..မြန်မာနိုင်ငံ၊မြန်မာလူမျိုးတို့တွင်.လပေါင်း(၁၂)လရှိ၍ ပွဲတော်နှင့်အလှူ သည်လည်း လအလိုက်(၁၂)လစလုံးရှိကြပါသည်။ ဆင်းရဲချမ်းသာမရွေးမြန်မာလူမျိုးတစ်ရပ်လုံးအလှူ ပွဲတော်ကို၊အင်တိုက်၊အားတိုက်ပါဝင်ဆောင်ရွက်ဆင်နွှဲကြကုန်သည်ဖြစ်၍၊အလွန်ချစ်ခင်နှစ်သက်မြတ်နိုးဖွယ်ရာရိုး
ရာဓလေ့ပိုင်ရှင်များဖြစ်ကြပါသည်။
နံနက်ခင်းအိပ်ယာမှထသည်နှင့်ဆောင်းရာသီ၏အငွေ့အသက်ကိုခံစားလိုက်ရသည်ဖြစ်ရာ၊နှင်းရည်ခိုသည့်
ခွ့ါညိုပန်းရနံ့ကို၎င်း၊ခ၀ဲပန်းရနံ့ကို၎င်း၊ဒီဇင်ဘာပန်းရနံ့ကို၎င်း၊ပြည်မြို့ရှိမေမေနှင့်ဖေဖေခြံကို၎င်း.သတိရလိုက်မိသည်။
ယခုအချိန်ဆိုလျင်၊ခြံထဲ၌ခွ့ါညိုပန်းများပွင့်နေရော့မည်။အိမ်အ၀င်ခြံစည်းရိုးအမိုး၌ ဆောင်တော်ကူးခေါ်
ဒီဇင်ဘာပန်းတို့ဖွေးဖွေးဆွတ်ပွင့်ကုန်ကြကာ၊သင်းပျံ့အေးကြည်သောရနံ့ကို ခြံတ၀င်းလုံးသို့ပေးဝေငှကုန်သည်ဖြစ်၍
လမ်းသွား၊လမ်းလာများမှ(မွှေးလိုက်တာ..မွှေးလိုက်တာ) ဟူ၍ချီးကျူးပြောသွားကြသည်ကို ကျမ တို့မိသားစုမှ
အလွန်ပီတိဖြစ်ပါသည်။
.အဆိုပါပန်းတို့ပွင့်ကြကုန်သောမိုးအကုန်ဆောင်းအကူး၊တန်ဆောင်မုန်းလရာသီတွင်ကထိန်သင်္ကန်းကပ်လှူ ကြရန်
နှင့်မသိုးသကင်္နးကပ်လှူ ကြရန် မြန်မာတို့သည်အထက်တွင်ဖေါ်ပြသကဲ့သို့အင်တိုက်၊အားတိုက်ပါဝင်ဆောင်ရွက်ဆင်နွှဲကြကုန်သည်ဖြစ်၍
အိုးစည်သံ၊ဗုံသံ၊၀ါးလက်ခုပ်သံတို့ဖြင့်ဆင်းရဲချမ်းသာမရွေးပျော်ကြ၊အော်ကြ။နွှဲလိုက်ကြဖြင့် မြင်ရသူ၊ကြားရသူတို့၏
ရင်ကို ကြည်နူးခြင်းဟူသောပေါင်းကူးတံတားသည်၊အလိုလိုဆိုက်ရောက်လာကြသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ည (၁၂)နာရီမကျော်မီစားရသည့်ဆေးပေါင်းခသည်ဟူသောမယ်ဇလီဖူးသုပ်သည်လည်း၊ဤလ၏ရာသီစာ.သဖွယ်ဖြစ်ပါသေးသည်။
ကိုယ့််လူမျိုးကိုယ့်ဓလေ့မို့၊ဆေးပေါင်းခသည်ဖြစ်စေ၊မခသည်ဖြစ်စေ၊ကြည်ကြည်နူးနူးစားဖြစ်ကြသည်။ထိုထက်ပို၍
ထူးခြားသည်မှာ ထိုည၏မဲဇလီဖူးသုပ်သည်အလွန်စား၍ကောင်းခြင်းဖြစ်ပါသည်။ရေနွေးကြမ်းပူပူလေးနှင့်
မြောက်ပြန်လေအေးမြမြနှင့်၊တချက်တချက်နှင်းရည်ပါသောလေနုအေးနှင့်မနီးသော၊မဝေးသော၊သိနိုင်သော၊မသိနိုင်သော
အရပ်ဆီမှ.လွမ်းငွေ့ဝေသော၊သီချင်းသံကိုမကြားတချက်ကြားတချက်နှင့်.စသည်ဖြင့်ထိုထိုသောကြောင်းချြင်း
ရာများကို..ပြန်လည်စဉ်းစားမိစဉ်..အိပ်မက်ပမာထင်မိ၏။သို့သော်အိပ်မက်မဟုတ်ပါ။
ကထိန်ပွဲသံစီစီညံညံကြားနေရသော်လဲ..ကျမဘ၀၏အရှင်သခင်မြတ်နိုးရာအမိသည်၎င်း၊အဖသည်၎င်း မရှိတော့ပြီ။ခ၀ဲ၊ခွါညို၊ပန်းတို့၏ရနံ့သည်လည်းဘယ်ဆီဘယ်မှာ...။အမိအဖစုံလင်စဉ်ဘ၀၌၊ကျမအလုပ်မလုပ်
ရသေးသဖြင့်မိသားစုစုံစုံလင်လင်ဖြင့်ကြည်နူးဖွယ်ကြုံဆုံခဲ့ရသောတန်ဆောင်မုန်းလပြည့်ညသည်...လပြည့်ညကိုတော့
ကြုံရပါ၏၊ စုံလင်သည့်မိသားစုက ဘယ်ဆီဘယ်နားမှာ..၊ဘ၀တွင်ညီမျှသောပေးဆပ်မူကို
လူတိုင်းပေးဆပ်ကြရသည်ဖြစ်၍၊ ပေးဆပ်မူတိုင်းကို၊နားလည်ခြင်း၊ခွင့်လွှတ်ခြင်း၊စာနာခြင်းဟူသည့်မွန်မြတ်သောစိတ်
ဖြင့်ကျေနပ်နိုင်ကြမည်ဆိုလျင်သူရောကိုယ်ပါ အလွန်အေးချမ်းကြမည်ဖြစ်ပါသည်။
ယခုလည်း ကျမ၏ဘ၀တွင် သောကရောက်ခိုက်ဖြေသိမ့်ပေးသူ၊အားငယ်ခိုက်နှစ်သိမ့်ပေးသူမရှိသော်ငြား
ဗုဒ္ဒ၏ဓမ္မကို နှလုံးသွင်းလျက်နေထိုင်တတ်လာသောအခါ သောကသည်၎င်း၊အားငယ်ခြင်းသည်၎င်း
ဘ၀ထဲမှထွက်သွားကြပြီးလျင်(၁၂)လရာသီပွဲတော်များတွင်လူအများကြည်နူးခြင်း၊ပျော်ရွှင်နေခြင်းများကိုမြင်ရသည်ခဏ၊
ကျမ၏စိတ်သည်လည်းကျေနပ်ကြည်နူးနေမိပါသည်။
မြန်မာနိုင်ငံ၊မြန်မာလူမျိုးတို့တွင်.လပေါင်း(၁၂)လရှိ၍ ပွဲတော်နှင့်အလှူ သည်လည်း လအလိုက်(၁၂)လစလုံးရှိကြပါသည်။ ဆင်းရဲချမ်းသာမရွေးမြန်မာလူမျိုးတစ်ရပ်လုံးအလှူ ပွဲတော်ကို၊အင်တိုက်၊အားတိုက်ပါဝင်ဆောင်ရွက်ဆင်နွှဲကြကုန်သည်ဖြစ်၍၊အလွန်ချစ်ခင်နှစ်သက်မြတ်နိုးဖွယ်ရာရိုး
ရာဓလေ့ပိုင်ရှင်များဖြစ်ကြပါသည်။
တစ်ဆယ့်နှစ်လရာသီ.၏ပွဲတော်နှင့်အတူ မြန်မာတို့၏ကြည်နူးသာယာသောစိတ်များထုံမွှမ်းရာ
သာစွမြန်မာဌာနီ..ကျမတို့၏မြေပေါ်တွင် ကျမကဲ့သို့ပင် ဘ၀များရှိနေကြပါက
နားလည်ခြင်း၊ခွင့်လွှတ်ခြင်း၊စာနာခြင်းဟူသည့်မွန်မြတ်သောစိတ်ဖြင့်ကြည်နူးကြပါစေ၊ပျော်ကြပါစေဟူသော
စေတနာအားများဖြင့်...မြန်မာတို့၏အိုးစည်သံဗုံသံများကို လက်ကမ်းကြိုဆိုလျက်နီးသည်ဖြစ်စေ၊ဝေးသည်ဖြစ်စေ...လာမည့်လပြည့်ညလေးအားကြိုဆိုနိုင်ကြပါစေဟု
တစ်ဆယ့်နှစ်လရာသီ.သာစွမြန်ဌာနီမှ..နှူတ်ခွန်းချွေ စကားခွန်းဆင့်အပ်ပါသည်။
မေတ္တာရည်လျက်
ခင်မိုးညို
၊