
ရေရမယ်ေ ရ.. ...................နွေရာသီရောက်သည်နှင့်၊ထိုအသံကိုပြန်လည်ကြားယောင်နေဆဲ။ ယခင်က ရေသန့်ဘူးများမရှိသေးချိန်။ခရီးသွားလျင် ရေကိုကြိုချက်၊အအေးခံပြီးယူဆောင်နေကြသည့်အချိန်။အချို့သောသူက ထိုသို့ရေကျက်အေးကိုယူသွားကြသော်လဲ၊အချို့သောသူများက
( ရေရမယ်ေ ရ..)ဟူသည့်ရေသည်ကလေးများထံမှရေကိုဝယ်၍အသုံးပြုကြသည်။မည်သို့ဆိုစေ၊ဤနွေရောက်လာသည်နှင့်
ရထားလမ်းတောရွာ
ဘူတာ၊ကားလမ်းဝဲယာတလျှောက်တွင် ရေရမယ်ေ ရ.. ..................ဟူသည့်အသံစာစာလေးများသည်၊ ဥသြ...ဥသြဟူသည့်ဥသြငှက်သံ နှင့်အပြိုင်ကြားရစမြဲ။
ကျမဘ၀တွင်ဘယ်သောအခါမှမမေ့နိုင်သော၊မြင်ကွင်းတစ်ခုရှိပါသည်။မှတ်မိသမျှနွေကျောင်းပိတ်ရက်တွင်ရန်ကုန်မှပြည်သို့ရထားဖြင့်ပြန်ခဲ့စဉ်ကဖြစ်သည်။
ကြို့ပင်ကောက်ဘူတာတွင်ရထားရပ်သောအခါံ ရေရမယ်.. ရေ.......ဟူသည့်ရေရောင်းသံများကိုကြားရသည်။ရေတအိုးကိုမှာ၍မျက်နှာသစ်သူကသစ်၊သောက်သူကသောက်၊ဒံမတ်ခွက်ကလေးနှစ်ခွက်ကိုတမတ်ပေးသူ၊
ငါးမူးပေးသူနှင့် ရေတအိုးကို ( ၂ )ကျပ်မျှရသည်။စေတနာကောင်းသူနှင့်တွေ့လျင် ( ၂ ကျပ်ခွဲ )မျှရသည်။ထိုအခါ သူကလေးတို့၏မျက်နှာတွင်အပြုံးပန်းများလှိုင်လျက် အလွတ်ရေအိုးကိုပိုက်၍အားသွန်ခွန်စိုက်အိမ်သို့ပြန်ပြေးကြလေ၏။ထိုနေ့ကဘူတာရထားဆိုက်သည်နှင့်ကျမနှင့်တခုံကျော်မှအမျိုးသားကြီးတစ်ယောက်ကရေသည်ကိုလှမ်းခေါ်သည်။
ခလေးမလေးကအားရ၀မ်းသာပြေးလာကာရေအိုးကိုကမ်းပေးလိုက်ပါသည်။ထိုလူကြီးသည်မျက်နှာသစ်၊လက်ဆေးနှင့်ရေတအိုးလုံးကိုသုံးလိုက်သည်။
ပြီးနောက်ထိုခလေးကို ( ငါးမူးစေ့တစ်စေ့ )ပေးလေ၏။ကျမအလွန်အံ့အားသင့်သွားမိသည်။
ခလေးခမျာမှာလည်းငါးမူးစေ့ကိုကိုင်၍ဘာမှမပြောသော်လည်း၊မျက်နှာမှာညှိုးကျသွားတော့သည်။ထိုလူကြီးမှာလူအများစုမှအထင်ကြီးနိုင်လောက်သည့်ဟန်အပြည့်နှင့်။
သူဘာလဲဆိုတာကျမမသိပါ။သို့သော်သူဘယ်လိုလူတန်းစားလဲဆိုတာကိုတော့ ကျမသိလိုက်သည်။ထိုစဉ်ကတည်းကစ၍လူတို့၏ပြင်ဆင်ထားသည့်ဟန်ပြရုပ်လက္ခဏာနှင့်စိတ်တို့သည်တခြားစီဖြစ်လေ့ရှိကြောင်းကိုအကြမ်း
ဖျင်းသိလိုက်ရပါသည်။ထဲထဲဝင်ဝင်သိရသည်ကတော့ဘ၀ကိုဖြတ်သန်းလာရင်းနင့်သိလာရပါသည်။
ကျမ ပြည်သို့ရောက်ပြီးနောက်တနေ့မိသားစုဆရာဝန်အိမ်သို့ဆရာဝန်မိသားစုမှာထားသောစာအုပ်တချို့ကိုသွားပေးဖြစ်သည်။တိုက်တိုက်ဆိုင်ဆိုင်
ရထားပေါ်တွင်တွေ့ခဲ့သော (ငါးမူးမျှသာစေတနာအားရှိသည့်)ထိုလူကြီးနှင့်ဆုံပါတော့သည်။လက်ဆောင်တွေကိုလဲ စားပွဲပေါ်မှာတင်ထားပါသေးသည်။
ဆရာဝန်က မေမေနှင့်မိတ်ဆက်ပေးသည်။သူ က သူဘယ်မှာနေကြောင်း၊လူမူရေးဆောင်ရွက်ချက်များကိုမည်သို့လုပ်နေကြောင်း၊လူတိုင်းကိုစေတနာထား၍မေတ္တာမျှဝေပြီးနေထိုင်ကြောင်း..
စသည်ဖြင့် ငါးမူးနှင့်မျှပင်မတန်ရွှန်းရွှန်းဝေအောင်ပြောပါတော့သည်။
မေမေကတော့ပြုံး၍လူကြီးပီပီဟန်မပျက်နားထောင်နေသော်လည်း ကျမကတော့ ပန်းခြံလဲသို့ဆင်းလာကာ
ထိုသို့သောလူတွေသည်မိမိ၏အကျိုးတရားရရှိရန်ကြိုတင်သိမြင်ကာ၊ထိုအကျိုးတရားရရန်အတွက်မည်သို့ဆောင်ရွက်ပြီး၊လူအများအထင်ကြီးရန်နေထိုင်သွားမည်ကိုဆက်လက်စဉ်းစားနေမိသည်။
မိမိအကျိုးအတွက်မိမိမှပေးပြီးအကျိုးရယူမည့်လူတန်းစား၊မည်သည့်အရာကိုမှမမြှော်လင့်ရဲသော်လည်းမိမိချွေးနဲစာလေးမျှကိုသော်မှအပြည့်အဝ
မရှိဘဲပေးသမျှလေးနှင့်လက်ခံနေရသည့်လူတန်းစား၊ထိုလူတန်းစား(၂ )ရပ်ကို ကျမတွေ့မြင်ခဲ့ရပါသည်။
တစ်ဦးကရေ ရမယ်ရေ....ဟူ၍ နေပူထဲတွင်မည်သူခေါ်နိုးနိုးနှင့်ကျီးကန်းတောင်းမှောက်ကြည့်ရင်းအော်နေရသည့်လူတန်းစား၊ထိုလူတ်းစားသည်ဘာကိုမှမမြှော်လင့်ရဲနိုင်ပါ။သူ၏ခွန်အားသည်
ရေ ရမယ်ရေ....သာဖြစ်ပါသည်။
တစ်ဦးကမိမိ၏အကျိုးအတွက်ပေး၍အကျိုးရယူမည့်အပေးနှင့်အယူရှိသည့်လူတန်းစား။
ထိုလူတန်းစား(၂ ) ရပ်ကိုသိရှိခံစားပြီးလိုက်ချိန်မှစ၍..ကောင်းသောမွန်မြတ်သောစိတ်ကို ကျမသည်မြတ်နိုးကိုးကွယ်ခြင်းဖြင့်လူပီသရန်ပြောဆိုနေထိုင်စီမံသွားမည်ဟူ၍ပိုင်းခြားထင်ထင်ဆုံးဖြတ်လိုက်ပါတော့သည်။
၏ခင်မိုးညို
