Wednesday, July 2, 2014

နှစ်ဖြာတွင်းပြင်ကောင်းကျိုးဆင်လျက်


                              နှစ်ဖြာတွင်းပြင်ကောင်းကျိုးဆင်လျက်
(၁) သေတူရှင်ဖက် ၊ဆောင်ရွက်မကင်း၊အချင်းချင်းတွင်၊ အခင်းကြီးငယ်၊
ရှိခါဝယ်လည်း၊မဖယ်မသွေ၊ညီညာကုန်း၍၊ရုံးကြလေ ..။

(၂)တစ်ယောက်စကား၊တစ်ယောက်နားမှ၊မခါးရအောင်၊သတိဆောင်၍
မောင်တို့ ဆိုလေ ၊ပျားသကာသို့ချိုလှစေ ..။
(၃) မတွေ့ခိုက်ရန်၊မကျူးလွန်နှင့် ၊မျက်မာန်ဒေါသ၊မထွက်ရအောင်၊
မာန်မာန ကိုချုပ်ကြလေ..။

(၄)ကိုယ်နှင့်လည်းစာ၊သတ္တဝါကို၊ကြင်နာလှစေ၊သူ့အသက်ကို ၊ချစ်ပါလေ..။
(၅)သူ၏စီပွား၊ငါ့စီးပွားကို၊ထောက်ထားမိစေ၊ကြီးလောဘကို ၊မျှတစေ..။
(၆)ဟုတ်သောအကြံ၊မှန်သောအကျင့်၊သင့်သောအယူ၊ဖြူသောနှလုံး၊သူတော်ထုံးကို၊
စွဲသုံးသောထွေ၊ မှန်လှစေ ..။
(၇)မှတ်ဖွယ်ရာရာ ၊ ထိုထိုစာကို ၊ ရှာ၍မပြက် ၊ အိမ်တွင်ဖက် ..
(၈)အစ်ကိုကြီးအား ၊ ညီငယ်များလည်း ၊ စကားနှုတ်သက် ၊ ဖက်၍မဆို ၊ ရိုသေလှစေ ၊
ကိုကြီးအမ ၊ သည်နှစ်ဝကို ၊ မိဘကဲ့သို့ မှတ်ပါလေ..။

          ရှင်မဟာရဋ္ဌသာရ၏ဆုံးမစာများမှအမှတ်စဉ်(၁)အားမျှဝေစံစား၍ဟူ၍ ခေါင်းစဉ်ဖြင့်ရေးခဲ့သည်။
ယခု အမှတ်စဉ်အလိုက်ဆက်လက်ရေးသားပါမည်။      အမှတ်စဉ်(၂) နှင့်(၃) ဖြစ်သော((၂)တစ်ယောက်စကား၊တစ်ယောက်နားမှ၊မခါးရအောင်၊သတိဆောင်၍
မောင်တို့ ဆိုလေ ၊ပျားသကာသို့ချိုလှစေ ..။
(၃) မတွေ့ခိုက်ရန်၊မကျူးလွန်နှင့် ၊မျက်မာန်ဒေါသ၊မထွက်ရအောင်၊မာန်မာနကိုချုပ်ကြလေ.
..........တို့သည်ဆက်နွယ်နေသည်။တစ်ဦးနှင့်တစ်ဦး၊မိဘနှင့်သားသမီး၊ဆရာနှင့်တပည့်၊
  စီးပွားဖက်အချင်းချင်း၊ဆွေမျိုးအချင်းချင်း ၊ပေါင်းသင်းဆက်ဆံပြောဆိုကြရာတွင်၊ ရာထူးဂုဏ်၊ဓန၊အသိုင်းအ၀ိုင်းကို အားပြုလျက် မာန၊မာန်တို့ဖြင့်ပြောဆိုကြလျင် ၊ရလဒ်သည်
ရလဒ်ကောင်းမဖြစ်နိုင်ပါ။၎င်းအပြင်၊မာနနှင့်မာန်တို့အရင်းခံသည့်အတွက် ဒေါသတည်းဟူသော
ကြမ်းတမ်းခြင်းကိုသာဖြစ်တည်စေသည့်ခက်ထန်သောရုပ်၊ကြမ်းတမ်းသောအသံတို့သည်
 လူသားများအကြားနွေးထွေးမူ့ကိုကင်းဝေးစေပါသည်။ 
          နွေးထွေးခြင်းကင်းဝေးနေသမျှကာလပတ်လုံး မေတ္တာတည်းဟူသောအကြင်နာရပ်ဝန်းကို
မိမိသည်မရောက်နိုင်သလို၊ကြိုဆိုခြင်းကိုလည်းခံယူရမည်မဟုတ်ပါ။ ဒေါသသံကြောင့်အသံလှို င်း
သည် တဖက်သူ၏နားထဲသို့ပြေပြေလျောလျောမရောက်ရှိနိုင်သလိုပြောလိုက်သော
သူ၏စိတ်သည်လည်းမည်သည့်နည်းနှင့်မျှမငြိမ်းချမ်းနိုင်ပါ။မချို သောအသံလှိုင်းကိုဖြတ်သန်းလာသောလေသံသည် ခါးသက်သောအသံဖြင့်တဖက်သူ၏နားထဲသို့ကြမ်းတမ်းသောလမ်းကြောင်းဖြင့်ရောက်ရှိလေလျင်၊ နှစ်ဦးနှစ်ဖက်အတွက် ဆိုးကျိုးရလဒ်သာရှိပါမည်။
          နောက်ဆုံးသီးမခံနိုင်လျင်ခိုက်ရန်ဖြစ်ရန်သာရှိတော့သည်။ထိုကြောင့် အဖက်ဖက်အတွက်
ဆိုးကျိုးကိုသာပေးစေသည့်ဒေါသ၊မာန၊မာန် တို့ကိုချိုးနှိမ်နိုင်ကြလျင်၊စကားပြောဆိုသည့်အသံ
အနေအထားပါ နူးညံ့ပြီး ကြားရသူတဖက်သား၏စိတ်သည်လည်းအေးချမ်းသာယာကာ
စိတ်ရောကိုယ်ပါ ကောင်းမွန်သောခွန်အားကိုဖြစ်လျက်  ကောင်းမြတ်သောအကျိုးတရားများကို
လောကီ၊လောကုတ္တရာနှစ်ဖြာတွင်းပြင်ရရှိပိုင်ဆိုင်နိုင်ကြမည်ဖြစ်ပါသည်။
 မေတ္တာရည်လျက်
ခင်မိုးညို