Thursday, October 9, 2014

အနှိုင်းမဲ့ မေတ္တာနှင့်အဆုံးမဲ့ မြတ်နိုးခြင်း

Thursday, December 15, 2011

အနှိုင်းမဲ့ မေတ္တာနှင့်အဆုံးမဲ့ မြတ်နိုးခြင်း

အနှိုင်းမဲ့မေတ္တာနှင့်အဆုံးမဲ့မြတ်နိုးခြင်း.ဟူသော ခေါင်းစဉ်ကို (12/12/2011) ည 8း45နာရီတွင် သိရှိ ခံစားခဲ့ပါသည်။ မည်သည့် အကြောင်းအရာကိုမဆို၊ အကောင်းဆုံးဖြစ်ကြောင်း၊ အဆိုးဆုံးဖြစ်ကြောင်းကို.. ပြောကြားနိုင်ရန် (သို့မဟုတ်) သုံးသပ်နိုင်ရန်... စံနှူန်းတခုအား အခြေတည်လျက်.... ပြောကြားခြင်း ၊ သုံးသပ်ခြင်းများ ပြုမူဆောင်ရွက်ကြပါသည်၊၊ သို့သော် ကျွန်မခံစားခဲ့သော မေတ္တာမှာ အဆိုပါ စံနှူန်းနှင့်မျှပင် စံမထားနိုင်သော.. အနှိုင်းမဲ့မေတ္တာပင်ဖြစ်ပါသည်.၊။

ထိုနည်းတူစွာ မိုးကောင်းကင်နှင့် မြေပြင် ထိစပ်နေသည်ဟု မြင်ကြရသောနေရာကို မိုးကုတ်စက်ဝိုင်းဟူ၍ သတ်မှတ်ကြပါသည်။ တနည်းအားဖြင့် အဆုံးမဲ့နေရာဖြစ်ပါသည်။ တဦးက အကြင်နာဖြင့် ငုံ့ကြည့်နေသော. မိုးကောင်းကင်၊ တဦးက အကြင်နာကို လက်ခံနေသော မြေပြင်ဟူ၍ မြတ်နိုးခြင်းကို ခံစားကြလျက်... အဆုံး မရှိသော မိုးကုတ်စက်ဝိုင်းပမာ. အဆုံးမဲ့မြတ်နိုးခြင်းပင်ဖြစ်ပါသည်။
မေတ္တာရည်လျက်
ခင်မိုးညို