Friday, June 20, 2014

သတိနှင့်..ခရီးဖေါ်

                                    သတိနှင့်..ခရီးဖေါ်
 ကျမ စာမရေးဖြစ်တာတော်တော်လေးကြာသွားတယ်။ အကြောင်းက ( ၂ )ရပ်ရှိပါတယ်။
 ( ၁ ) နှလုံးအတွက်ဆေးကုသခြင်း
 ( ၂ ) အကြီးဆုံးအမ ကွယ်လွန်ခြင်း..တှိုကြောင့်ဖြစ်ပါတယ်။
            ၁  ။ နှလုံးအတွက်ဆေးကုသခြင်း
                  အကြောင်းအမျိုးမျိုးကြောင့်နှလုံးအားနည်း၍ ဆေးကုသခြင်းမျိုးစုံခဲ့ပါသည်။      ကျန်းမာ ရေးကိုအကြောင်းပြပြီး ခပ်ညံ့ညံ့နေထိုင်တဲ့အပြုအမူကိုလဲမလုပ်ချင်တဲ့အတွက်
တာဝန်နှင့်ဝတ္တရားကို ကျေပွန်စွာထမ်းရွက်ခဲ့သည်။နိုင်ငံ့ဝန်ထမ်းဖြစ်၍နိုင်ငံအပေါ်ကျေးဇူးသစ္စာစောင့်သိသည်။
  မိသားစုတွင် မိသားစု၏အငယ်ဆုံးဖြစ်သော်လည်းတာဝန်အကြီးဆုံးယူ၍
တာဝန်ကျေပွန်အောင်ဆောင်ရွက်ခဲ့သည်။ ဆေးကုသ၍ကောင်းလာသည်နှင့်ကုန်းရုန်းထကာ.
အလုပ်များစဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည့်အတွက် ဆေးကုလိုက်၊ကောင်းလိုက်၊လဲလိုက်၊ထလိုက်နှင့်
ဆေးကုသခြင်းသံသရာရပ်ဝန်းတွင်နည်းမျိုးစုံနှင့်ကျင်လည်ခဲ့ရပါသည်။စစ်ကိုင်းတွင်ခေတ္တအနားယူစဉ်
ကချင်ပြည်နယ်မှ တိုင်းရင်းသားဆေးကုသသူဆရာကြီးနှင့်မမြှော်လင့်သော်လဲ
၊တွေ့ဆုံရန်အကြောင်းတရားကြောင့်ဆုံခဲ့ရသည်။ထို့နောက်ဆေးကုသမူခံယူခဲ့သည်။ယခုအတော်လေးသက်သာ
နေခဲ့ပြီ။ အဓိကမှာ တနေ့လျင် ( ၁ )နာရီအမှတ်စိပ်စိပ်ဖြင့်သတိဖြင့်နေထိုင်ခြင်းဖြစ်ပါသည်။
တရားမှတ်သည်ပြောလျင်ကျမ အနေဖြင့် အဆင့်မြင့်သည်ဖြစ်ပါ၍ ၀င်လေနှင့်
ထွက်လေကို အသိစိတ်မပြတ်ရှူ့ မှတ်ပါသည်ဟုသာရေးသားလိုပါသည်။သမားတော်၏
ဆေးကိုသောက်ပြီးသည်နှင့်သတိနှင့်ယှဉ်သောထွက်လေနှင့်ဝင်လေကို ရှ့  မှတ်ပါသည်။  ဒီလိုနဲ့ တစ်ယောက်ထဲ ဧရာဝတီမြစ်ရေပြင်ကိုကြည့်ရင်း..နဲ့ဆေးကူသနေထိုင်ခဲ့ပါတယ်။ မှတ်မိသေးတယ် 
အမ က စစ်ကိုင်းကို ကဆုန်လပြည့်နေ့ အလှူ  လုပ်ရင်းနဲ့..အငယ်ဆုံးမြင့်မြင့်ကတော့အစောဆုံးဖဲ့ထွက်တော့မယ်ထင်ပါရဲ့တဲ့..။ မတုန်လှူ  ပ်ခဲ့ပါဘူး။
ပြင်ဆင်ထားပြီဘဲလေ..။ဒီခရီးကို..။


             ၂ ။ အကြီးဆုံးအမ ကွယ်လွန်ခြင်း.
                          (29/5/2014)မှာအမကွယ်လွန်တယ်..။အမေတစ်ယောက်ထွက်သွားသလိုခံစားရပါတယ်။ 
  စာမရေးဖြစ်တော့ဘူး။စာရေးသားရာမှာ ကျမ အနေနဲ့ ကိုယ့်အတွေးကို ရေးဖြစ်တာအားသန်တော့
အတွေးကို မရှိသလောက်ဖြစ်သွားတယ်။နောက်ပြီး နှလုံးကပြန်အောင့်လာပြန်တယ်။ အမ က ထိုင်းဆေးရုံမှာဆေးကုသပြီးပြန်လာတဲ့သူမို့ ကျမကဘဲ ဒီခရီးကိုအရင်သွားနှင့်မယ်လို့ထင်ခဲ့တာပါ။ ထိုင်းကပြန်လာတော့ နွေမိုးဆောင်း ( မြဘုရား)ပင့်လာတယ်။ သူ့ကုသိုလ်တစ်ခုပေါ့။
  ဒီလိုဘဲ ဒီလူ့လောက လူ့ဇရပ်ကို နည်းအမျိုးမျိုးနဲ့ဝင်ရောက်နားခိုကြပြီး ပြန်ထွက်သွားကြတဲ့ သံသရာ
ခရီးသွားဧည့်သည်တွေပါ..။ နေခိုက် နားခိုက် ဒီဇရပ်လေးကို ကိုယ့်ကြောင့်မပျက်စီးစေဖို့အသိတရားတွေနဲ့အတူနေထိုင်ကြ၇မယ်။ အဲဒီအသိတရားဆိုတာ..ကံ တွေကို
စောင့်ထိန်းခြင်းပါဘဲ..။ ကျမ ရဲ့အမ  ကံတွေဘယ်လောက်စောင့်ထိန်းခဲ့လဲ၊ဘယ်လောက်လွန်ကျူးခဲ့လဲ..။သူ့
ဘ၀ခရီးလမ်းမှာ..သူနဲ့ထပ်တူပါသွားမှာကတော့ ဒီခရီးဖော်တွေပါ...။ဘယ်သူ့ကိုခေါ်သွားမှာလဲ..။
        အထက်အကြောင်းအရာပါ( ၂ ) ရပ်ကို..ဆောင်ရွက်ခြင်းနဲ့စဉ်းစားခြင်းပြုလုပ်စဉ်ကာလမှာ
 စာမရေးဖြစ်ခဲ့ဘူး ။ ခု  စပြီး ရေးခဲ့ပြီ..။
    
                   ကုသိုလ်စိတ်ဖြင့်နေထိုင်ခွင့်ရရှိနိုင်ကြပါစေ..။
                        မေတ္တာရည်လျက်
                        ခင်မိုးညို