Monday, June 30, 2014

ဝါဆိုလပြည့်နေ့နှင့် အမေ



မတ်စွာဗုဒ္ဓသည် အစ၏ကောင်းခြင်း ၊ အလယ်၏ကောင်းခြင်း၊ အဆုးံ၏ကောင်းခြင်း 
သဘောရှိသော ဓမ္မသစ္စာ လမ်းစဉ်ခေါ် ဓမ္မစကြာဒေသနာတော်ကြီးကို မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ၊ ၀ါဆိုလပြည့် စနေနေ့တွင် သား သမင်တို့ ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဟောကြားတော်မူခဲ့ပါသည်။ 
       ဦးစွာ ဓမ္မလရိပ်အား အထက်ပါစာစဉ်ဖြင့်  ကန်တော့အပ်ပါသည်။
ဤနေရာ၊ဤဒေသ၊ဤအခါကာလတွင် မြတ်စွာဗုဒ္ဓသည်အစ၏ကောင်းခြင်း၊အလယ်၏ကောင်းခြင်း၊ အဆုးံ၏ကောင်းခြင်း သဘောရှိသော ဓမ္မသစ္စာ လမ်းစဉ်ခေါ် ဓမ္မစကြာဒေသနာတော်ကြီးကို 
ဘုရားဖြစ်သည်မှဦးစွာဟောကြားတော်မူသောတရားဦးဖြစ်ပါသည်။ ကြိမ်ဖန်များစွာ ဖတ်ခဲ့ဘူးသည်။ထို့ကြောင့် ကြိမ်ဖန်များစွာ ပီတိဖြစ်ခဲ့ရသည်။ 
  ဘုရားရှင်နှင့် ပဉ္စ၀ဂ္ဂီငါးဦး ကို စိတ်မှ ရည်မှတ်၍ ကြိမ်ဖန်များစွာကန်တော့ဖြစ်ခဲ့သည်။
         ထိုရက်တွင် မိခင်သည် သီလဆောက်တည်ရင်းနှင့် ဘ၀တပါးသို့ပြောင်းသွားခဲ့သည်။အမေ
ဆုံးသွားသည့်အတွက် ဦးစွာသတိရလိုက်မိသည်မှာ ( အမေ့အပေါ် တာဝန်ဝတ္တရားကျေပွန်ခဲ့ရဲ့လား)ဟူသည့် အကြောင်းတရားဖြစ်သည်။ နောင်တဟူသော ခံစားမူကိုမခံစားလိုပါ။နောင်တသည် သံသရာ၏အရင်းနှီးဆုံးသော မိတ်ဆွေဖြစ်ပါသည်။
မိမိ၏ဘ၀တွင်ဤနေ့ဤရက်မြတ်သည် မြန်မာတို့၏အဖိုးတန်မြတ်နိုးလှဖွယ်သော
နေ့ရက်ဖြစ်သဖြင့် မြတ်နိုးရဘိသကဲ့သို့မိခင်နှင့်အပြီးတိုင်ခွဲခွာရသဖြင့် သောကကိုလည်း
ခံစားရပါသည်။ ပီတိနှင့်သောက သည် မိမိဘ၀တွင် တပြိုင်တည်းခံစားရပါသည်။
အော်....သုခနဲ့ဒုက္ခ ပါလားဟု..တပြိုင်းတည်းမှတ်သားလိုက်သည်။ ထိုအစသည်ပင်မိမိဘ၀အတွက်
မှန်ကန်သောအလင်းရောင်တစ်ခုကိုရရှိလိုက်ပါသည်။
     မိဘမရှိ၊ ညီအကိုမောင်နှမများကလည်း..သူတို့ဘ၀နှင့်သူတို့ကိုယ်စီ ၊မိမိ၏ဘ၀တွင် ရှေ့နောက်ဝဲယာ၊အရပ်ရှစ်မျက်နှာ၊ဘယ်နေရာကြည့်ကြည့် တစ်ဦးတည်းဖြစ်သည့်အတွက် မိတ်ဆွေ၊သူငယ်ချင်းများက အားငယ်မည်ကိုစိုးရိမ်ကြသည်။
သေချာသည်မှာ မိမိသည် ဘယ်သောအခါမှ၊အားမငယ်ပါ။ နေမကောင်းသေကောင်ပေါင်းလဲဖြစ်လဲ
မစိုးရိမ်ပါ။ ထိုထိုသောသတ္တိများကို အမိသည် တရားဓမ္မနှင့်ဆုံးမသွန်သင်ခဲ့သည်။
 တစ်ယောက်တည်းနေတတ်အောင်၊ဘ၀ကို မှန်ကန်သောအတွေးနှင့်အသိဖြင့်ရပ်တည်တတ်အောင် အမိသည်သင်ကြားပြသခဲ့သည်။
ဘ၀တွင်အဓိကနားလည်နိုင်ကြရမည့်ကျင့်သုံးကြရမည့်ပညာမျက်စိ၊ညဏ်မျက်စိကို အမိနှင့်အဖမှဖွင့်လှစ်ပြသခဲ့သည်။
   ဘ၀တွင် အနှစ်နှင့်အကာကို လေးနက်စွာသိရှိနိုငိမှသာလျင် နောင်တချိန် တွင် ဘ၀၏ဖြတ်သန်းခြင်းဆိုင်ရာ လမ်းကြောင်းကို အမှားနှင့်အမှန်၊ သင့်ခြင်းမသင့်ခြင်း၊အဆိုးနှင့်အကောင်း ခွဲခြား၊ပိုင်းခြားစိပ်ဖြာနိုင်မည်ဖြစ်ကြောင်းကို
ဆုံးမခဲ့သည်။
 အမိနှင့်ညစဉ် စကားပြောတိုင်းပြောတိုင်း၊ဓမ္မစင်္ကြာတရားတော်မှ (သမ္မာဒိဌိ၊သမ္မာသင်္ကပ္ပေါ၊သမ္မာဝါစာ၊သမ္မာကမ္မန္တော၊သမ္မာအာဇီဝေါ၊သမ္မာဝါယာမော သမ္မာသတိ
သမ္မာသမာဓိ)ကို....လူတိုင်းလူတိုင်း ဤစကားရှစ်ခွန်းအားကျင့်သုံးနေထိုင်သွားကြလျင်..ယခုဘ၀၊နောင်သံသရာဘ၀အတွက်ပါကောင်းခြင်း
သုခကိုရရှိကြမည်ဖြစ်ကြောင်း   အမြဲပြောလေ့ရှိ၏။
 ထိုကြောင့် မိမိဘ၀တွင် ၀ါဆိုလပြည့်နေ့နှင့် အမေ သည်  နှလုံးသား၏မှတ်တိုင်တစ်ရပ်ဖြစ်ပါသည်
 သွေးနှင့်အတူလည်ပတ်နေသရွေ့
မေတ္တာရည်လျက်
ခင်မိုးညို