Tuesday, February 18, 2014

အသက်ရှူ ခွင့်


  
                                             အသက်ရှူ ခွင့်
အသက်အပိုင်းအခြားအလိုက်သော်၎င်း၊
ဖြတ်သန်းရသည့်ဘ၀ခရီးအနေအထားအရသော်၎င်း၊
စာပေဖတ်ရှူ့ မှတ်သားခြင်းအရသော်၎င်း၊
လေးစားသင့်သည့်သူများ၏စိတ်ကိုအတုယူခြင်းဖြင့်သော်၎င်း၊
  ဘ၀ ကို ပို၍ ပို၍ နားလည်လာဖြစ်သည်။ ဥပမာတစ်ခုအနေဖြင့်တင်ပြရပါလျင်( လပြည့်ည၏လ၀န်းကိုကြည့်၍ သတိရမိကြောင်းပြောပြဖြစ်ချိန်၌ တဖက်သူမှ လကိုကြည့်၍သတိရတာလားဟုပြန်ပြီးမေးခဲ့ဘူးပါသည်။)
ထိုစဉ်က မိမိမှတဖက်လူ၏မေးခွန်းကိုနားမလည်ခဲ့ပါ။
ယခုကာလတွင်...လကိုမြင်သည်ဖြစ်စေ၊မမြင်သည်ဖြစ်စေ..အစဉ်သတိရခြင်းဖြစ်ကြောင်းနားလည်ခဲ့ပြီ။
သတိရခြင်းတွင်...လနှင့်လည်းမဆိုင်။။ဘာဆိုဘာနှင့်မျှ မဆိုင်ဘဲ...သတိရခြင်းသည်သာလျင်..သတိရခြင်းဖြစ်ပါသည်။
မိမိအနားတွင်မရှိသော်လည်း...ရှိနေသကဲ့သို့၊
မပြောသော်လည်းပြောနေသကဲ့သို့..မြင်နေရ၏။ကြားနေရ၏။
လှမ်းနေသော်လည်းမလှမ်းပါ။မြစ်ချောင်းအင်းအိုင်မှရေတို့သည်ပင်လယ်သမုဒ္ဒရာတွင်ပေါင်းစည်းကြသကဲ့သို့
ဝေးနေသော်လည်းမဝေးသကဲ့သို့တနေရာတွင်ပေါင်းစည်းလျက်ရှိပါသည်။
ထိုနေရာသည်..မေတ္တာ..ဟူသောပင်လယ်သမုဒ္ဒရာသာလျင်ဖြစ်ပါသည်။
    နီးနေဝေးနေ  ခြားမရည်ဘဲ...ဟူသကဲ့သို့နီးသည်ဖြစ်ပါစေ..ဝေးနေသည်ဖြစ်ပါစေ.မေတ္တာပမာဏအနီူင်းမဲ့
ဖြစ်ပါသည်။
စိတ်ကိုခွဲခြမ်းစိတ်ဖြာ၊သုံးသပ်နိုင်ပါလျင်၊မြင်သိစိတ်ဖြင့်၊ယူဇနာထောင်သောင်းဝေးနေသော်လည်း
ဆံချည်တမြှင်မှပင်မဝေးသကဲ့သို့၊  စိတ်ကိုမမြင်မသိနိုင်ပါလျင် ၊ဆံမြှင်စာမျှ အနီးတွင်ရှိနေသော်လည်း..ယူဇနာထောင်သောင်းမက၊ဝေးနေကြမည်သာဖြစ်ပါသည်။
 ထိုသို့သောလောက၏အခြေအနေ၊ဘ၀၏နိယာမ များကို...သိရှိနားလည်လာသောအခါတွင်
(အနှို င်းမဲ့မေတ္တာနှင့်အတူအဆုံးမဲ့မြတ်နိုးရပါသည်)
ဘ၀၏အသက်၇ှူ ခွင့်ကိုရရှိခဲ့ပါသည်။
အသက်ရှူ ခွင့်ရရှိအောင်သင်ကြားပြသခဲ့သောဘ၀ဇတ်ဆရာကိုအထူးကျေူးဇူးတင်ပါသည်။
အနှို င်းမဲ့မေတ္တာအဆုံးမဲ့မြတ်နိုးခြင်းဖြင့်
မေတ္တာရည်လျက်.
.ခင်မိုးညို