မှတ်မှတ်ရရ ကျေးဇူးပါ....
ထမင်းတစ်ဆုပ်ရေတစ်မှူတ်..မျှကိုဝေငှပေးဖူးသောသူကိုတောင်..ကျေးဇူးတင်ပြီးကျေးဇူးရှိသူလို့ မှတ်ထားကြရ
ပါတယ်..။ကျေးဇူးတရားဆိုတာကိုထဲထဲဝင်ဝင် စဉ်းစားရင်းနဲ့.ခုလိုစာရိုက်ဖြစ်လာအောင်၊ စာရိုက်ဖြစ်တော့လက်ကွက်မြန်လာတဲ့အကျိုးတရားရရှိလာအောင်..ဖြစ်တည်ပေးလာတဲ့သူကို ကျေးဇူးတင်လိုက်တာလို့
ခံစားမိပါတယ်..။
ကျမ ရဲ့လုပ်ငန်းမှာ ကွန်ပျူတာစာရီုက်ဖို့အတွက်နဲ့ ပြင်ဆင်ဘို့၊သန့်စင်ဘို့၊ကွန်ပျူတာနဲ့ပတ်သက်မူတွေကို
ဆောင်ရွက်ဖို့ သီးခြားဝန်ထမ်းခန့်အပ်ထားပါတယ်။ကျမကိုယ်တိုင်စာရိုက်ခြင်းမဆောင်ရွက်ပါဘူး..။နောက်တော့ ကိုယ်တိုင်ဘဲရိုက်ဖို့၊ဆောင်းပါးစာတွေရိုက်ဖို့ အကြောင်းဖန်လာပါတယ်..။အဲဒီနောက် တဖြည်းဖြည်းလက်ကွက်မြန်လာပြီး.အမှားနဲလာပါတယ်..။စာတွေလဲရေးဖို့အကြောင်းတရားတွေရှိလာတော့
ရေးတဲ့အကြောင်းတရားပေါ်မှာ.လက်ကွက်မြန်ခြင်း၊အမှားနဲလာခြင်း ၊ စာရေးဖို့အတွက် စဉ်းစားမူတွေပြုလုပ်လာရခြင်း..စသည်ဖြင့်အကျိုးတရားတွေရရှိခံစားလာရပါတယ်..။
ကျမအနေနဲ့ဒီလို အခြေအနေဖြစ်လာတာမှာ..ဖြစ်ဖို့အတွက် အားပြုပေးတဲ့ ကျေးဇူးပြုသူကြောင့်ဖြစ်ပါတယ်..။
ဘ၀မှာ ခုလိုဖြစ်လာအောင် တိုက်တွန်းအားပြုပေးတဲ့သူ..၊ လက်တွဲခေါ်ဆောင်ခဲ့သူကို..ကျမရဲ့ဘ၀နဲ့ထပ်တူ
ထဲထဲဝင်ဝင် မှတ်မှတ်ရရ ကျေးဇူးအထူးတင်ပါတယ်..။
ဒီကွန်ပျုတာလေးမှာစာရိုက်ဖို့..၊Key board ပေါ်လက်တင်လိုက်တာနဲ့..ဒီလိုလက်တင်ဖြစ်အောင်..လက်တွဲခေါ်ခဲ့တဲ့သူကို ကျေးဇူးတင်လှစွာနဲ့ရိုသေစွာဖြင့်
ဦးနှိမ်ကန်တော့လိုက်ပါကြောင်းမှတ်မှတ်ရရ ကျေးဇူးပါလို့ရေးသားလိုက်ပါတယ်..။
.၊Key board ပေါ်မှ ..စာ.ဖောင့်များ သင်္ကတများ.နဲ့ ဂဏန်းနံပါတ်များနဲ့အတူကျေးဇူးအထူးတင်လျက်
ခင်မိုးညို ....
နှစ်ကူးခါနီးလေ...ကျေးဇူးရှင်တွေကို ပိုပြီးကန်တော့နေမိလေပါဘဲ..။ဒီအခါမှာ ရေးခဲ့တဲ့စာတွေကို ပြန်ပြီးဖတ်ဖြစ်ပါတယ်..။ စာရိုက်တာတိုးတက်လာလေ...ကျေးဇူးပိုတင်မိလေပါဘဲ..။ဒါကြောင့် မေလ ( 9 )ရက်နေ့မှာ တစ်နှစ်ပြည့်မဲ့အထက်ပါ.....ဒီစာလေးကို ပြန်ပြီးတင်ဖြစ်လိုက်ပါတယ်....ကျေးဇူးတင်လွန်းလှလို့ပါ..။
.လက်တွဲခေါ်ခဲ့တဲ့သူကို ကျေးဇူးတင်လှစွာနဲ့ရိုသေစွာဖြင့်
ဦးနှိမ်ကန်တော့လိုက်ပါကြောင်းမှတ်မှတ်ရရ ကျေးဇူးပါလို့ထပ်လောင်းရေးသားတင်ပြအပ်ပါတယ်....။မေတ္တာရည်လျက်ခင်မိုးညို
