တပို့တွဲလပြည့်နေ့ ( 14-2-2014)
ညကတည်းက မပြည့်တပြည့် လ၀န်းကိုကြည့်ပြီး..မနက်ဖန်(14-2-2014)တပို့တွဲလပြည့်နေ့ရောက်တော့မယ်လို့တွေးနေမိတယ်။
ဘာကြောင့်ရယ်မသိသော်လည်း ရင်ထဲမှာလွမ်းတဲ့စိတ်ရောက်လာတယ်။ မင်းကွန်းဆရာတော်တရားခွေကိုလဲဖွင့်ထားချိန်မှာ...သူ့ကိုလဲဒီတရားကိုခုလိုလူခြေတိတ်ချိန်လေးမှာ.နားထောင်စေချင်လိုက်တာလို့
စိတ်ကခံစားမိတယ်။တဆက်တည်းမှာဘဲ..ဘယ်သှူုကိုမှဖွင့်ပြီးမပြောတတ်တဲ့သူ့စိတ်ကို...ထဲထဲဝင်ဝင်သိမြင်လိုက်တယ်။
သူ့ဘ၀ရဲ့ခါးသီးခြင်းတွေကို သူနဲ့ထပ်တူသိမြင်နေဆဲပါ..။
မနက်ဖန်(လပြည့်နေ့အတွက်) သစ်သီး( နှင်းသံပုရာသီး၊ထောပတ်သီး၊နဂါးမောက်သီး၊ပန်းသီး၊သဘောင်္သီး)ရယ်။
နှမ်းမနဲ(ထမနဲမဟုတ်ပါ၊နှမ်းနက်ဖြစ်ပါတယ်) (၅ )ပွဲ၊
အမွှေးနံသာဆီတပုလင်း
ဖယောင်းတ်ုင်(၅ )ထုပ်
ပန်း(၅)မျိုး ( ဂန္ဒမာ၊ ကံ့ကော်၊ခွါညို၊ခွါဖြူ၊ ။အောင်သပြေ).....တို့ကို စပွဲတစ်ခုမှာပြင်ဆင်ထားပြီးဖြစ်ပါတယ်။
မနက်(53း0)နာရီမှာဆွမ်း၊ရေချမ်းသုံးဆောင်ရေ။မျက်နှာသစ်တော်ရေ တို့နဲ့အတူ..ကပ်လှူ ပူဇော်မှာဖြစ်ပါတယ်။ ပြီးရင်အမျှပေးဝေမယ်။
ဒီမနက်မှာ ကုသိုလ်ကိစ္စတွေဆောင်ရွက်ပြီးန၀င်္ကသီလဆောက်တည်ပြီး နားနေချိန်မှာ၊အိမ်နီးဝန်းကျင်က လာပြီး ကျန်းမာရေးအခြေအနေလာမေးကြပါတယ်။လာမေးတဲ့လူတိုင်းဆီကကြားရတဲ့စကားလေးပြောပြချင်ပါတယ်။ဘာလဲ
ဆိုတော့ (ဒီနေ့ ချစ်သူများနေ့..ချော့ကလက်ရမယ်) ဆိုတဲ့စကားသံဖြစ်ပါတယ်။ အသက်..18/19/20/30/40အရွယ်က လဲ ဒီစကားသံပါဘဲ..။ ဆိုလိုတာက....ဒီနေ့တပို့တွဲလပြည့်နေ့ (ဥပုတ်နေ့ ) လို့တောင်မပြောနိုင်ကြတော့ပါဘူး...တွေးပြီး ရင်းတွေးရင်းနဲ့...အော်လူတွေမှာ(ချစ်သူများနေ့နဲ့ဥပုတ်နေ့)
တရက်တည်းဆုံချိန်မှာ (ချစ်သူများနေ့)ကိုဘဲ အမှတ်ရနေကြပါလားလို့လဲတွေးနေမိပါတယ်။
တကယ်တော့ လူသားတိုင်းစာနာနားလည်တဲ့စိတ်၊ မျှဝေခံစားလိုစိတ်၊ဆိုးတူကောင်းဖက်၊အကျိုးတူရုံးလျက်
နေထိုင်သွားကြမယ်ဆိုရင် နေ့တိုင်းချစ်သူများနေ့ပါဘဲ..။
လူသားတိုင်းလူသားတိုင်း မိမိဝန်းကျင်မှတဆင့်မိမိရွာ၊မိမိမြှို၊ထိုမှတဆင့်နိုင်ငံထိ...ကောင်းကျိုးတွေကို မြင့်မားသည်ထက်မြင့်မားအောင်
တွေးခေါ်ပြီးဆောင်ရွက်သင့်ကြပါတယ်။
အဲဒီစိတ်ကလေးကိုအခြေတည်လိုက်ရင်..စက္ကွံ့တိုင်း၊မိနစ်တိုင်း၊နာရီတိုင်း၊ရက်နေ့တိုင်း၊လတိုင်း၊နှစ်တိုင်း ကမ္ဘာကြီးကအေးချမ်းသာယာရှိနေမှာပါဘဲလို့..။
သတ္တ၀ါမှန်မျှစိတ်ချမ်းသာယာရှိကြပါစေ..။
လူသားတိုင်းကုသိုပြုနိုင်တဲ့ကျန်းမာခြင်း၊မေတ္တာစိတ်နဲ့ယှဉ်တဲ့စိတ်၏ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ ...မေတ္တာပို့ပါတယ်။
ဒီမနက် ပြုသမျှကုသိုလ်၏အစုအစုတို့အားဘ၀တပါးသို့ပြောင်းသွားခဲ့ကြပြီးသောအမိနှင့်အဖအားပေးဝေငှပါ၏။
မြန်အောင်မြို့၊သရက်ပင်ကျေးရွာမှမိရင်းဖမခြားချစ်ခင်မြတ်နိုးလေးစားရပါတဲ့မေမေနဲ့ဖေဖေ၊
စာနာနားလည်ခြင်းနှင့်အတူခွင့်လွှတ်ခြင်းဖြင့်၎င်း၊ စိတ်၏ခံစားမူကို သိုသိပ်စွာဖြင့်ရပ်တည်ကာ၊စေတနာစွမ်းအင်ဖြင့်ပေးနိုင်စွမ်းရှိသမျှပေးဆပ်ကာ..ရပ်တည်နေသော
လေးစားမြတ်နိုးအပ်၍မြတ်နိုးပါသော..ဆရာဟိန်းတင့်ဇော်နှင့်ဆရာ၏လုပ်ငန်းဆောင်တာနှင့်နှီးနွယ်သောနတ်မြတ်
နတ်ကောင်းနတ်အပေါင်း၊ပုဂ္ဂို လ်အပေါင်းတို့အားလည်းကောင်း..အမျှ..အမျှ..အမျှ ပေးဝေငှပါ၏။
သာဓု..သာဓု..သာဓု ခေါ်ဆိုပါ..။
သူတော်ကောင်းတို့မှပေးဝေသောကုသိုလ်၏အဖို့ဘာဂ ကိုလည်း..သာဓု..သာဓု..သာဓု ခေါ်ပါ၏။
မေတ္တာရည်လျက်
ခင်မိုးညို