Monday, September 8, 2014

စာပေသစ္စာ

  


        
                                            
   ဘ၀တွင်ကြည်နူးစရာဟု၊လွမ်းမောဖွယ်ရာဟုခံစားမိခဲ့သည့် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၊ ဦးချစ်လဘက်ရည်ဆိုင်၊ အဓိပဓိလမ်းမကြီး နှင့် ရေတမာ ရွက်ဝါခြောက်များ၊ တောင်ငူဆောင်၊ရာမညဆောင်နှင့် ညနေခင်းအင်းလျှားကန်ရှိ အကြော်ဆိုင်  ..စသည့် စိန်ပန်းရောင်စုံ ကံ့ကော်ပန်းရနံ့ ထုံသင်းသည့်တက္ကသိုလ်ဝန်းကျင်ကို ကာလကြာရှည်ခွဲခွါခဲ့ပြီးသော်ငြားလည်း…မနေ့တနေ့ကလိုပင်…ပြန်လည်ခံစားမိသည်။ ထို့ကြောင့်စာရေးသားတော့မည်ဆိုလျင်ဦးစွာရေးသားမည့်အကြောင်းအရာကို နှလုံးသားနှင့်ဥဏှောက်သို့တိုင်ပို့ဆောင်ရသည်ဖြစ်ရာ. . အသက် ( ၂၅ ) နဲ့ ( ၃၀ ) ၀န်းကျင်တွင်

ရန်ကုန်တက္ကသိုလ်၏၀န်းကျင်အကြောင်းအရာကိုသာရေးဖြစ်သည်။.
သို့သော်အချိန်ကာလ၏ကုန်ဆုံးခြင်းနှင့်အတူဘ၀ဟူသောရေတကြောတွင်စုန်ချီတလှည့်ဆန်ချီတသက်ဖြင့်
အသက်အရွယ်သည်လည်းကြာငြောင်းလာခဲ့သည်။


ကျောင်းတုန်းကသူငယ်ချင်းအချို့ဆိုလျင် သေသူသေ၊မသေသူကသားသမီးမြေးတို့ဖြင့်
။ကျောင်းတုန်းကအကြောင်းပြောကြလျင်မိမိကိုယ်ကိုငယ်သွားသည်ထင်ရသည်ဟုပြောကြသော်လည်း၊မိမိအနေဖြင့် ရှက်သည့်စိတ်နှင့်အတူအော်ငါတို့တော်တော်လေးရူးခဲ့တာဘဲဟုခံစားမိသည်။ထိုစဉ်ကမိမိရေးခဲ့သောစာသည် တက္ကသိုလ်တက်ရောက်ခဲ့သည့် သူတို့သာလျင်ခံစားနိုင်မည်ဖြစ်ပါသည်။

အမှန်စင်စစ် မည်သူမဆို ခံစားသိတတ်နိုင်သောစာကိုရေးသားလိုသည့်ဆန္ဒ၊ လူတန်းစားမရွေး၊ အသက်ပိုင်းခြားမရွေး တက်ရောက်နေကြသော ဘ၀စာပေများကိုသင်ကြားနေကြရသည့်

ဘ၀ တက္ကသိုလ်အကြောင်းကို ရေးသားလိုသည့်ဆန္ဒ၊တနည်းအားဖြင့် အက္ခရာမပါသောစာများကိုသင်ကြားနေကြသည့်စာပေများကို မိမိနိုင်စွမ်းသောအသိ၊ အတွေ့အကြုံများဖြင့်မျှဝေပေးလိုသည့်ဆန္ဒ ….ထို…ထိုသော ဆန္ဒများဖြင့် စာရေးသားလိုခြင်းသည်

မိမိ၏စာပေသစ္စာစကားသာဖြစ်ပါသည်။
မေတ္တာရည်လျက်
မခင်မိုးညို