တပို့တွဲပြီးရင် တပေါင်းလရာသီရောက်ပါတော့မယ်။မနှစ်က ရေးခဲ့တဲ့စာလေးကိုခုပြန်တင်လိုက်တယ်။
နှလုံးသားခံစားမူ့တစ်ရပ်အနေနဲ့လဲ...အလွမ်းရဆုံးလလေးဖြစ်တာမို့.အလွမ်းများရဲ့နောင်တော်လို့...တင်စားလိုက်ပါတယ်..။ လို့ရေးထားခဲ့ပါတယ်။ ခုလဲ လွမ်းနေရတာပါဘဲ။ တခုတော့ကွာခြားပါတယ်။ဒီနှစ်လွမ်းတာလေးက..မေတ္တာစိတ်နဲ့ယှဉ်တဲ့လွမ်းနေမူ့ပါ။ရယူလိုခြင်းမဟုတ်ဘဲ.၊

.မောင် စိတ်ချမ်းသာပါစေ....ကျန်းမာပါစေ ဆိုတဲ့မေတ္တာစိတ်ဖြစ်ပါတယ်။ဘယ်သူမဆိုကိုယ့်ဘ၀ကိုကိုယ်ကိုယ်တိုင်ဘဲသိပြီးနားလည်ကြရတာပါ။အဆင်ပြေအောင်၊အသက်ရှူရတာလေး
ဝ အောင်နေထိုင်ကျင့်သုံးရပါတယ်။မိမိစေတနာသည် သူ့အတွက်အကောင်းဆုံးဖြစ်စေချင်ရင် သူအဆင်ပြေသလိုသွားနေတာလေးကိုဘဲ..နားလည်ပေးလိုက်ခြင်းဖြစ်ပါတယ်။
လွမ်းတာ၊ချစ်တာ၊မြတ်နိုးတာတွေကို၊သိနေကြပေမဲ့ ဘာမှမလုပ်နိုင်ကြရတဲ့အခါ၊ သိခြင်းတရားကိုဘဲစိတ်ကမှတ်ယူနေလိုက်ရပါတယ်။
ဘယ်လိုအကြောင်းတရားတွေကိုရင်ဆိုင်ကြရပေမဲ့လဲ၊သူ့အကြောင်းတရားနဲ့သူ၊သူ့သဘောသူဆောင်နေကြရတာက
အမှန်တရားဖြစ်ပါတယ်။
နားလည်ခြင်း၊စာနာခြင်း၊ခွင့်လွှတ်ခြင်းဆိုတဲ့စိတ်ခံစားမူတွေကို၊ထဲထဲဝင်ဝင်သိလာတဲ့အခါမှာ၊စိတ်ကအလွန်ဘဲအေးမြခြင်းကိုခံစားလာရတဲ့အတွက်
အဲဒီအသိတရားတွေကို၊ရရှိဘို့နည်းလမ်းပြသခဲ့တဲ့ဘ၀ရဲ့ထာဝရ မောင့် ကိုကျေးဇူးအထူးတင်ရှိပါကြောင်း၊တပေါင်းလရဲ့ လွမ်းမောဖွယ်ရာသီဦးလေးမှာမောင့် ကိုလွမ်းရင်းပြောကြားလိုက်ပါတယ်။
မောင့်ထာဝရ
မခင်မိုးညို

Thursday, March 1, 2012
တပေါင်းလရောက်ပါပြီ။လ.တွေအားလုံးထဲမှာ...သဘာဝရှူခင်းအလှဆုံးမို့.လတွေရဲ့နောင်တော်..လို့တင်စားပြီးလ..များနောင်လို့ခေါ်ကြပါတယ်..။
ဘ၀မှာ.ပြည့်စုံသည်ဖြစ်စေ/မပြည့်စုံသည်ဖြစ်စေ...ခံစားမူ့ကတော့လူတိုင်းမှာရှိပါတယ်..။

လွမ်းရ/ဆွေးရ/ငိုကြွေးရ/ကြည်နူးရ/ပျော်ရွှင်ရ..နဲ့ဘ၀ဇတ်ခုံမှာ..တလူးလူး.တလိမ့်လိမ့်...က..နေကြရတာ..
ဒီလိုဘဲစက္ကံ့/နာရီ/ရက် /လ/နှစ်ကုန်လာကြတာ......ပြန်လှည့်ကြည့်ရင်..မနေ့တစ်နေ့ကလိုဘဲ..ထင်ရပါတယ်..။ ဒီလိုနေလာရင်း..တရံတဆစ်..ညအခါမှာစဉ်းစားတယ်..။ဦးတည်ချက်ဘာလဲဆိုတာပါဘဲ..။ခက်တာက..ဦးတည်ချက်လမ်းကြောင်း..
.ပြောင်းသွားရတာက..ဘ၀ရဲ့၃း၂..ဖြစ်နေတယ်..။
မျှတမူကိုနှစ်သက်တယ်..မမျှတမူ့ဖြစ်သွားတယ်။ကြည်နူးချင်တယ်...ဒေါသဖြစ်ရတယ်..။မေ့ချင်တယ်..လွမ်းနေရတယ်..။

ဆန့်ကျင်ဘက်တွေကဖြစ်ဖြစ်လာတော့....ပြောင်းပြန်ဘဲခံစားရတော့မှအဆင်ပြေမလားလို့တောင်တွေးမိတော့တယ်..။
ခက်တာက....ကိုယ်ကိုယ်တိုင်..မလုပ်နိုင်တာပါ..။လုပ်နိုင်လဲဆန့်ကျင်ဘက်ဘဲဖြစ်လာမှာပါ..။
ဒီလ..ဒီရာသီမှာ..ပန်းတွေရောင်စုံပွင့်သလို..သစ်ရွက်တွေကလဲ.၀ါတချို့.နီတချို့.မရမ်းတချို့နဲ့.ဆေးပန်းချီဆွဲထားသလို...လှနေကြပါတယ်..။

ဒီအခါမှာ..ရင်ထဲမှာ.နူးညံ့နေပြီး...လွမ်းတဲ့စိတ်..လွှမ်းမိုးလာတယ်..။
ဘ၀ရဲ့အဆင်မပြေခြင်း/အဆင်ပြေခြင်း....တွေကို..ခါတိုင်းချိန်ထက်..ဒီရာသီလေးမှာ..ပိုခံစားရပါတယ်..။
ကျမ..ဘ၀.မှာတော့..ဒီတပေါင်းလရာသီလေးဟာ..လတွေအားလုံးထဲမှာအလှဆုံးမို့နောင်တော်ဖြစ်သလို.....

နှလုံးသားခံစားမူ့တစ်ရပ်အနေနဲ့လဲ...အလွမ်းရဆုံးလလေးဖြစ်တာမို့.အလွမ်းများရဲ့နောင်တော်လို့...တင်စားလိုက်ပါတယ်..။
Posted by Ma at 3/01/2012 04:52:00 PM
Labels: မောင့်..ထာဝရမ..29ထာဝရမ