တို့များအရွယ်ငြောင်းခဲ့ရင်
ကျမ အဖွားကိုေ၇းေ၇းမျှသာမှတ်မိပါတယ်..။အဖိုးလည်းထိုနည်း၎င်းပါဘဲ..။ဒါကြောင့်
အဖိုးရေ..အဖွားရေ ..လို့သွေးသားရင်းတွေကိုခေါ်ခွင့်မရခဲ့ပါဘူး။
ထိုနည်းတူ အမေနဲ့အဖေကိုလည်း...အားပါးတရခေါ်ခွင့်မရခဲ့ပါဘူး။
ဒါကြောင့်အဖိုးအဖွားအရွယ်၊ အမိအဖအရွယ်တွေတွေ့ရင်...ခေါ်ရတာအမော..ကြည့်ရတာအမောပါဘဲ။
ဒါပေမဲ့ သက်ကြီးရွယ်အို ..နေ၀င်ချိန်အရွယ်တွေရဲ့ဘ၀နဲ့ ခံစားမူတွေကိုတော့ နှလုံးသားနဲ့ထပ်တူထပ်မျှ..သိနားလည်ခဲ့ပါတယ်။
ကျမတို့လည်း..အိုမင်းမစွမ်း..အရွယ်ကိုမုချရောက်ရမှာပါ..။ဒါပေမဲ့ကိုယ့်ကျန်းမာရေးအခြေအနေအရ၊ အိုပြီး မစွမ်းသာတဲ့အရွယ်ကိုတောင်ရောက်နိုင်ပါ့မလားလို့တွေးမိတယ်။
လာရာလမ်းကိုငေးမျှော်ကြည့်နေရတဲ့ဘ၀..၊..ဆာလောင်နေပေမဲ့၊သူတပါးထည့်
့ကျွေးမှ စားသောက်ရတဲ့ဘ၀၊..အသက်ကြီးရင့်လို့အေးစက်နေတဲ့လက်အစုံကို နွေးထွေးတဲ့လက်အစုံနဲ့ဆုပ်နယ်ပေးဘို့စောင့်စားနေရတဲ့ဘ၀..စသည်ဖြင့် လိုအပ်နေတဲ့မေတ္တာ၊စေတနာ၊အကြင်နာတွေကိုဘ၀ရဲ့နေ၀င်ချိန်ရောက်နေသူတိုင်း
တောင့်တနေကြရှာပါတယ်ဆိုတာကို မျက်ဝန်းမှတဆင့်..၊သိမြင်နိုင်မဲ့သူကို..မြှော်လင့်နေရတဲ့ဘ၀......ဘ၀..ဘ၀တွေအများကြီးပါဘဲ..။

ထိုနည်းတူ အမေနဲ့အဖေကိုလည်း...အားပါးတရခေါ်ခွင့်မရခဲ့ပါဘူး။..ဒါပေမဲ့ ဘ၀နဲ့ထပ်တူခံစားနိုင်ပါတယ်..။
တို့များအရွယ်ငြောင်းခဲ့ရင်
မေတ္တာရည်လျက်
ခင်မိုးညို