Friday, July 4, 2014

ရည်ရွယ်သော်လဲ၊ရည်ရွယ်သော်လဲ၊ရည်ရွယ်သည့်အတိုင်း.....

                     မရည်ရွယ်သော်လဲ၊ရည်ရွယ်သော်လဲ၊ရည်ရွယ်သည့်အတိုင်း..... 
   

မှတ်မှတ်ရရ..ဒီခေါင်းစဉ်လေးနဲ့ စာရေးချင်မိတယ်။
ပထမ
   မရည်ရွယ်သော်လဲ .......အရင်ကတော့ဘ၀နဲ့ပတ်သက်တယ်လို့မထင်ခဲ့ပါဘူး။ခုတော့ဘ၀နဲ့ပတ်သက်ပါလားလို့တဖြည်းဖြည်းနားလည်လာပါတယ်။
ခုကြုံတွေ့နေရတဲ့အကြောင်းခြင်းရာတွေ၊ရင်ဆိုင်နေရတဲ့လူမူကိစ္စအ၀၀တွေ၊မသိသလိုသိသလိုနဲ့အဆင်ပြေအောင်
နေထိုင်နေရတဲ့ဝန်းကျင်အသိုင်းအ၀န်းတွေ..စသည်ဖြင့်အားလုံး ကျမဘ၀ မှာ ဘယ်တုန်းကမှ ဖြစ်လာရကောင်းစေလို့မရည်ရွယ်ခဲ့ပါဘူး။ကျမ နားလည်ထားတာက ကျေနပ်ရင် တကယ်ပြုံးပြီး၊မကျေ နပ်ရင် မကျေနပ်ကြောင်းချက်ချင်းပြောရမယ်ဆိုတာကိုပါဘဲ။ အဲဒီလူက မကျေနပ်ခြင်းလုံးဝမရှိဘဲ...
စိတ်ပြေချိန်မှာ ပြန်ပြီးနှူတ်ဆက်စကားဆိုကြခြင်းပါဘဲ..။လူဘဲလေ..ခံစားချက်ရှိတာဘဲ..သူဖြူ တိုင်းကိုယ်ကဖြူ  နိုင်ပါ့မလား..။
ခုလိုအကာပေါင်းများစွာနဲ့စိတ်မပါတာကိုဖေးဖယ်၊စိတ်ပါပါ၊မပါပါ။
( ဟုတ်ကဲ့..နေကောင်းပါတယ်..)
( မမရော  နေကောင်းလား)  ( ဟုတ်ပါရဲ့ ..လှလိုက်တာနော် ) စသည်ဖြင့် နှလုံးသားမဲ့ပြောရတဲ့စကားတွေ....ပြောရလိမ့်မယ်လို့  မရည်ရွယ်ခဲ့တာအမှန်ပါ.။
 ဒုတိယ
ရည်ရွယ်သော်လဲ၊      ဖေဖေဆံဖြူသွားကျိုးး၊ပါးရေတွန့်၊မေမေလဲထိုနည်းနှင်နှင်ပေါ့၊အိမ်ဦးခန်းမှာရေနွေးကြမ်းနဲ့အညွန့်လဘက်ဆီစိမ်၊
နှမ်း၊ကြက်သွန်ဖြူ ကြော်၊ငါးရံ့ခြောက်မီးကင်..ကို ဖေဖေနဲ့မေမေထိုင်ပြီးစားနေစေချင်တယ်။ မေမေကြိုက်တဲ့
ဟင်းလျှာတွေ၊ဖေဖေမြတ်နိုးတဲ့စာဖတ်ခြင်းတွေကို ကိုယ်တိုင်ချက်၊ ကိုယ်တိုင်ဖတ်ပြချင်တယ်..။
နောက်ပြီး နှစ်စဉ် ဒီဇင်ဘာလနောက်ဆုံးရက်တွေမှာ မိဘနဲ့အတူ မြန်မာတို့ရဲ့ဝိ ညဉ် ဖြစ်တဲ့ ပုဂံကိုသွားချင်တယ်။
မေမေလေးစားကြည်ညိုတဲ့ မဟာဂန္ဒာရုံ ကျောင်းတိုက်ကိုနှစ်စဉ်ပို့ပေးချင်ပါတယ်။ လူအိုရုံတွေ ၊မိဘမဲ့ဂေဟာတွေ၊
ဆွံ့အ နားမကြားကျောင်းတွေမှာ မိဘတွေကိုယ်တိုင် လှူ ဒါန်းစေချင်တယ်။နံနက်ခင်းမှာ မိဘနဲ့အတူ  လမ်းလျှောက်ပြီး ရုံးသွားခါနီးအချိန်၊ကျမ အိပ်ယာဝင်ချိန်တွေမှာ ထိခြင်းငါးပါးနဲ့ကန်တော့သွားချင်တယ်။အိပ်ယာဝင်ချိန်မှာ ခြေဆုပ်၊လက်နယ် ပြုစုပေးချင်တယ်။ ခုလိုရောက်တော့မဲ့ဝါတွင်းကာလမှာ အာရုံ တန်းဆွမ်းကို မေမေလောင်းနေတဲ့အချိန်မှာ ဘေးနားကနေပြီး
မေမေဆွမ်းလောင်းဘို့အဆင်သင့် ဆောင်ရွက်ပေးချင်ပါတယ်..။
   ဒါတွေ ကျမ ရည်ရွယ်ခဲ့ပေမဲ့..။
  တတိယ
ရည်ရွယ်သည့်အတိုင်း..... 
    ကျမ ဘ၀မှာအထက်မှာဖေါ်ပြထားခဲ့တိုင်းအတိုင်းမရည်ရွယ်တာတွေဖြစ်ရသလို..ရည်ရွယ်တာတွေကလဲ
မဖြစ်လာပါဘူး..။ဒါကိုအရင်က စိတ်မကောင်းဖြစ်ပေမဲ့ ခုတော့နားလည်လာပါပြီ.လူတိုင်းလူတိုင်း
သှူုအကြောင်းတရားနဲ့သူပါ။ ကိုယ့်မိဘရဲ့ စိတ်ဆန္ဒကိုသိနေတဲ့အတွက် မိဘအလိုကျ လုပ်ငန်းဆောင်တာတွေ
ဆောင်ရွက်ပါတယ်။ နိုင့်ငံ့ဝန်ထမ်းဖြစ်လို့နိုင်ငံအပေါ်သစ္စာရှိတယ်။မိတ်ဆွေတွေအတွက်ကောင်းကျိုးတွေဆောင်ရွက်ပေးတယ်။
ဘာသာရေးကိုအထူးဆောင်ရွက်နိုင်တယ်..။ဒါတွေကရည်ရွယ်ထားတာတွေပါ..။
ဒါကြောင့်နေတတ်အောင်နေဘို့ကအဓိကဖြစ်ပါတယ်။ မေတ္တာစိတ်နဲ့ပါ..။
မေတ္တာရည်လျက်
ခင်မိုးညို