Wednesday, January 15, 2014

အမေ




အဲဒီအပြုံးဟာ  .. သံဝေဂ
အဲဒီအပြုံးဟာ.... ဓမ္မ
အဲဒီအပြုံးဟာ.... အသံမဲ့ဂီတ
အဲဒီအပြုံးဟာ.... စုတ်ချက်မဲ့
ဆေးရောင်မဲ့ ပန်းချီကား
အဲဒီ အပြုံးဟာ သူ့မိခင်ကြီးကော သူပါ နက်နက်နဲနဲ ခံစားလိုက်တဲ့ ကဗျာ...
ဦးစွာ ဒီစာစဉ်ကိုတင်ပေးလိုက်တဲ့ .. ဆရာဟိန်းတင့်ဇော်..ကိုကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။
တင်ပြထားတဲ့ဓါတ်ပုံကိုလဲ ကျမနှစ်သက်လို့ ဝေငှဘူးပါတယ်။ ဒီလို အမိနဲ့အဖပေါင်းများစွာ   ရှိနေပါတယ်။
ကျမ စိတ်ရင်းမှာ မိဘကို အသက်နဲ့ထပ်တူကျမလေးစားတယ်။မြတ်နိုးတယ်၊ ကြည်ညိုတယ်။နံပါတ်(၁)ဦးစားပေးပြပါဆိုရင် မိဘဖြစ်ပါတယ်။
ကောင်းပြီဒုတိယဦးစားပေးပြောပါအုံးဆိုရင်လဲ မိဘပါဘဲ..။မိဘအကြောင်းပြောရင်..ရင်ထဲကလှိုက်ပြီးတချက်တချက်မှာအသားတွေတောင်အေးစက်သွားပါတယ်။ သူငယ်ချင်းတွေအိမ်သွားရင်..သူငယ်ချင်းရဲ့မိဘနဲ့ဘဲ ခင်မင်သွားပြီးတော့သူငယ်ချင်းကအပြင်မှာရုပ်ရှင်ကြည့်၊အလှပြင်ဆိုင်သွား၊အလှကုန်ပစ္စည်းတွေဝယ်နဲ့ အချိန်တွေကို အဲဒီလိုအသုံးပြုနေချိန်မှာ..ကျမ ကသူ့အိမ်ကိုရောက်နေပြီး..သူ့အမေကို ပြုစုနေခဲ့ဖြစ်တယ်။စကားတွေပြောပေးနေခဲ့တယ်..ကျမကို ဘဲစောင့်နေတဲ့အဖြစ်ကိုတောင်ရောက်ရှိခဲ့ပါတယ်။အဲဒီအမေက..နွမ်းနွမ်းလေးနဲ့ဝတ်စားနေရချိန်မှာ ..သူငယ်ချင်းက နှစ်သောင်းတန်အောက်မရောက်တဲ့အကျီ်တွေဝတ်စားပြီး..အထင်ကြီးအောင်နေထိုင်လေရဲ့..။ကျမကိုယ်တိုင်သူငယ်ချင်းကို စကားမပြောချင်တဲ့စိတ်ခံစားလာရပါတယ်။သူငယ်ချင်းအမေဆုံးတော့ ကျမရဲ့ ရင်ခွင်ထဲမှာ..။
မိဘနေရာလေးကခံစားကြည့်ပါအုံး..။ဒီလိုသားသမီးတွေကိုမွေးထုတ်လိုက်တဲ့မိဘရဲ့ဘ၀ကို …စာနာစိတ်လေးထားကြည့်လိုက်ရင်
ညဘက်မှာ..အိပ်မပျော်နိုင်ဘဲ..တစ်ယောက်ထဲ မျက်ရည်ကျနေခဲ့မိတယ်။ မိဘတွေရဲ့ကံကလဲပါတယ်လို့ပြောပါမယ်..။အဲဒီမိဘတွေကိုယ်တိုင်
သူတို့ရဲ့မိဘကို..ဘယ်လိုများဆက်ဆံခဲ့လဲလို့လဲတွေးနေမိပါတယ်။
မိဘနဲ့သားသမီးမှာ….
(၁ )  ပိုက်ဆံပေးပြီးမပြုစုသူ..။
( ၂ )  ပိုက်ဆံလဲမထောက်ပံ့၊ပြုစုမူလဲမရှိတဲ့သူ..။
(၃ )  မိဘကို လူပုံအလယ်မချပြရဲဘဲ…အခြားသူတွေအပေါ်ကောင်းဟန်ဆောင်သူ..။
( ၄ ) မိဘကို အိမ်စောင့်၊ကြက်နှင်သဘောမျှသာထားရှိပြီး…မိဘကိုငြိုငြင်သူ..။
( ၅ )မိဘအပေါ်ရိုသေပြီး၊ပြုစုမူလဲရှိ၊ကျွေးမွေးထောက်ပံ့ခြင်းရှိသူ၊
   လို့ ခွဲခြမ်းစိတ်ဖြာပြီးဖေါ်ပြပါတယ်။..တကယ်တော့ သားသမီးတွေအနေနဲ့ ကိုယ့်မိဘ ဘယ်လိုအခြေနေမှာရှိရှိ..နောက်ဆုံးမိခင်သည်
ပြည့်တန်ဆာပင်ဖြစ်နေပါစေ..အဖသည်ဒါးပြ ပင်ဖြစ်နေပါစေ….ဘ၀နဲ့ရင်းပြီးကျွေးမွေးတဲ့မိဘကို ကိုယ့်ဘက်ကစေတနာအပြည့်နဲ့
ပြုစုထောက်ပံ့ကူညီရပါမယ်။မိဘမရှိတော့တဲ့သူတွေအတွက် အခြားသောသက်ကြီးရွယ်အိုတွေကိုကိုယ့်မိဖကဲ့သို့သဘောထားပြီးမေတ္တာတွေပေးအပ်ရပါမယ်။
ကျမဘ၀က်ုပြန်ပြီးပြောရရင်..မိဘမရှိတော့ပါဘူး။ဒါပေမဲ့မိဘတွေကျမမှာရှိပါတယ်..။အားလုံးသောသူတွေဟာကျမရဲ့မိဘဖြစ်ပါတယ်။
ကျမရုန်းကန်နေသမျှရရှိလာတဲ့အကျိုးတရားတွေအားလုံးမိတွေအတွက်ဖြစ်ပါတယ်။မေတ္တာငံ့လင့်သူကိုမေတ္တာပေးပြီး
ရိုသေစာနာမြတ်နိုးစိတ်နဲ့ပေးဆပ်သွားမယ်..။အဲဒီစိတ်ကလေးသည်….ဘုရားကိုကြည်ညိုတဲ့စိတ်၊ရိုသေတဲ့စိတ်နဲ့တပြေးညီဖြစ်ပါတယ်လို့မှတ်ယူထားပြီးဖြစ်ပါတယ်..။
မိဘလက်ဝယ်ရှိသူတွေပြုစုခွင့်ရှိနေလို့…အလွန်ကံကောင်းပါတယ်ရှင်…တန်ဖိုးအရှိဆုံးအဖိုးမဖြတ်နိုင်တဲ့ရတနာကိုပိုင်ဆိုင်ထားကြတာပါ..။
မိုးကောင်းကင်လိုအားကိုးပြီးတင်စားပါတဲ့အဖ..မြေကြီးလိုသီးခံခြင်းတွေအနစ်နာခံခြင်းတွေနဲ့တင်စားပါတဲ့အမိ..။
နေမင်းကဲ့သို့သတ္တိတွေကိုစွမ်းဆောင်ပေးတဲ့အဖ..လရောင်ကဲ့သို့ရင်ကိုအေးမြစေတဲ့အမိ..၊
လောကကြီးရဲ့လူသားအားလုံးအတွက်ညီမျှတဲ့အကြောင်းတရားတွေနဲ့အကျိုးတရားများကိုဖြစ်စေတဲ့မိုးကောင်းကင်နဲ့
မြေပြင်၊နေမင်း နဲ့လမင်းတို့လို အမိနဲ့အဖရဲ့မေတ္တာတွေကို..သိနိုင်ကြစေဘို့နဲ့ သိတဲ့အတိုင်းဘ၀တလှဲ့အပြောင်းမှာသားသမီးတွေရဲ့
မေတ္တာတရားတွေသည်လဲ….မိဖများရဲ့နှလုံးသားကို အေးမြစေခြင်းငှါ..၊  ကြည်နူးနိုင်စေခြင်းငှါ.စွမ်းဆောင်နိုင်ကြပါစေဟုမေတ္တာရည်လျက်ဆုတောင်းအပ်ပါသည်။
မြန်အောင်မြို့၊သရက်ပင်ဈေးရွာမှမေမေနှင့်ဖေဖေအားကန်တော့ကြည်ညိုပါသည်။ထိုနည်းတူစွာ
ဆရာဟိန်းတင့်ဇော် အားဤစာစဉ်ဖြင့်ကန်တော့အပ်ပါသည်။
မေတ္တာရည်လျက်
ခင်မိုးညို