Monday, March 4, 2013

သိကြားစေ



   နေမကောင်းတော့ ပိုသတိရပါတယ်။လွမ်းတယ်လို့ပြောရင် ပိုပြီးပြည့်စုံပါမယ်။ဒါကြောင့် မောင့်ရင်ငွေ့ရှိရာလေးကိုဖြေးဖြေးချင်းလှမ်းသွားပြီး..ဖြေးညှင်းစွာနဲ့ခိုလှူံလိုက်ပါတယ်။မောင့်
ရင်ငွေ့လေးများမှာ..........................။ 


Wednesday, February 29, 2012
မောင်.....
၂၉ နေ့လေးမှာ ဘ၀အတွက်အမှတ်ရရ မောင်ဆိုတဲ့ဝေါဟာရကိုမွေးဖွားခဲ့တယ်..။ဒီနှစ်ရက်ထပ်နှစ်မို့ ၂၉..ဆိုတဲ့ရက်စွဲလေးရှိပါတယ်..ဖေဖေါ်ဝါရီလ..က ၂၈ ရက်လကုန်တယ်လေ..။ရက်ထပ်နှစ်မဟုတ်ရင်..ဒီလမှာ..၂၈.ရက်ဘဲပြီးပါမယ်။ဒါကြောင့်..ရက်ထပ်နှစ်မဟုတ်တဲ့.ဖေဖေါ်ဝါရီလမှာ....၂၉.မရှိဘူးနော်....မောင်..။ မောင်....မ...ဒါကြောင့်..မ..တို့ငယ်ငယ်က သင်ရတဲ့.သင်္ချကဗျာလေးထည့်ရေးလိုက်တယ်..။
......... ရက် ..၃၀ မှာစက်တင်ဘာ
......... ဧပြီ၊ ဇွန် နဲ့ နိုဝင်ဘာ
......... ကျန်သောလမှာ ၃၁
......... ဖေဖေါ်ဝါရီ ၂၈......တဲ့။
......... ရက်ထပ်နှစ်မှာတစ်ရက်တိုး ဖေဖေါ်ဝါရီ ၂၉...။
Posted by Ma at 2/29/2012 02:08:00 PM http://www.blogger.com/img/icon18_edit_allbkg.gif

ချစ်တယ်ဆိုရုံ ၊ ဘယ်လုံလောက်မလဲ ၊ မင်းနဲ့ပါတ်သက်လာရင်...
ဝိညည်ခန္ဓာ ၊ နှစ်ခုစလုံးရဲ့ ၊ ညီမျှခြင်းပါ...

လပြည်ညတိုင်းမှာ ပြည့်ဝင်းနေတဲ့ လမင်းကြီးကို ငေးကြည့်ရင်းနဲ့ ကောင်းကင်နဲ့ မြေကြီးအဖြစ် တစ်ယောက်ကို တစ်ယောက် တင်စားဖြစ်ခဲ့ကြတာ... မောင်က မ.ကို ကောင်းကင်လို့ တင်စားတော့ မ.က လက်မခံဘူးလေ... မောင်က ကောင်းကင်ပါတဲ့။ မ.က မြေတဲ့။ ကောင်းကင်က ကမ္ဘာမြေကို ကြင်နာစွာ စိုက်ကြည့်နေတာတဲ့။ ကမ္ဘာမြေကတော့ ကောင်းကင်ကို လေးစားအားကိုစွာ မော့ကြည့်နေတာတဲ့... ဒါကြောင့် မောင်က ကောင်းကင်ကြီးဖြစ်ပြီး မ.ကတော့ ကောင်းကင်ကို မော့ကြည့်နေတဲ့ ကမ္ဘာမြေပါလို့ မ. မောင့်ကို ပြောခဲ့တယ်။

Thursday, December 15, 2011 
အနှိုင်းမဲ့မေတ္တာနှင့်အဆုံးမဲ့မြတ်နိုးခြင်း.ဟူသောခေါင်းစဉ်ကို(12/12/2011)ည8း45နာရီတွင်သိရှိခံစားခဲ့ပါသည်။မည်သည့်အကြောင်းအရာကိုမဆို၊အကောင်းဆုံးဖြစ်ကြောင်း၊အဆိုးဆုံးဖြစ်ကြောင်းကို.. ပြောကြားနိုင်ရန် (သို့မဟုတ်)သုံးသပ်နိုင်ရန်..စံနှူန်းတခုအားအခြေတည်လျက်...ပြောကြားခြင်း၊သုံးသပ်ခြင်းများပြုမူဆောင်ရွက်ကြပါသည်၊၊ သို့သော်ကျွန်မခံစားခဲ့သောမေတ္တာမှာအဆိုပါစံနှူန်းနှင့်မျှပင်စံမထားနိုင်သော.အနှိုင်းမဲ့မေတ္တာပင်ဖြစ်ပါသည်.၊။ထိုနည်းတူစွာ မိုးကောင်းကင်နှင့်မြေပြင် ထိစပ်နေသည်ဟုမြင်ကြရသောနေရာကို မိုးကုတ်စက်ဝိုင်းဟူ၍ သတ်မှတ်ကြပါသည်။ တနည်းအားဖြင့် အဆုံးမဲ့နေရာဖြစ်ပါသည်။ တဦးက အကြင်နာဖြင့် ငုံ့ကြည့်နေသော. မိုးကောင်းကင်၊ တဦးက အကြင်နာကို လက်ခံနေသောမြေပြင်ဟူ၍မြတ်နိုးခြင်းကိုခံစားကြလျက်...အဆုံးမရှိသောမိုးကုတ်စက်ဝိုင်းပမာ. အဆုံးမဲ့မြတ်နိုးခြင်းပင်ဖြစ်ပါသည်။