Tuesday, January 7, 2014

ဆောင်ရွက်ခြင်းအတူတူ

                                                  


 ဆောင်ရွက်ခြင်းအတူတူ
ကျမသည်ထားဝယ်သူဖြစ်ပါသည်။အမိသည်တပြည်သူမရွှေထားအရင်းခံ
 ပြည်သူဖြစ်၍ အဖသည် ဧရာဝတီတိုင်း၏ လေးမျက်နှာဇာတိဖြစ်ပါသည်။ 
မည်သို့သောအကြောင်းရင်းခံရှိပါစေ..ထားဝယ်တွင်နေရသောကာလ၊ငယ်စဉ်ဘ၀ကို ကျမ ဘ၀တစ်သက်တာ၏အကြည်နူးဆုံးကာလဟုတင်စားထားပါသည်။ထားဝယ်မြို့မှ.ဟိန္ဒားမိုင်းအမည်ရှိမြို့ငယ်လေးသို့
သွားရာလမ်းတစ်လျှောက်တွင်တောင်သုံးလုံး၊ပကာရီ၊သက်င်္န်းဒုန် မြို့ငယ်များသို့ဖြတ်သွားရာတစ်လျှောက်တွင်မြင်ရသော
ရှူ့ခင်းအများစုသည်စိတ်နှလုံးသားကိုကြည်လင်လန်းဆန်းစေလျက်၊မျက်စိပသာဒကိုဖြစ်စေ၏။
                   တောင်သုံးထပ်လမ်းသည်လွန်စွာမှပင်မတ်စောက်စေသော်လည်း၊တောင်ခြေအောက်မှပေါက်နေသောသဘာဝ
သစ်ပင်တို့သည်ဖြောက်တန်းညီညာကာ၊မြင်ရသူများအဖို့အံ့ဖွယ်ဖြစ်စေ၏။သို့သော်ကြောက်ရွံ့စိတ်ကိုမဖြစ်ပေါ်
စေခြင်းသည်ကပင်လျင်..စိတ်၏ကြည်နူးမူ့ကိုပေးအပ်သောအကြောင်းတရားဖြစ်ပါသည်။
    ဟိန္ဒားမိုင်းကို အထက်ဟိန္ဒားနှင့် အောက်ဟိန္ဒားဟူ၍ခွဲထားသည်။အထက်နှင့်အောက်ကို
 မောင်းမကန်ကန်းခြေစာမျှအရှည်ရှိသောသဲသောင်ပြင်ကခြားထားသည်။မိုးတွင်းတွင်ဒူးတ၀က်စာမျှရေစီးကြောင်းရှိ၏
ရေစီးကြောင်းသဘောအရ ကျောက်ဆိုင်ကျောက်တုံးများနှင့်ဟိုတစ၊သည်တစ၊မဝေးမနီးတွင်ကျောင်ဆိုင်မှားရှိကြ၏။
အထက်ဟိန္ဒားသို့သွားတိုင်းကားပေးမှတမင်ဆင်းကာကျောက်တုံးများအပေါ်ပြေးတက်ဆော့ကစားဖြစ်သည်။
အလည်ခေါင်ကျကျတွင်သုံးပေခန့်အမြင့်ကားသွားလမ်းဖေါက်ထားသည်။
အဖေသည်ခြံစိုက်အလွန်ဝါသနာပါသည့်အတွက် အထက်ဟိန္ဒားတွင် တောင်စောင်းတနေရာ၌ ဧက၀က်မရှိတရှိခြံဝယ်ကာ၊ရဲဘော်များနှင့်အတူ လှေးခါးထစ်ဖေါက်၍ ကြခတ်ဝါးများဖြင့်ခြံစည်းရိုးခတ်ကာ ၀က်မလွတ်ငှက်ပျောပင်များအပင်(၁၀၀)မျှစိုက်၏။တောင်စောင်းတလျှောက်ရေပိုက်သွယ်ကာရာသီသီးနှံပင်များစိုက်ထားသညိ။
      
ခြံစည်းရိုးအတွင်းဘက်မှ နွယ်၍တက်သောနှင်းဆီများနှင့်စပယ်ပင်များကိုစိုက်ထားသည့်အတွက် လူတော်တော်များများမှ.မျက်စိကျနေခြင်းကိုခံရပြီးလျင်ခြံထဲသိုအလည်လာလိုသူများကလည်းအနတဂ္ဂမပင်..။
 မာလကာသီးအူဖြူ၊အူနီနှင့် မွှန်းရှင်သီး(မာလကာချဉ်သီး)ပင်များမှာလည်းတောင်အထစ်တိုင်းတွင်လည်းကောင်း၊အိမ်ဝန်းကျင်တွင်လည်းကောင်း
ပေါများလှသဖြင့်အသီးသီးချိန်တွင်မာလကာနံ့၏မွှေး၍ရင်ကိုအေးစေ၏။
 ကျမတို့အိမ်မှာနှစ်ထပ်အိမ်ပျဉ်ထောင်ဖြစ်ပြီးပတ်ပတ်လည်ဝရံတာလမ်းရှိသဖြင့်မိုးရွာလျင်မေမေသည်အိမ်ပေါ်၌
လမ်းလျှောက်ဖြစ်သည်။ပူစီနံနှင့်ဇီယာပင် ၀ါးပင်ပေါက်များကိုအလှအိုးတွင်ထညှ်ုစိုက်ပြီးသစ်သားတွင်ထည့်၍ရံတာပတ်ပတ်လည်တွင်ချိတ်ထားသည်။
    ကျမမြတ်နိုးသောထားဝယ်အိမ်တွင် သဘောအကျဆုံးမှာ စာကြည့်ခန်းဖြစ်ပါသည်။
မိသားစုတစ်စုလုံးစာဖတ်ဝါသနာပါသည့်အလျှောက်၊မိမိဖတ်ခဲ့ပြီးသောစာရေးဆရာအကြောင်း၊ရည်ရွယ်ချက်
(စာရေးသူ) စာဖတ်သူ၏ရည်ရွယ်ချက်တို့ကို  တနင်္ဂနေ့ညတိုင်းမိသားစုအားအလှည့်ကျပြောပြ၊ရှင်းပြကြရပါသည်။
ထိုကြည်နူးဖွယ်ကောင်းသောဘ၀တွင်..မည့်သည့်အချိန်တွင်မျှမေ့မရနိုင်သောဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါသည်။
ထိုနေ့တနင်္ဂနွေနေ့ဖြစ်သဖြင့် ဖတ်ထားသောစာအကြောင်းကိုရှင်းပြဆွေးနွေးရမည်ဖြစ်ပါသည်။
သို့သော်ကျမ စာမဖတ်ဖြစ်ခဲ့ပါ။။သို့သေိာဖတ်ဖြစ်မည့်စာထက်လေးနက်သောရင်နာဖွယ်လည်းဖြစ်နိုင်သော
အဖြစ်တစ်ခု ကြုံတွေ့ခဲ့ရခြင်းကြောင့်ဖြစ်ပါသည်။
  ထိုနေ့က ကျမနှင့် တပ်ကြပ်၏အမျိုးးသမီးသာအိမ်တွင်ရှိသည်။အိမိခန်းဆီးများတပ်နေစဉ် ငှက်ပျောသီးပေါင်းသည်ရောက်လာသည်။နှင်းဆီပန်းသုံးခက်လောက်လိုချင်သည်ပြော၍၊ပန်းညှပ်ရန်ကပ်ကြေး
အိမ်ပေါ်တက်ယူပြီး( ၁၀ )ပွင့်မျှပေးလိုက်သည်။ထိုနောက်ထိုအမျိုး သမီးပြန်သွားပြီးသည်နောက် ငွေကြေးအသင့်အတင့်ပြေလည်သောလောင်းလုံမှအသိတစ်ယောက်ရောက်လာသည်။
ထိုအမျိုး သမီးက ဆူးပုတ်ရွက်အနည်းပေးပါရန်တောင်းသဖြင့်ကျမကိုယ်တိုင်ခူးပေးလိုက်သည်။ထိုသူမကိုမူ
ဧည်းခန်းတွင် အအေးတိုက်ကာနေရစ်စေခဲ့သည်။ထိုနေရာတွင်ဘာမှပြဿ      နာမဖြစ်သေးပါ။ ညဘက်ထမင်းစားပြီးချိန်တွင်မှ၊မေမေက ကျမအား သမီး မေမေ့ခြင်းထဲက ပိတ်စထုပ်သိမ်းထားလားဟုမေးသောအခါတွင်မှပြဿ      နာစတည်ပါတော့သည်။ 
နောက်ဆုံး မေမေနှင့်မမက မုံ့သည်အားဟူသွားသည်ထင်ပြီး ကျမအားဝင်းတံခါးဖွင့်ထားရကောင်းလားဟူ၍ဆူကြသောအခါ၊ ကျမစိတ်တွင် ထိုမုံ့သည်အားလုံးဝမထင်ပါ။
သူ့အမြင်အကြည့်သည်စိတ်တွင်ရှင်းနေသည်ဟုခံစားမိသည်။သို့သော် ထိုမုံ့သည်ကိုသာထင်ကြသည့်စိတ်အရင်းခံဖြင့်အချိန်ကုန်လွန်လာပြီးသည်နောက်၊တနေ့တွင် ထိုနေ့ကလာသောဧည့်သည်အမျိုးသမီး၏သမီးကိုယ်တွင် မေမေပျာက်သွားသောပိတ်စဖြင့်ချူပ် ပီးဝတ်ထားသည်ကိုမြင်ကြရပါသည်။
ထိုအစကိုမေမေကကိုယ်တွယ်ကြည့်ပြီးလိုက်လျင် အံ့အားသင့်ဖွယ် သက်သေကိုတွေ့လိုက်ရ၏။ အစသည်မေမေ့အား လက်ဆောင်ပေးသူကမေမေ့နာမည်ဖြင့်ယက်၍တတ်ထားသည်ဖြစ်ရာညှပ်သည့်အပိုင်းတွင်ပါမသွားဘဲ
လက်မောင်းအစတွင် ထိုစာကိုတွေ့လိုက်ရပါတော့သည်။
  ထိုနေ့ကမှစ၍ကျမ၏စိတ်သည်ပိုပြီးမကောင်းခြင်းကြီးစွာခံစားလို့ရပါသည်။မရှိခိုးနိုး၊မလှစုန်းမျိုး ဟုထင်သည့်သဘောပင်မဟုတ်ပါလော။
     ဆင်းရဲသော်လည်းဘ၀ကိုရိုးသားစွာရုန်းကန်နေကြရသောသူတို့အားထင်ရက်နိုင်ကြသောသူများကိုလည်းအံ့
သြမိပါသည်။ ထိုနေ့က အလိုရှိသောသူနှစ်ဦးအား စေတနာအမှန်ဖြင့်ဆောင်ရွက်ပေးခဲ့ခြင်းအတူတူ...
ရိုးသားရှာသောသူအတွက် အထင်မှားနိုင်ရက်ကြသောသူများသည်..နောင်တွင် သတိတရားလေးဖြင့်ပြောဆိုပြုမူနိုင်ပါစေဟု..
မေတ္တာရည်လျက်
ခင်မိုးညို