Thursday, September 18, 2014

ပန်းတွေ-တကုံးကုံး

         

ဒီခေါင်းစဉ်လေးက ဆရာကြီးဦးမင်းသုဝဏ်ရဲ့ မောင်ခွေးဘို့’ စာအုပ်ကလေးထဲက
၊ပန်းသည်..ဆိုတဲ့ သီချင်းကလေးရဲ့နောက်ဆုံးစာ တပုဒ်ပါ။
မောင်လေးရေ..ထပါတော့
ရောင်နီလာလှပေါ့..။
တကြော့ နှစ်ကြော့တေးကိုသီ
ငှက်ကြားနှူ တ်ပလီ။
တောင်ဆီနားက ခရေပန်း
ပင်အောက်ကြိုင်လို့လန်း။
ဗန်းလေးယူခဲ့မောင်လေးရယ်
သွားကောက်ချေစို့ကွယ်..၊
ပန်းသယ်.လုပ်စို့.တပြုံးပြုံး
ပန်းတွေ..တကုံးကုံး..။
ဒီသီချင်းကလေးကကျမတို့ငယ်စဉ်ကလေးဘ၀ကစလို့ယနေ့တိုင်
မိဘနဲ့သားသမီး၊မောင်နဲ့နှမမိသားစုရင်ထဲ၊နှလုံးသားထဲသို့တိုင် တိုးဝှေ့နေဆဲ၊ ခံစားနေရဆဲပါပဲ။
မနက်ခင်းရောင်နီလာချိန်လေးမှာခရေပန်းတွေကောက်ဖို့အမကမောင်လေးကို
မေတ္တာနဲ့ဂရုဏာစိတ်အရင်းခံတဲ့အသံနဲ့နှိုးနေတာလို့ခံစားမိပါတယ်..။ရိုးရိုးရှင်းရှင်းလေး
ဖြစ်ပေမဲ့၊ မိသားစုရဲ့သံယောဇဉ်၊မနက်ခင်းရဲ့မင်္ဂလာ၊ မေတ္တာရဲ့နက်ရှို င်းခြင်းတွေအပြည့်ပါတဲ့
မေတ္တာသီချင်းလို့တင်စားမိတယ်။
အချိန်ဆိုတဲ့ပြောင်းလဲခြင်းနဲ့အတူထပ်တူညီမျှအသက်တွေကလဲ ကြီးရင့်လာကြပြီး
ခံစားမူတွေ၊တွေးခေါ်မူတွေလဲ ပြောင်းလဲကြတယ်။
( ၁၀)နှစ်အရွယ်မှာဖတ်ခဲ့တဲ့စာနဲ့ ကဗျာ၊ကြည့်ခဲ့တဲ့ရုပ်ရှင်၊ နားထောင်ခဲ့တဲ့သီချင်း၊
ကြားနာခဲ့တဲ့တရားတော်များ....စသည်ဖြင့် ခံစားမူနဲ့ ယခုအရွယ်မှာ ခံစားဖြစ်တဲ့ခံစားမူတွေ
အားလုံးမတူတော့ဘဲ အနှစ်ကိုတဖြည်းဖြည်းသိနားလည်လာခဲ့တယ်။ဒါကြောင့် ဒီ ( ပန်းသည် )
ဆိုတဲ့ သီချင်းရဲ့အနှစ်ကိုလဲပိုပြီးသိနားလည်ခဲ့ပြီ။
ရောင်နီလာတဲ့မနက်ခင်းအချိန်ကနေပြီး.တနေ့တာလေးမှာ မေတ္တာစိတ်၊စာနာစိတ်
၊ဂရုဏာစိတ်၊များနဲ့အလှဆင်ကြပြီး ပြောင်းလဲနေတဲ့အချိန်ကာလကိုအေးချမ်းသောစိတ်၊
ကုသိုလ်စိတ်များနဲ့ကုန်လွန်ရင်းဒီမြေ၊ဒီရေဒီလေတွေကိုအတူခံစားနေကြတဲ့
သူတွေအားလုံးမိရင်းဖမခြား၊ မောင်ရင်းနှမ၊ ညီရင်းအကို၊သဖွယ် မျှတူခံစားကြရင်းနဲ့
မေတ္တာပန်းကုံးတွေကို တကုံးပြီး..တကုံး အပြုံးများစွာနဲ့သီကုံးရင်းဘ၀ရဲ့ အမော တွေကို
ဖြေလျှော့နိုင်ကြပါစေလို့ ဆန္ဒ ပြုလိုက်ပါတယ်.။
ဝါတွင်းကာလ၌ေ ရးသားခဲ့သောဆရာ၏ ( “သီကြတော့။ ဆိုကြတော့။ အပြစ်ကင်းစွာ ပျော်ကြတော့။ မနက်ခင်းကလေး သာယာနုပျိုပါစေသတည်း။”
မင်းသုဝဏ်၊ နံနက်ရိပ်သာ-တက္ကသိုလ်၊ ၁၃၁၃ ခု ဝါတွင်းချိန်။) မှတ်ချက်ပါ
ဤ သီချင်းကဗျာဖြင့်ဆရာ့အားရည်ရော်လျက်ကန်တော့ ပန်းတင်အပ်ပါသည်။
နှလုံးသားဥယျာဉ်ထဲတွင် မေတ္တာပန်းများထာဝရလန်းဆန်းကြပါစေ..။
မေတ္တာရည်လျက်
မခင်မိုးညို