အမှန်စင်စစ်မေတ္တာ
မေတ္တာသုတ်ည/ မနက်ရွတ် ပုတီးတွေစိပ်နေတဲ့ကိုအောင်မြင်တစ်ယောက်။နာမည်ကိုက အောင်မြင်ချင်လို့ ..ကိုအောင်မြင်ပါတဲ့...။
အာရုံမှာ အမွှေးနံ့သာ၊ ပန်းဆီမီးနဲ့ဆွမ်းခဲဖွယ်အစုံအလင်နဲ့ ။မနက်လမ်းလျှောက်သူတိုင်း ၊ ကိုအောင်မြင်ရဲ့
အိမ်ရှေ့ရောက်ရင် လှမ်းကြည့်ကြရစမြဲ..။ မေတ္တာသုတ်ရွတ်သံ..၊ အမျှဝေသံ..၊ကြေးစည်သံ နဲ့။
သတ္တ၀ါများအားလုံးကျန်းမာလို့ချမ်းသာကြပါစေ..ပြုသမျှကုသိုလ်အမျှပေးဝေပါ၏..။ ဒူဝေေ၀..( ၃ ) ခေါက်..။
နေ့စဉ်ကြားနေကျ ..ကိုအောင်မြင်ရဲ့မေတ္တာပို့..အမျှဝေ..သံ.နေ့ / ည ..။
ကိုအောင်မြင်ရဲ့ အလုပ်က ငွေတိုးချေးစားခြင်း..။ တရက်မစွန်းနဲ့ ..ဆုံးပြီသာမှတ်တဲ့..။ ဆိုင်နာမည်ကလဲ
တရက်မစွန်း..တဲ့ ..။ ထူးခြားပါတဲ့ အပေါင်ဆိုင်နာမည်ပါ..။ အပြောနဲ့အလုပ်ကလဲ ညီပါ့..။တစ်ရက်စွန်းတာနဲ့ သွားပြီဘဲ..။
လက်လုပ်လက်စား အလုပ်သမားတစ်ယောက်က..ကိုအောင်မြင်အိမ်နဲ့(၁၀)အိမ်လောက်ခြားပါတယ်။
သူ့နာမည်..ကိုချမ်းသာ..။ နာမည်နဲ့သူ့ဘ၀တခြားစီပါဘဲ။ ရုပ်လက္ခပြောတာပါ.. လောဘနည်းတော့စိတ်ကတော့ တကယ်ချမ်းသာပါတယ်..။သူကိုယ်တိုင်လဲရယ်မောပြီး အမြဲပြောလေ့ရှိပါတယ်..ကျနော့်နာမည်ကိုချမ်းသာ..စိတ်ချမ်းသာနော်..နေတတ်အောင်ပြောပြမယ်တဲ့..။
ခုလိုကျောင်းဖွင့်ရက်မှာ ကိုအောင်မြင့်အိမ်မှာ လူစည်နေပြီ..။ပစ္စည်းပေါင်တွေကိုစာရင်းမှတ်၊ ပစ္စည်းမှတ်နဲ့။
ကိုချမ်းသာလဲ.ရောက်နေပြီ..။သမီးကြီးကျောင်းတက်ပြီလေ..။
ပစ္စည်းတစ်ခုကို ( 30000/-)ကျပ်နဲ့အပေါင်ထားတယ်။
ထားပါတော့ အဆင်ပြေသွားပြီလို့..။ကိုအောင်မြင်ကို ကျေးဇူးတင်လွန်းလို့ ( ကျန်းမာပါစေဗျာ )လို့တလမ်းလုံးမေတ္တာပို့ရင်းနဲ့ ..။
တနေ့ အပေါင်ရွေးမဲ့နေ့ရောက်လာပြီ။ အတိုးငွေနဲ့ငွေရင်းကိုကိုင်ပြီးကိုချမ်းသာလာခဲ့တယ်..။
ကိုအောင်မြင်အိမ်နားအရောက်မှာ ကလေးတစ်ယောက် ပိုးထိလို့ ကိုချမ်းသာကလေးကိုချီပြီးဆေးရုံသွားခုဲ့တယ်။အသက်ကယ်ခဲ့တယ်..။ ခလေးမိဘကလဲ ချို့ တဲ့..တဲ့မိသားစု
ဖြစ်နေတော့ ကုန်ကျစရိတ်ကို ကိုချမ်းသာ ပြန်မရခဲ့ဘူး..။ ပစ္စည်းရွေးဘို့ငွေထဲကလျှော့သွားပြီ..။
ကိုအောင်မြင်လဲ ဒီကိစ္စသိပြီးဖြစ်တော့..အကျိုးအကြောင်းပြောပြီး နောက်နေ့ရွေးပါရစေလို့ကိုချမ်းသာက
ညှိနျှိင်းခဲ့တယ်။ ဒါပေမဲ့ မရဘူး..ဒီနေ့မှဒီနေ့ဘဲရွေးရမယ်တဲ့..။ကိုချမ်းသာ စိတ်တွေ ပူလောင်သွားပြီ။
ဘာကြောင့်လဲဆိုရင် အမေ့ပစ္စည်းဖြစ်နေလို့..။အမေက ပြန်ရွေးပေးရင်ပြီးရောဆိုပြီး.ကိုချမ်းသာရဲ့ အခက်အခဲကိုဖြေရှင်းပေးခဲ့လို့ပါဘဲ..။
ခုတော့ဒုက္ခေ၇ာက်နေပြီ..။မေတ္တာတွေပို့နေတဲ့ ကိုအောင်မြင်ကို မေတ္တာတွေဘယ်မှာလဲလို့မေးကြည့်
ချင်တဲ့စိတ် က ရင်နဲ့အပြည့်..။
ဒါပေမဲ့ ညနေစောင်းမှာ အမေက အပြေးရောက်လာတယ်..။စီးပွားရေးအဆင်မပြေလို့ထီလိုက်ရောင်းနေတဲ့အမတစ်ယောက်ကို အားပေးတဲ့အနေနဲ့အမေ့အိမ်မှာ ထီထိုးခဲ့ရာက တွတ် တစ်သိန်းရတယ်တဲ့..။ ကိုချမ်းသာဝမ်းသာအားရ
ထပြီးတောင်ခုန်မိတယ်..။အမေ့ပစ္စည်းပြန်ရွေးပေးနိုင်ခဲ့ပြီ..။
ညဘက် မောမောနဲ့ ဘုရားရှိမခိုးနိုင်ပါဘူး မေတ္တာပို့ဘို့ကတော့ဝေးရော..။ဒါပေမဲ့ လူတစ်ယောက်ရဲ့
အသက်ကို မေတ္တာအပြည့်နဲ့ကယ်တင်ခဲ့တဲ့ကိုချမ်းသာနဲ့..
မနက်ညမေတ္တာတွေပို့ဘုရားရှိခိုးပြီး လူတွေရဲ့ဒုက္ခကို မျှဝေမခံစားဘဲ နေတဲ့ ကိုအောင်မြင်..။
သူတို့နှစ်ယောက်မှာ မေတ္တာရှင်ဘယ်သူလဲဆိုတာ..သိနိုင်စွမ်းကို..သိနိုင်သောသူကသာလျင်သိနိုင်ကြပါလိမ့်မယ်..။
မေတ္တာရည်လျက်
ခင်မိုးညို