့တွေးရင်း..မကြာမီရောက်ရှိတော့မယ့်
သီတင်းကျွတ်ရက်ကလေးကိုကြိုဆိုလိုက်ပါတယ်။
မေတ္တာရည်လျက်
မခင်မိုးညို