Tuesday, September 23, 2014

မမြတ်တိုင်စေ


  ကျမစာမရေးတတ်ပါဘူး..ဒါပေမဲ့ဝါသနာပါတဲ့အတွက် ကြိုးစားပြီးရေးပါတယ်။စာဖတ်ခြင်းနဲ့စာရေးခြင်းကို နှစ်သက်မြတ်နိုးပြီး၊ ယခုအချိန်မှာဓမ္မဆွေးနွေးခြင်း၊ဘာသာရေးနဲ့သက်တိုင်တဲ့လုပ်ငန်းတွေလုပ်ဆောင်ခြင်းကိုပါ..
နှစ်သက်လာပါတယ်။တနည်းအားဖြင့် ကိုယ်တည်ဆောက်လိုတဲ့ခေါင်းစဉ်ကို အတွေးနဲ့စုစည်းပြီးဖွဲ့စည်းဆောက်တည်ခြင်းကို သဘောကျပါတယ်။အဲဒီလို အတွေးတွေတွေးနိုင်ဘို့အတွက် ခံစားနိုင်မူကအရေးကြီးသလို၊ ခံစားနိုင်အောင်လို့လဲ၊မြင်တတ်ဘို့အရေးကြီးပါတယ်။
တနည်းအားဖြင့် စာရေးခြင်းဖြင့် မိမိခံစားချက်ကို……လစ်ဟ..ဖေါ်ပြလိုက်ခြင်းဘဲဖြစ်ပါတယ်..။
ကိုယ့်ဘ၀လျှောက်လှမ်းခဲ့တဲ့ခရီးလမ်း ချောမွေ့ခြင်း၊ကြမ်းတမ်းခြင်း၊ပြေပြစ်ခြင်း၊ရုန်းကန်ရခြင်း..စတဲ့ခရီးလမ်းအတိမ်အနက်ပေါ်မှာမူတည်ပြီး…
ခံစားချက်တွေလဲ အနု အရင့်နဲ့ အတိမ်အနက်လဲကွဲပြားခြားနားကြမှာဖြစ်ပါတယ်..။
ဒါကြောင့် ကျမစာမရေးတတ်ပါဘူး..ဒါပေမဲ့လဲ မိမိဝန်းကျင်မှာဖြစ်ပေါ်နေတဲ့အကြောင်းအရာလေးတွေကို
စာရေးချင်တယ်ဆန္ဒ၇ှိတဲ့အတွက်..မိမိဝန်းကျင်ကိုမြင်တတ်အောင်ကြိုးစားရင်းနဲ့တဖြေးဖြေး  နားလည်သိတတ်ခံစားတတ်လာပါတယ်။
     ဆိုးတာတွေ့ရင်.ဘာကြောင့်ဆိုးတာလဲ
     ကောင်းတာတွေ့ရင်ဘာကြောင့်ကောင်းတာလဲ..လို့စဉ်းစားရင်းနဲ့ ကောင်းတာကို
 ဖြစ်ဘို့ ကောင်းစေနိုင်တဲ့အကြောင်းအရာတွေကိုမှတ်သားပြီးကျင့်သုံးတယ်..။
ဆိုးတာကိုလဲ..ဆိုးရ တဲ့အကြောင်းတရားကို ကူညီရှာဖွေရင်းနဲ့..တဘက်သူကောင်းလာစေဖို့
ကူညီဆောင်ရွက်တယ်..။စာရေးဖြစ်တဲ့အတွက် မိမိနှလုံးသားကို အများအတွက်မျှဝေခံစားဖြစ်ပါတယ်..။
ဒီလိုနဲ့ဘဲ ………..လဲနေသူကိုထူပေးနိုင်ဘို့..
         …………. ငိုနေသူကို ရယ်မောစေနိုင်ဘို့…
         …………..လွမ်းနေသူကို အလွမ်းပြေစေနိုင်ဘို့…
         ………….ဒုက္ခရောက်နေသူကို..သုခချမ်းသာပေးစေနိုင်ဘို့…
          .............အမှောင်ထဲရောက်နေသူကို…အလင်းရောင်တွေကမ်းပေးနိုင်ဘို့…
စတဲ့..စတဲ့နှလုံးလှဆောင်ရွက်မူတွေကိုဆောင်ရွက်ပေးနိုင်စေဘို့..ကိုယ်ကိုယ်တိုင်…
ကြိုးပမ်းဆောင်ရွက်ရင်းနဲ့စာတွေရေးတတ်နိုင်အောင်ကြိုးပမ်းသွားပါ့မယ်။

ကျမ လေးစားမြတ်နိုးတဲ့..ဆရာတက္ကသိုလ်ဘုန်းနိုင်
(ဦးခင်မောင်တင့်.မော်လမြိုင်ကောလိပ်၊တောင်ကြီးကောလိပ်၊နှင့်ပုသိမ်ဒီဂရီကောလိပ်ကောလိပ်ကျောင်းအုပ်ဆရာကြီး)ရဲ့..သစ္စာဆိုတဲ့ဆရာ့ခံယူချက်စာပုဒ်လေးကိုဖေါ်ပြရင်း…
                               သစ္စာ
                ငါ့စာဖတ်၍၊မမြတ်တိုင်စေ
                မရှုံးစေသား၊ပျင်းပြေနှစ်ခြိုက်
               တွေ့ဖွယ်ထိုက်ရာ၊တပိုဒ်တလေ
               တွေ့ငြားပေမူ၊စာပေကျေးကျွန်
               ငါ့ဝတ်ပွန်ပြီ၊ငါမွန်အမြတ်
               ငါအတတ်ဟု၊စာဖတ်သူ့ပေါ်
               ခေါင်းကိုကျော်၍၊ ငါသော်ဆရာ
               မလုပ်ပါတည်း..၊

                     မေတ္တာရည်လျက်
                           မခင်မိုးညို