Tuesday, November 19, 2013

ဒါန၊သီလ စရဏအားနည်းခဲ့လျှင် ”

                                     ဒါန၊သီလ စရဏအားနည်းခဲ့လျှင် ”
                                       •••••••••••••••••••••••••••••••••

အပါယ်မည်သည် တကြိမ်ကျခဲ့လျှင် ဘဝအသင်္ချေ သွားတတ်ချေသည်။
ယခုဘဝ၌ ဒါနမှုနည်းပါး၍ ကာယကံ မလုံခြုံ၊၊ ဝစီကံ သောင်းကြမ်း၊ မနောကံ
ညစ်နွမ်း၍ စရဏတရား နည်းပါးသော သူတို့သည် သေသည့်အခြားမဲ့၌ အပါယ

ကျမှုအားကြီးလျက်ရှိနေကြကုန်၏။

အခန့်တော်၍ သုဂတိဘဝသို့ ရောက်ကြပါ ကုန်သော်လည်း ဒါနဟူသော စရဏတရား
နည်းပါးခဲ့သည့်အတွက် ဖြစ်လေရာဘုံဘဝ၌ ဓနဥစ္စာချို့တဲ့မှုနှင့် ကိုယ်မချမ်း စိတ်မချမ်း
အသက်မွေးကြမ်းတမ်းမှု အပါယ်လမ်းတမျိုး၊ နိစ္စသီလ ဥပေါသထသီလဟူသော စရစတရားနည်းပါးခဲ့သည့်အတွက် တွေပရှိသောသူတို့နှင့် ခိုက်ရန်ဒေါသဝိဝါဒကြီးပွား အနာရောဂါများပြားမှု အပါယ်လမ်းတမျိုး။
ဤသို့သော အပြစ်ဒေါသတို့သည် ဘဝတိုင်း တွေ့ကြုံ၍ အထုံဝါသနာ အစဉ်ပါသဖြင့် သုဂတိဘုံမှာများစွာဆက်လက်ခွင့်မရကြကုန်မူ၍ အပါယ်သို့သာ မကြာခင်ကျရောက်ကြလေကုန်ရာသောကြောင့် ဒါန-သီလ ဟူသော စရဏတရား နည်းပါးသောသူတို့သည် နောက်ဘုရားနှင့် တွေ့ကြုံရန် အခွင့်အလမ်းနည်းပါးလျက် ရှိကြလေကုန်သတည်း။

- လယ်တီဆရာတော်ဘုရားကြီးအရှင်ဥာဏဓဇ

   အထက်ပါဓမ္မဆုံးမစာကို ဆရာဟိန်းတင့်ဇော်ရဲ့...(Dhamma Web site )ကဖတ်ကြားခဲ့ခြင်းဖြစ်ပါတယ်။ ဓမ္မစာပေ၊ဓမ္မစကားတွေက်ုဖတ်၊တရားလဲနာရင်းနဲ့အလုပ်တွေကိုလဲ၊တာဝန်ကျေအောင်ဆောင်ရွက်နေပါတယ်။ခုလိုတရားတွေကိုတင်ပေးနေတဲ့စေတနာရှင်များကိုလဲအထူးကျေးဇူးတင်ရှိပါတယ်။
အထက်ပါဓမ္မစာကိုဖတ်လေ..ဖတ်လေ .....ဆောင်ရွက်ကျင့်သုံးရမဲ့အချက်တွေပိုသိရလေမို့ စိတ်ရဲ့အညစ်အကြေးတွေကို..အထပ်ထပ် လျှော်ဖွတ်မိလေပါဘဲ..။
နောက်ပြီးအဲဒီဓမ္မ..ဆိုက်ရဲ့ထိပ်မှာ( မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ) ဆိုတဲ့စာတမ်းကိုဖတ်လိုက်ရတော့...ဘ၀ရဲ့အနှစ်တွေကို အများကြီးစွမ်းစွမ်းတမံလုပ်ရအုံးမယ်ဆိုတဲ့အသိတရားလဲရရှိပါတယ်..။
ကျေးဇူးအနန္တနှင့်အတူ မေတ္တာရည်လျက် (မိဖရင်းမခြား.. မေမေနဲ့ဖေဖေကို ထိခြင်းငါးပါးနဲ့ကန်တော့ပါတယ်..)
ခင်မိုးညို