Thursday, September 25, 2014

တွေးလိုက်တိုင်းမြင်...မြင်လိုက်တိုင်းလွမ်း





ဆောင်းရာသီလေညှင်းကိုမနက်က သိသိသာသာခံစားလိုက်ရပါတယ်..စိတ်မှာ ပြည်ကိုအထူးဘဲ
သတိရမိတယ်..။ဒါကြောင့် တွေးလိုက်တိုင်းမြင်...မြင်လိုက်တိုင်းလွမ်းမိတဲ့အတွက်ပြည်ရဲ့အမှတ်တရလေးတွေကိုတင်ဖြစ်ခြင်းဖြစ်ပါတယ်..။
သက်သာလိုသက်သာငြားပေါ့..။
မေတ္တာရည်လျက်
မခင်မိုးညို....။

( ၁ )၀န်ချတောင်စေတီ၊( ၂ )၀န်ချတောင်ဘုရား၊နဲ့ ( ၃ )လက်ရှင်တော်ပါ..။
နံပါတ်စဉ်( ၃ )က
ကသစ်နက် လက်ရှင် ဘုရားဖြစ်ပါတယ်။ကျွန်မစိတ်ထဲထင်နေတာက လက်ရှင်ဆိုတော့ လက်ကလှုပ်နေတာလားလို့ပေါ့ .. တကယ်တော့ လက်ကို အရှင်တပ်ထားတာမို့ ဖြုတ်လို့ရတာကိုပြောတာပါ။ မင်းတုန်းမင်းလက်ထက်က တည်ခဲ့တာလို့သိရပါတယ်။ မင်းတုန်းမင်းကြီးက ဆုတောင်းတဲ့အခါ ဘုရားလက်ကိုကိုင်ပြီး ဆုတောင်းပါတယ်တဲ့။ ဆုတောင်းပြည့်တယ်လို့ဆိုပါတယ်။ အမျိုးသမီးတွေ ဘုရားတင်ထားတဲ့ပလ္လင်နားအထိ တက်ဖူးဖို့အဆင်မပြေတာကြောင့် လက်ကိုဖြုတ်ပြီး ကလပ်ပေါ်တင်ပေးပါတယ်။ လက်ကိုထိကိုင်ပြီး ဆုတောင်းရင် ဆုတောင်းပြည့်ပါတယ်တဲ့