Thursday, October 31, 2013

လွန်မြေက်ခြင်းနဲ့အတူ




ဒီနေ့အောက်တိုဘာလရဲ့နောက်ဆုံးနေ့ဖြစ်တာမို့..မွေးလကိုလွန်မြောက်ခဲ့ပြီလို့
အမှတ်ထားလိုက်ပါတယ်။..ဒီလိုရေးလိုက်လို့..ဗေဒင်တွေ..ယြတြာတွေကြောင့်
အညံ့တွေရျိရင်ကျော်လွန်ပြီလို့အဓိပ္ပါယ်မသက်ရောက်စေချင်ပါဘူး..။.ဘယ်အချိန်ဘယ်ကာလမှာဖြစ်ဖြစ်ကောင်းမူကုသိုလ်တွေ.စိတ်ထားမြင့်မြတ်ခြင်းတွေ.ကိုဆောင်ရွက်
ရင်း၊ မိဘရဲ့ကျေးဇူးတရားတွေကို လေးလေးစားစားသိနားလည်ပြီးတော့ဒီလမှာ ကိုယ့်မိဘများရဲ့..သားသမီးအပေါ်စိုးရိမ်စိတ်တွေဘယ်လောက်ရှိခဲ့မလဲလို့..တွေးမိတဲ့အတွေး..အမှတ်တရားကိုပြောကြားလိုခြင်းဖြစ်ပါတယ်။
..ဒီလိုနဲ့ရာသီစက်ဝန်းလည်ပတ်ရင်း.အသက်တွေကြီးရင့်လာကြမယ်..ဆုံကြသူများရှိသလို..ရှင်ကွဲတွေ.သေကွဲတွေနဲ့ခွဲကြရ၊ ဝေးကြရမယ်။ ကိုယ်ကထားရစ်လို့
့နေခဲ့ရသူတွေ၊ကိုယ့်ကိုထားခဲ့နေခဲ့ရတဲ့သူတွေ....စသည်ဖြင့်ဘ၀ရဲ့နိယာမအတိုင်း
ရျင်သန်နေထိုင်ကြရတာဖြစ်ပါတယ်။
ပုထုဇဉ်ဆိုတော့.သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ၊ကံတွေကိုကျူးလွန်ကြမှာပါဘဲ..။
အသက်ရလာတော့..ဘ၀ရဲ့ကျင်လည်မူ၊ရုန်းကန်မူတွေနဲ့အတူ ကိုယ်ချင်းစာနာတတ်လာခြင်းတွေ၊ဂရုဏာစိတ်၊မုဒိတာစိတ်တွေနဲ့နေထိုင်တတ်လာ
ခြင်းတွေ..စသည်ဖြင့် မေတ္တာစိတ်အခြေခံလေးတွေကို..သိလာပါတယ်။
နောက်ပြီး နေထိုင်ဖို့နေရာ၊စားဖို့အစာ..စသည်ဖြင့်နေရထိုင်ရစားသောက်ရတိုင်း...
မိဘတွေရဲ့ကျေးဇူး.အနှိုင်းမဲ့တရားကို..ရိုသေမြတ်နိုးစွာနဲ့ပိုသိလာရပါတယ်။
ဘယ်အချိန်၊ဘယ်ကာလမဆို..ရက်ကလေးတရက်ကျော်ဖြတ်လိုက်တိုင်း..လကလေးတရက်ဖြတ်သန်းလိုက်တိုင်းနှစ်တနှစ်လွန်မြောက်လိုက်တိုင်း..အသက်တွေကြီးလာတာနဲ့အမျှ..အမိ၊မဖ ရဲ့ကျေးဇူးတွေ၊..ကျေးဇူးပြုသူတိုင်းရဲ့ကျေးဇူးတရားတွေကို ..အဖန်ဖန်အောက်မေ့ရင်း...ပြန်လည်ဆပ်ခွင့်ရသူ၊..သိတတ်သူဘ၀ရရှိပါစေလို့စိတ်မှ..အမှတ်တရ.ခံစားနေလိုက်ပါတယ်။
မိမိမှ ကျူးလွန်မိသောကံများရှိလျင်ခွင့်လွှတ်ပါ..ကျေအေးပါဟုဝန်ချတောင်းပန်ရင်းမွေးလအောက်တိုဘာကိုနှူတ်ဆက်လိုက်ပါတယ်။
မေတ္တာရည်လျက်
မခင်မိုးညို