၂၀၁၃၏ စိန်တလုံးသရက်သီးစေ့လေးမှ.၂၀၁၄..နှစ်မှ
နောင်နှစ်များသို့တိုင်သရက်ပင်ကလေးများ
စိန်တစ်လုံးသရက်သီးတွေ
နေပြည်တော်မှာ တွေ့ရတော့.ြ့.မန်အောင် (သရက်ပင်ဈေးကျေးရွာ)မှာနေထိုင်တဲ့
မေမေနဲ့ဖေဖေ ကိုစားစေချင်တယ်။ရန်ကုန်မှာ ရှိတဲ့အကို့မိသားစု၊ပြည်မှာရှိတဲ့
အမမိသားစု ကိုလဲစားစေချင်တယ်။မွှေးပြီးအချို လေးတယ်။ဒါကြောင့်ကားဂိတ်ကနေတဆင့်
ပို့ခဲ့တယ်။ဒါကနိဒါန်းပိုင်းလေးဖြစ်ပါတယ်။
ခု စာကိုယ်ပိုင်းဆက်ပါပြီ။ သရက်သီးကိုမိသားစု(၃)နေရာပို့ဆောင်ပြီးတဲ့နောက်ဒီလိုဘဲနေလာခဲ့ပြီး၊(၂)ပတ်လောက်ကြာတော့.မြန်အောင်(သရက်ပင်ဈေးကျေးရွာ)မှာနေထိုင်တဲ့ မေမေနဲ့ဖေဖေနဲ့ဆီက၀မ်းသာကြည်နူးဖွယ်သတင်းရပါတယ်။ကျမပို့လိုက်တဲ့သရက်သီးရဲ့အစေ့ကအပင်ပေါက်နေပြီးတစေ့တည်းက(၅)ပင်ထွက်နေတယ်တဲ့။အဲဒီစကားလေးပါ။ခုဆိုရင် ( ၂ )ပေ လောက်ရောက်နေပြီတဲ့။ အမနဲ့အကိုဆီကတော့ ဘာမှပြန်ကြားချက်မရှိပါဘူး။မေမေတို့ဆီကသာတစေ့ထဲကဘယ်နှစ်ပင်ပေါက်ကြောင်း၊ခုဘယ်လောက်အမြင့်ရှိနေပြီဖြစ်ကြောင်းကြားသိရပါတယ်။စားစေချင်တဲ့စေတနာကတော့အတူတူဖြစ်ပြီးတုံ့ပြန်လာတဲ့စေတနာကတော့မတူဘူးဖြစ်နေပါတယ်။ဒီနေရာမှာ
တန်ဖိုးထားတာချင်းမတူတာတွေ့ရပါတယ်။သရက်သီးလေးဖြစ်ပေမဲ့စားစေချင်တဲ့စေတနာကို အသိအမှတ်ပြုတာချင်းမတူကြပါဘူး။
မေမေတို့ကတော့စားပြီးအစေ့လေးကို မျို
းအနေနဲ့တန်ဘိုးထားစိုက်ခဲ့တဲ့အတွက် နောင်မှာ ဒီသရက်ပင်လေးရဲ့အသီးနဲ့ အရိပ်ကို
ခံစားကြရအုံးမှာဖြစ်ပါတယ်။နောင်ကာလများမှာ
ဆက်ကာဆက်ကာမေမေတို့ကျမတို့မရှိတော့သည့်တိုင်...နောင်လာ၊နောင်သားများက
ဒီသရက်ပင်လေးရဲ့အကျိုး
းတရားတွေကိုခံစားကြရအုံးမှာပါဘဲ။ဆက်လက်ပြီးပြုစုစောင့်ရှောက်ကြရင်းပေါ့..။
သရက်ပင်လေးကို ဥပမာထားပြီးအခြားသောအကြောင်းတရားတွေလဲထိုနည်းနှင်နှင်ဖြစ်ပါတယ်။ လူ့ဘ၀ခရီးမှာ
ရေဆန်ကိုကြုံလိုက်၊ရေစုန်နဲ့တွေ့လိုက်၊
အေးမြတဲ့အရိပ်ကိုခိုလိုက်၊ပူလောင်တဲ့နေရာမှာရပ်တည်လိုက်၊
အေးမြတဲ့ဆောင်းနှင်းလေကိုရှူရှိုက်လိုက်၊မုန်းတိုင်းဆန်တဲ့မိုးသက်လေကို
ခံစားလိုက်..စသည်ဖြင့် အလွမ်းတွေ၊ကြည်နူးစရာတွေ၊ပျော်ရွှင်ဖွယ်တွေကို တွေ့ကြုံခံစားကြရတယ်..။ဒါဟာလဲ
နိယာမတရားဖြစ်ပါတယ်။ကိုယ့်ဘ၀ရဲ့အတွေ့အကြုံတွေကို ရင်းနှီးကျွမ်းဝင်ရင်း၊
သင်ခဏ်းစာယူရင်းနဲ့..
ကောင်းတာလေးတွေကိုပြောပြဝေငှမယ်။လက်ဆင့်ကမ်းမယ်၊တမိုးအောက်မှာအတူတူနေကြတဲ့သူတွေမို့မောင်ရင်းနှမရင်းမခြားချစ်ခင်လေးစားကြရမယ်။အထူးသဖြင့်(ကံ)တွေကိုခါးဝတ်ပုဆိုးကဲ့သို့မြဲခိုင်ဆောက်တည်ကြရမယ်။အကြောင်းနဲ့အကျို
းကို ဆီလျှော်စွာနဲ့သုံးသပ်သင်ပြပေးရင် ဘ၀နဲ့ရင်းပြီး၊အချိန်ကာလနဲ့ရင်းပြီး
သိရှိမူရဲ့သင်ပြမူတွေကိုတန်ဖိုးထားလိုက်နာကြရမယ်.။ပေးဆပ်သူရဲ့ စေတနာတွေကို
လက်ခံသူတွေ့ က နွေးထွေးစွာနဲ့စောင့်ထိန်းတတ်ကြရပါမယ်..။ သရက်ပင်လေးကိုကြည့်ပြီး
ခံစားမူတွေဆက်တိုက်နှလုံးသားထဲသို့.တိုင်.ထဲထဲဝင်ဝင်ရောက်ရှိလာပါတော့တယ်။
သရက်သီးလေးကငွေကြေးအားဖြင့်မပြောပလောက်ပါဘူး။။စေတနာကသာတန်ဖိုးမဖြတ်နိုင်တာကို လူသားတိုင်းသိစေချင်မိတယ်။။
လောကကြီးမှာ အဖိုးမဖြတ်နိုင်တဲ့မေတ္တာ၊စေတနာ၊ဂရုဏာတွေကို အချင်းချင်းမျှဝေသိနေကြရင်
လူနဲ့လူ့ပတ်ဝန်းကျင်မှာ ဘယ်လောက်လှပြီး၊ဘယ်လောက်အေးချမ်းသုခ
ရှိနေလိမ့်မလဲ..။စာကိုယ်လေးပြီးသွားပြီးတဲ့နောက် နိဂုံးပိုင်းလေးရေးပါမယ်..။
ကျမ ဘ၀မှာ လေးစားရတဲ့သူတွေ
၊တန်ဖိုးထားရမဲ့သူတွေရှိပါတယ်။အဲဒီလူတွေမှာချမ်းသာတဲ့ဓနဂုဏ်ရှိချင်မှရှိမယ်။
အတန်းပညာရှိချင်မှရှိမယ်..။ဒါပေမဲ့
သူတို့တတွေမှာစေတနာ၊မွန်မြတ်တဲ့မေတ္တာ၊နွေးထွေးတဲ့ချစ်ခင်မူတွေကို
ပိုင်ဆိုင်ထားကြတယ်။
လောကကို သူတို့နိုင်စွမ်းနိုင်သလောက်နဲ့အကျိုးးပြုနေကြတယ်။
နေရောင်ပမာ လရောင်ပမာ ကျမရဲ့နှလုံးသားကိုရဲရင့်စေပြီး အေးမြစေခဲ့ကြတယ်..။သူတို့နဲ့စကားပြောပြီးတဲ့အချိန်တိုင်းမှာ
ခွန်အားတွေပျော်ဝင်စီးဆင်းလာတယ်..။ ဘ၀တွေမှာ
တန်းဖိုးကိုမြင်နိုင်အောင်ကြည့်တတ်ပြီးသိရှိခံစားတတ်ကြရမယ်ဆိုတဲ့အတွေးကြောင့်
အဖိုးမရှိလှတဲ့
စိန်တလုံးသရက်သီးဖြစ်သော်ငြားလဲ..လက်ခံသူရဲ့ပြုစုမူကြောင့်နောင်နှစ်များစွာ တိုင်
ကောင်းကျိုးတွေဖြစ်ပေါ်စေအုံးတော့မယ်...လို့တွေးပြီး..မေမေနဲ့ဖေဖေမိသားစုကို
..အဝေးကလွမ်းရင်းနဲ့ ကန်တော့လိုက်ပါတယ်..။
အနှို င်းမဲ့မေတ္တာနှင့် အဆုံးမဲ့ မြတ်နိုးခြင်းဖြင့်
မေတ္တာရည်လျက်
ခင်မိုးညို


