.. အတွက်နှလုံးသားထဲသို့တိုင် သူတစ်ဦးတစ်ယောက်တိုင်းမှာ..ဆန္ဓတွေ..မြှော်လင့်ချက်တွေကိုယ်စီကိုယ်ငှကွဲပြားခြားနားပြီးရှိတတ်ကြပါတယ်။
ကံတရားအတိုင်း..အဆင်ပြေသူတွေရှိသလို..အဆင်မပြေသူတွေလဲရှိကြပါတယ်..။ဒါပေမဲ့.အဆင်ပြေလိုက်
မပြေလိုက်.နဲ့.ဘ၀ခရီးကို လျှောက်လှမ်းနေကြတာအမျိုး မျိုးသောနည်းတွေနဲ့ဖြစ်ပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ်...မိတ်ဆွေ ၊ညီအကိုမောင်နှမ တွေအားလုံး တစ်ယောက်နဲ့တစ်ယောက်ကိုယ်နိုင်စွမ်းသမျှဖေးမကူညီသွားကြရမှာဖြစ်ပါတယ်။(သနားပါတယ်)ဆိုတဲ့စကားကို ပြောမယ်။နေကောင်းအောင်နေလို့ပြောမယ်၊ စသည်ဖြင့် နှူ တ်က ပြောတတ်ကြတာလဲ ဓမ္မတာပါဘဲ..။တကယ်တော့ လိုအပ်ချက်ကို ဖေးမကူညီပေးခြင်းလိုက်ခြင်းသည်သာလျင်.အမှန်ထိရောက်မယ်လို့ယုံကြည်တယ်..။
ဥပမာ...အဆုပ်ရောဂါသည်တစ်ယောက်ကိုထမင်းတနပ်အတွက် စားဖို့ရုန်းကန်နေရတဲ့လူအတွက်.
အားရှိအောင်စားသောက်ရမယ်လို့သိထားတဲ့အတွက်..ဟောလစ်သောက်လေ..အိုဗာတင်းသောက်လေ..
အားဆေးသောက်လေ..လို့ပြောတတ်ြကပါတယ်။။
သှူုမှာထမင်းတောင်နပ်မှန်ဖို့ရုန်းကန်နေရချိန်မှာ...ဘယ်လိုစားသောက်နိုင်မလဲ..အဟာအတွက်သူလဲသိတာပေါ့..။
အဲဒီအချိန်မှာ.. ..ဟောလစ်သောက်လေ..အိုဗာတင်းသောက်လေ..အားဆေးသောက်လေ.
.လို့ပြောနေမဲ့အစား..ငွေအားဖြင့်သော်လည်းကောင်း လိုအပ်တဲ့အဟာရတွေဝယ်ပေးခြင်းဖြင့်လည်းကောင်း..ဆောင်ရွက်မယ်ဆိုရင်..အမှန်ဆုံးသောဆောင်ရွက်ချက်ဖြစ်မယ်လို့ယုံ
ကြည်ပါတယ်..။အဲဒီအတွက်..ဘာမှမမြှော်လင့်ပါနဲ့..သူတစ်ဦးဘ၀ အဆင်ပြေရင် ကျေနပ်ခြင်းသာလျင်
ဖြစ်ပေါ်လာတဲ့ ပီတိကို.နှလုံးသားထဲသို့တိုင်..စူးနစ်ဝင်ရောက်သွားပါစေ..။
မေတ္တာရည်လျက်
ခင်မိုးညို