လူကောင်း၊သူကောင်း
နေ့စဉ်နံနက်ခင်းကြားနေကျအသံ...
ပဲပြုတ်အီကြာကွေး............................................။
စနေတနင်္ဂနွေနေ့..ကြားနေကျအသံ...
အုန်းနို့ခေါက်ဆွဲ၊မုံ့ဟင်းခါး..............................................။
ပဲပြုတ်အီကြာကွေး.ရောင်းသောသူသည် ပလပ်စတစ်ခြင်းတောင်းထဲ၌ ပလပ်စတစ်အိတ်တစ်ခုစီတွင်
ပဲပြုတ်နှင့်အီကြာကွေးကိုတစ်ထုပ်စီထည့်ကာ၊တိုက်ခန်းစေ့ကြားအောင်အော်၍ရောင်းသည်ကိုသတိထားမိသည်။
အုန်းနို့ခေါက်ဆွဲ၊မုံ့ဟင်းခါး. ရောင်းသူသည်ဂျို င့်ကြီးနှစ်လုံးကိုတဖက်တချက်စီဆွဲလျက်၊ မုံ့ဖတ်ပါသောခြင်းတောင်းကိုဂျို င့်တစ်ခုစီတွင်အလှည့်ကျချိတ်ဆွဲကာ၊ တိုက်၏မြေညီထပ်မှ အပေါ်ထပ်သို့မော်၍ကြည့်ကာ၊( အုန်းနို့ခေါက်ဆွဲ၊မုံ့ဟင်းခါး ) ဟုဝယ်သူအားမြှော်လင့်တကြီးဖြင့်ဖွေရှာကြည့်လျက် ၊အော်ကာရောင်းသည်ကိုသတိထားမိ၏။
တခါတရံတွင် ( ပဲခေါက်ဆွဲ )ဟု အော်လိုက်ပါသေးသည်။
အဆိုပါဈေးရောင်းသူ၏အသံကို နံနက် ( ၆း၀၀ )နာရီဆိုလျင် ကြားရစမြဲဖြစ်ပါသည်။
ကိုယ်ကိုယ်တိုင်မ၀ယ်စားဖြစ်ပါ။စားလေ့စားထမရှိသည့်အပြင်ကိုယ်တိုင်ချက်စားသည့်အနေအထားဖြစ်ပါသည်။သို့သော်ကောင်းရောင်း ၊ကောင်းဝယ်လုပ်ကိုင်စားသောက်နေသူကို..ကိုယ့်လူမျိုးအချင်းချင်းအားပေးသည့်သဘောဖြင့်ဝယ်ဖြစ်ပါသည်။
ဘုရားဝတ်ပြုအပြီးကြားနေကျ ( ပဲပြုတ်အီကြာကွေး)ရောင်းသည့်အသံကိုမကြားရသဖြင့်( ၃ ) ရက်မျှအကြာတွင်အုန်းနို့ခေါက်ဆွဲ၊မုံ့ဟင်းခါးရောင်းသူအားမေးမြန်းကြည့်ရာ၊ပဲပြုတ်ရောင်းသူမှာမူလတန်း
ကျောင်းဆရာဖြစ်ပြီး ကျောင်းဖွင့်၍ သူ့ရွာသို့ပြန်သွားပြီဖြစ်ကြောင်း နှင့် မြန်မာတို့၏ချစ်စရာကောင်းသည့်စရိုက်တမျိုးဖြစ်သည့်အဆိုပါပဲပြုတ်သည်၏အကြောင်းကို မမေးဘဲနှင့်ပင်စေ့စေ့ငှငှသိခဲ့ရပါသည်။
ပဲပြုတ်အီကြာကွေးေ ရာင်းသူသည် မူလတန်းဆရာဖြစ်ပြီးမျက်စိမမြင်သည့်မိခင်မုဆိုးမကိုပြုစုစောင့်ရှောက်ကာ။ယခု အမိ၏မျက်စိခွဲစိပ်ရန်အတွက်ဈေးရောင်းလျက်ငွေရှာနေခြင်းဖြစ်ကြောင်းကြားသိလိုက်ရပါသည်။
ယခုဆိုလျှင် နွေထနောင်း၊ ဆောင်းမန်ကျီးဆိုသည့် အညာမြေစကားအရ၊ထနောင်းနှင့်မန်ကျီးပင်၏အရိပ်ကောင်းအောက်တွင်တည်ရှိသော၊တည်ရှိသော၊မခန့်ငြား
မသိုက်ဝန်းသည့်ထရံကာ၊သွပ်မိုးကျောင်း.၊နိမ့်နိမ့်လေးအောက်တွင်၊ သူသည်အားပါးတရစာသင်နေရော့မည်။
မျက်စိခွဲစိပ်ရန်အတွက်နွေကျောင်းပိတ်ရက်တွင်ကျိုးစားရှာဖွေခဲ့သောငွေစငွေနလေးဖြင့်အမိ၏မျက်စိခွဲစိပ်ရန်အတွက်
လည်းကြိုးစားရှာနေဦးရော့မည်။
နံနက်ခင်းတတိုက်တက်တတိုက်ဆင်း၊တခန်းဝင်တခန်းထွက် ဖြင့်ဈေးရောင်းရရှာသောငွေစငွေနလေးနှင့်
မိခင်ဘ၀မျက်စိအလင်းရရှိစေရန်အတွက်ကြိုးစားနေသောသူမျိုး ဤလောက၊ ထိုထိုဘ၀မျိုးတွင် ဤသို့သောသူမျိုးရှိပါသေးတကားဟုတွေးမိလျက် ပီတိဖြစ်မိ၏။
ထိုသူ၏ဂုဏ်သည် နွေဦးရာသီတွင်ပွင့်သောပန်းပေါင်းစုံ၏ရနံ့ကဲ့သို့ လောက၌ မွှေးကြိုင်သင်းပျံ့  နှံ့စပ်လျက် ရှိပေဦးတော့မည်။
မေတ္တာရည်လျက်
ခင်မိုးညို