Tuesday, March 5, 2013

ကြည်ညိုခြင်း၊ရိုသေခြင်း၊မြတ်နိုးခြင်း၊လေးစားခြင်း များစွာဖြင့်၊



   ကြည်ညိုခြင်း၊ရိုသေခြင်း၊မြတ်နိုးခြင်း၊လေးစားခြင်းများစွာဖြင့် 
  ရှိခိုးဦးနှိမ်ကန်တော့အပ်ပါသည်။    အထက်ပါ ဓါတ်ပုံများသည် မန္တှလေးမှ( ၇ )မိုင်အကွာတွင်တ်ာရှိသောအမရပူရမဟာဂန္ဓာရုံ ကျောင်းတိုက်
(၁)၀င်ပေါက်မုဒ်ဦး
(၂)ကျောင်းတိုက်တွင်းရှိကျောင်းဆောင်တိုင်း၏
    အ၀င်တွင်ထားရှိသောစည်းကမ်းချက်တစ်ဆယ်ချက်  
( ၃ )မဟာဂန္ဒာရုံဆရာတော်ဘုရား၏မြတ်စွာဘုရားထံကြည်ညိုမူစိတ် 
( ၄ ) သံဃာတော်များ၊ဖိုးသူတော်များမှနံနက်ခင်းသြ၀ါဒခံယူနေခြင်း 
( ၅ ) ဆွမ်းစားဆောင်သို့၊၀ါစဉ်အလိုက်ဖိုးသူတော်မှအစ စံနစ်တကျစီတန်းကြွလာခြင်းနှင့်
 ( ၆ ) ဧည့်သည်များစည်းကမ်းရှိရန်ညွှန်ကြားချက်  ဖြစ်ပါသည်။
         မိမိအနေဖြင့်ဘ၀တလျောက်လုံး သိတတ်ချိန်မှအစပြုလျက်အမိနှင့်အဖ၏ဂုဏ်ကျေးဇူးကိုအသက်ရှူတိုင်းဦးထိပ်ပန်ဆင်ပါသည်။
အမိ၏ဘာသာတရားအပေါ်ကိုင်းညွှတ်ရိုသေခြင်းနှင့်အဖ၏ခေါင်းဆောင်ကောင်းတစ်ယောက်ထားရှိသည့်
အနစ်နာခံခြင်း၊စာနာခြင်း၊စွန့်လွှတ်ခြင်းများသည်မိမိမှမြတ်နိုးသောမိဘများ၏ဂုဏ်ဖြစ်ပါသည်။ရတနာသုံးပါးနှင့်အမိအဖ၊ဆရာများကို
မည်ကဲ့သို့ကြည်ညိုရမည်၊လေးစားရမည်၊ကိုင်းရှိုင်းရမည်ကိုအမိထံမှမှတ်သားနာယူရသကဲ့သို့ မိမိ၏ထက်တဆင့်နိမ့်ဝန်ထမ်းများအပေါ်တာဝန်ယူခြင်း
၊ကျောသားရင်သားဟူ၍မခွဲခြားဘဲ၊ဆက်ဆံခြင်း၊စည်းလုံးခြင်းသည်ခွန်အားဖြစ်သည့်အတွက်စည်းလုံးမူရှိရန်၊ခေါင်းဆောင်ဖြစ်သူမှအနစ်နာခံခြင်း၊ကိုယ်ချင်းစာနာပေးခြင်း
တသွေးတည်းတသားတည်းနေထိုင်ပြောဆိုခြင်း၊ကြောက်ခြင်းထက်ဖြစ်ခြင်းမေတ္တာကိုခံစားစေခြင်းများကိုအဖသည်ဆောင်ရွက်ခဲ့၏။ ထိုသို့သောအမိနှင့်အဖကြောင့်မိမိသည်ဘ၀တွင်ကိုယ်စိတ်နှစ်ပါးကို ကောင်းမွန်စွာဆောက်တည်တတ်လာပါသည်။
မိမိ၏အမိသည်စာကောင်းပေကောင်းများကို၊လေ့လာဖတ်ရှူ့သဖြင့်၊အမိကောင်း၊ဇနီးကောင်း၊မိန်းမကောင်းဖြစ်ပါသည်။
အမိသည် မဟာဂန္ဓာရုံ ကျောင်းတိုက်၊ မဟာဂန္ဓာရုံဆရာတော်အား အလွန်ကြည်ညိုပါသည်။
ဆရာတော်၏စာအုပ်များကို စာပေလောက စာအုပ်တိုက်မှာ ၀ယ်ယူလေ့ရှိသည်။ထိုစဉ်က စာပေလောကစာအုပ်တိုက်သည် (၃၃)လမ်း၌ပင်ရှိသေး၏။အမိသည်စာအုပ်များကိုဝယ်ယူ၍သာဖတ်ပါသည်။
ငှါး၍ဖတ်လေ့မရှိပါ။အသက်အပိုင်းအခြားအလိုက်စိတ်၏ပြောင်းလဲခြင်းကို အမိသည် မိမိတို့မောင်နှမအား လက်တွေ့ဆုံးမပြသခဲ့ပါသည်။
စာသည် ထိုစာပင်ဖြစ်သော်လည်း အသက်အရွယ်အရ၊ခံစားခြင်းရသသည်ပြောင်းလဲကုန်၏။ 
 ထိုထိုသောအကြောင်းတရားတွင် မဟာဂန္ဓာရုံဆရာတော်နှင့် မဟာဂန္ဓာရုံကျောင်းတိုက်သည်မဖူးဖူးလျင်(ဆရာတော်စာများကိုမဖတ်ဖူးလျင်)မရောက်ဖူးလျင်သာသနာ
တခေတ်နာသည်ဟုပင်ပြောရလောက်အောင်( စံ ) တခုအဖြစ်တည်ရှိပါသည်။သင်္ကန်းသည်မည်မျှတန်ဖိုးရှိ၍သိက္ခာရှိကြောင်းကို ဆရာတော်သည်၊ကိုယ်ရင်ဝတ်လျင်သင်္ကန်းမနိုင်၊အချိုးမကျမည်ကိုမလိုလားသောကြောင့် ဖိုးသူတော်ဘ၀ဖြင့်ဖိုးသူတော်ဝတ်ကို စနစ်တကျ( ၆ )လ ၀တ်စေပြီးမှသာလျင် ကိုရင်ဝတ်စေပါသည်။တိုအခါ ကိုရင်ပင်ဖြစ်သော်လည်း သကန်င်္းဝတ်ဖြင့်ကြည်ညိုဖွယ်အတိဖူးမြှော်ရကုန်၏။ ဤသည်ကားဘုရားကိုအဘယ်မျှကြည်ညိုကြောင်းဆရာတော်၏စိတ်တစိတ်တဒေသဖြစ်ပါသည်။
   မိမိနေထိုင်မကောင်းဖြစ်တိုင်း အမိနှင့်အဖကိုပို၍လွမ်းပါသည်။ချစ်ကျွမ်းဝင်သောသူကိုလည်း တမ်းတပါသည်။ထိုထိုသောလွမ်းစိတ်၊
တမ်းတစိတ်များဖြစ်ပေါ်လာသည့်အခါတိုင်း၊လှဲလျောင်းရာမှလည်းကောင်း၊ထိုင်လျက်မှလည်းကောင်း၊ဆရာတော်ဘုရားနှင့်ကျောင်းတိုက်သည်
အသိစိတ်တွင်အရိပ်ပမာထင်ထင်ရှားရှားပေးလာလျက်၊စိတ်ကောင်းရှိဖို့ပထမဆိုသည့်အတိုင်းစိတ်ကောင်းစေတနာကောင်းများကိုဆင်ခြင်သုံးသပ်ကာ၊ကုသိုလ်စိတ်၊အကုသိုလ်စိတ်ခွဲခြားလျက်
   ကြည်ညိုခြင်း၊ရိုသေခြင်း၊မြတ်နိုးခြင်း၊လေးစားခြင်း များစွာဖြင့်၊ကျေးဇူးရှိသောသူတိုင်းကို  ရိုသေစွာဖြင့် ဦးထိပ်ပန်ဆင်ကန်တော့နေလိုက်ပါတော့သည်။

 ခင်မိုးညို