မြန်မာစာတွင်စာလုံးပေါင်းမှားခြင်း၏အတွေ့ကြုံကိုရေးသားခဲ့ပါသည်။ယခု အမြဲစိမ်း၏ Phonetic အသံထွက် ဖတ်နည်းလမ်းညွှန်
အားဖတ်ပြီးသည့်နောက်အသံထွက်၏အဓိပ္ပါယ်အမှန်ကိုမသိခဲ့ခြင်းကြောင့်ကြုံတွေ့ခဲ့သည့်အကြောင်းအရာတစ်ခုအားရေးသားလိုစိတ်ဖြစ်လာပါသည်။
ကျန်းမာရေးအခြေအနေအရဆရာဝန်၏ညွှန်ကြားချက်မှာလွန်ခဲ့သည့် (၂၀) မိနစ်ခန့်က ရေးသားပြီးသော ( ပေါက်လဲပွင့်ငုံ၊သရက်ထုံ၍..ဟူသောအသိ၏နောက်ဝယ်) ပြီးသည်နှင့်စိတ်ကိုအနားပေးရန်ဖြစ်ပါသည်။စာရေးသူတိုင်းသည်မိမိရေးမည့်အကြောင်းအရာ၌
ထဲထဲဝင်ဝင်ခံစားတတ်ကြပါသည်။ ထိုအခါစိတ်သည်အကြောင်းအရာပေါ်နှင့်အခြေအနေပေါ်မူတည်၍ပင်ပန်း၏ ၊ထို့အတူကြည်နူး၏။သတိပြုမိမည်ဆိုလျင် ကျမ၏စာများသည်စာဖတ်သူတို့၏စိတ်ကိုအသိစိတ်ပေးသောစာများဖြစ်ပါသည်။ထိုကြောင့်စိတ်၏ရသပိုင်းဆိုင်ရာဖြစ်ခြေများပါသည်။စာဖတ်သူကိုလေးစားစိတ်ဖြင့်ရေးပါသည်။
ထိုကြောင့် ကျမပင်ပန်းပါသည်။သို့သော်စာရေးခြင်းကိုကျမ နှစ်သက်ပါသည်။ဆရာဝန်၏ဆူခြင်း၊သတိပေးခြင်းများကြားထဲကပင်ကျမရေးနေခြင်းဖြစ်ပါသည်။ဆက်လက်၍...
အမြဲစိမ်း၏ Phonetic အသံထွက် ဖတ်နည်းလမ်းညွှန် နှင့်စပ်လျဥ်း၍.....။ ဥပဒေ နောက်ဆုံးနှစ်၏သူငယ်ချင်းများဖြင့်ခရီးထွက်ခဲ့စဉ်က၊အတွေ့ကြုံဖြစ်ပါသည်။ကျမတို့ ကျောင်းသားများအဖွဲ့(၁၂)ယောက်ရှိပါသည်။
ကျောင်းပြီးလျင်ကိုယ့်ဒေသ၊ကိုယ့်ဌာနေသို့ပြန်ကြရတော့မည်၊ဟူသောနှူတ်ဆက်ခွဲခွါရမည့်စိတ်ကြောင့် အမှတ်တရ ခရီးတစ်ခုထွက်လိုကြသည်။အားလုံး၏ညီညာသောဆုံးဖြတ်ချက်ဖြစ်သည့် မြန်မာတို့၏၀ိညဉ်ပုဂံသို့ညီညီညာညာခရီးထွက်ခဲ့ကြလေသည်။
အကျဉ်းပြောရလျင် ကျမ တို့အဖွဲ့နှင့် ဧည့် နိုင်ငံခြားသား( အင်္ဂလိပ်)ဇနီးမောင်နှံကို လိုက်ပို့သောမြန်မာဇနီးမောင်နံတို့ ရွှေစည်းခုံဘုရားတွင်ဆုံတွေ့ရာမှ Refuse သောစကားသံထွက်မှ သိလိုက်ရခြင်းဖြစ်ပါသည်။
နိုင်ငံခြားအမျိုးသမီးမှ ဓါတ်ပုံမရီုက်လို၍ ငြင်းပယ်လိုက်ခြင်းဖြစ်သော Refuse ကို မြန်မာမိန်းခလေးမှ အမှိုက်ဟုပြောလိုက်သည်ထင်၍အမှိုက်ကိုလဲရှာ၊ဓါတ်ပုံကိုလဲရိုက်ဖြစ်အောင်ရီုက်လိုက်ပါတော့သည်။
ဤ တွင် နိုင်ငံခြားအမျိုးသမီးမှ စိတ်ဆိုးကာပုဂံသို့ပင်မသွားတော့ဘဲ ချက်ချင်းထပြန်တော့မည်ဖြစ်နေ၍ မြန်မာယောက်ကျားလေးမှ လွန်လွန်ကဲကဲပင်တောင်းပန်ရပါသည်။ ပုဂံတွင်တည်းခိုရန်နှင့် ၀န်ဆောင်ခငွေများကို ကြိုတင်ပြီးရှင်းထားပြီးဖြစ်နေ၍ထိုကဲ့သို့တောင်းပန်နေရခြင်းဖြစ်ကြောင်းကိုနောင်တွင်
စကားစပ်မိမှသိရသည်။ မြန်မာအမျိုးသားမှပြောကြားသောစကားမှာ (Broken english) ပြော၍ရသော
နိုင်ငံခြားသားများရှိသကဲ့သို့ သဒ္ဒါမှန်ဖြင့်ပြောရသောသူများလည်းရှိကြောင်း အထူးသဖြင့် အသံထွက်ကိုအမှန်အတိုင်းသိရှိမှအဓိပ္ပါယ်အမှန်သိနိုင်သဖြင့်အသံထွက်ကိုသိနိုင်ရန်
အလွန်အရေးကြီးကြောင်း၊ယခုကိစ္စမှာလည်းနိုင်ငံခြားသား၏အသံထွက်ကိုသူ့ဇနီးမှအဓိပ္ပါယ်အမှန်ကိုမသိ၍ တောင်းပန်ရသည်
့အခြေအနေထိဖြစ်လာကြောင်း ၊ ငြင်းဆိုခြင်းကိုပြောသည့်အသံထွက်နှင့် အမှိုက်ကိုပြောသည့်အသံထွက်အား
သေချာဂဃနဏ မသိ၍ဖြစ်ကြောင်း ဟူ၍ဖြစ်ပါသည်။
ထို့ကြောင့်အသံထွက်အမှန်ကိုကြိုးစားလေ့ကျင့်လျက်၊အဖိုးထိုက်တန်သောအချိန်များကို၊မိမိ၏ရည်ရွယ်ချက်၊ဦးတည်ချက် ပဏာမအရ၊အနိမ့်အမြင့်၊အတိမ်အနက်အလိုက်မူတည်၍တန်ဘိုးရှိစွာအသုံးပြုနိုင်ကြပါစေကုန်ဟူ၍စေတနာထားကာ၊
အမြဲစိမ်း၏ Phonetic အသံထွက် ဖတ်နည်းလမ်းညွှန် ဆောင်းပါးကဲ့သို့စာများနောင်တွင်လည်း
ဖတ်ကြားရပါစေဟူ၍ ဆန္ဓပြုအပ်ပါသည်။
လေးစားခင်မင်စွာဖြင့်
၏ခင်မိုးညို
အမြဲစိမ်း၏ Phonetic အသံထွက် ဖတ်နည်းလမ်းညွှန် အားရည်ညွှန်းပါသည်။