ဆန္ဒ
ရိုးရှင်းစွာနဲ့ပြောပါမယ်..။ကြိုးစားပြီးဒီစာကိုရေးလိုက်တယ်လို့..။
နေမကောင်းချိန်မှာ ဆေးသွင်းရာမှာလဲနာရီကိုဘဲဆရာဝန်ကပြောနေတယ်။ဆေးသောက်ချိန်မှာလဲ ဆရာဝန်ကနာရီကိုဘဲပြောနေတယ်။
ဆေးသွင်းမယ်..ဘယ်နှစ်နာရီ..ဆေးသောက်မယ်ဘယ်နှစ်နာရီ.....နာရီကိုဘဲပြောနေလို့(သေဘို့နာရီပေါင်း
ဘယ်လောက်လိုသေးလဲလို့) မေးခဲ့တယ်..။ဒါကြောင့် နာရီပုံလေးကိုတင်လိုက်တာပါဘဲ..။
ကျမ..ကုတင်ကနေပြီး နာရီကိုလှမ်းကြည့်နေမြဲ..။ဒေါက်တာနန္ဒမာလာတရားအရ..အချိန်ကိုတားထားလို့မရဘူး။အိုခြင်းနာခြင်းနဲ့
သေခြင်းတရားကိုလဲတားလို့မရဘူး။ ဆိုတာကိုနှလုံးသွင်းပြီးစိတ်ကိုအေးအောင်နေလိုက်တယ်။
အဲဒီအချိန်မှာ ကျမ ဆန္ဒတစ်ခုနှလုံးသားထဲရောက်လာပါတယ်။သေခြင်းမသေခြင်းထက်..လောကကောင်းကျိုါ်းဆောင်ရွက်
ချင်သေးတယ်ဆိုတဲ့ဆန္ဒပါဘဲ..။ကျမ တာဝန်မကျေသေးပါဘူး.။ကျမ အသက်ဒီထက်နေခွင့်ရချင်တယ်..။တန်ဖိုးတွေကို အဖိုးသိသိ ပြန်ပြီးပေးဆပ်ချင်သေးလို့ပါ..။
အနှိုင်းမဲ့မြတ်နိုးခြင်းနှင့်အဆုံးမဲ့မြတ်နိုးလျက်
မေတ္တာရည်လျက်
ခင်မိုးညို
ဆရာဟိန်းတင့်ဇော်၏ဓမ္မဘလော့မှ ။ဒေါက်တာနန္ဒမာလာတရားအားနာဟူပါသည်။ထို့အတွက်ကျေးဇူးတင်ရှိပါသည်။

