Thursday, April 25, 2013

အနှိုးင်းမဲ့မေတ္တာရှင်







စစ်ကိုင်းတောင်ရိုး ကျစွာဆရာတော်၊သိရီ လက္ခဏရာမ ဒဂုံသာသနရိပ်သာ( ရန်ကုန် ) ပဓာန နာယက ဆရာတော်
                                              ဒေါက်တာ ဘဒ္ဒန္တလက္ခဏ ( ပါဠိပါရဂူ )
ဆရာတော်ဘုရားအား ဤစာစဉ်ဖြင့် ပူဇော်အပ်ပါသည်။
ယနေ့တန်ခူးလပြည့်နေ့ ဖြစ်ပါသည် ။
တန်ခူးလပြည့် ညနေ(၆)နာရီ(နေနှင့်လ)နှစ်စင်းဆုံချိန်သည်ဆရာတော်၏မွေးနေ့အချိန်ဖြစ်ပါသည်။ မိမိမွေးမိခင်သည် ရုံးဌာနတွင်
တာဝန်ထမ်းဆောင်စဉ်  ( စနေ၊တနင်္ဂနွေ ) ရုံးပိတ်ရက်၌ ဟာမစ်တစ် မဟာစည် သာသနာ့ ရီပ်သာတွင် အချိန်ပိုင်းတရားဝင်ခဲ့ရာ
ဆရာတော်သည် မဟာစည်သာသနာရိပ်သာ၌ ကမ္မာဌာနာစရိယ ဆရာတော်ဖြစ်ပါသည်။ဆရာတော်ဘုရားသည် မဟာစည်ဆရာတော်ဘုရားကြီးနှင့် ကမ္မာဌာနာစရိယ-နာယကဆရာတော် ဦးပဏ္ဍိတဘိဝံသ  (ယခု-ပဏ္ဍိတာရာမ ရွှေတောင်ကုန်း
ဆရာတော်ကြီး)တို့၏အထံတော်၌ သတိပဌာန် တရားတော်ကိုလက်တွေ့ကျင့်ကြံအားထုတ်တော်မူခဲ့ပါသည်။
   မိခင် တရားအားထုတ်ရာသို့ လိုက်ပါသွားခဲ့ပြီး မိခင်၏  ယောဂီအ၀တ်များကို လျှော်ပေးခြင်း၊ ဖျော်ရည်ဖျော်ပေးခြင်း ၊မိခင်မှ
လှူဒါန်းလိုသည်ဟူသမျှကို စီမံဆောင်ရွက်ပေးခြင်း နှင့် ညရေးညတာကိစ္စများမှအစ မိခင်အားအရိပ်ပမာ ပြုစုကာ ကိုယ်တိုင်လည်း
တရားအားးထုတ်ခဲ့ပါသည်။
  ဆရာတော် ၏ကြည်ညိုဖွယ်၊လေးစားဖွယ်များကို  မှတ်သားနာယူကာဆရာတော်၏အဆုံးအမကို မြေ၀ယ်မကျ နားထောင်ခဲ့ပါသည်။
ဆရာတော်သည် ယခုအချိန်ထိစစ်ကိုင်းတောင်ရိုး  ကျစွာချောင် မဟယ၀ိဇယရံသီစာသင်တိုက်နှင့် မဟာအတုလရံသီ ဓမ္မရိပ်သာတို့၌ စာသင်သားရဟန်းသာမဏေ များနှင့် ပြည်တွင်းပြည်ပရဟန်းရှင်လူ ယောဂီများအား သတိပဌာန်တရားတော်ကို
လက်တွေ့သင်ကြားပြသ၍ ပရိယတ္တိနှင့် ပဋိပတ္တိ သာသနာ့တာဝန်နှစ်ရပ်ကို ထမ်းဆောင်တော်မူလျက်ရှိသည်။
ပြည်တွင်းပြည်ပ တရားစခန်းများဖွင့်၍ လည်းသာသနာပြုတော်မူသည်။
 မြန်မာပြည်တွင် စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း ၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ် ၊တို့၌ စခန်းဌာန
( ၂၀ )ကျော် ဖွင့် လှစ်၍ သတိပဌာန်တရားတော်များကို ယနေ့တိုင် လက်တွေ့ဟောကြားပြသလျက်ရှိသည်။
 ပြည်ပနိုင်ငံများတွင် ယနေ့ထိ မလေးရှား ၊စင်္ကာပူ ၊ထိုင်း ၊နီပေါ ၊ ဩစတြေးလျနိုင်ငံ (ဘရစ်စဘိန်း ၊ဆစ်ဒ နီ ၊ကင်ဘရာ ၊မဲလ်ဘုန်း ၊ ပါသ် )မြို့များ၌၎င်း အမေရိကနိုင်ငံ ( ဟာဝိုင်အီ ၊ကာလီဖိုးနီးယား ၊အရီးဇိုးနား။ဂျော်ဂျီယာ ၊ဖလော်ရီဒါ ၊၀ါရှင်တန် ဒီစီ ၊
နယူးယောက် ၊အိုဟိုင်ယို ၊အီလီနွိုက် ၊)ပြည်နယ်တို့၌၎င်း ကနေဒါနိုင်ငံ ၊ပိုလန်နိုင်ငံ တို့၌၎င်း တရားစခန်းများကိုဖွင့်လှစ်ကာ
လက်တွေ့ဟောကြားပြသလျက်ရှိသည်။
ကျစွာဆရာတော်ဘုရားသည် ရဟန်းရှင် လူများချမ်းသာလွယ်ကူစွာသွားလာနိုင်ရန်၎င်း ဒေသ၌ ဘာသာရေး ၊လူမူရေးဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း စစ်ကိုင်းမြို့မှ ၀ါးချက် ၊မင်းကွန်းဒေသသို့သွားရန် မော်တော်ကားလမ်းကို စစ်ကိုင်းတောင်ခြေအရှေ့ဖက် ဧရာဝတီ မြစ်ကမ်းတလျှောက်မှဆရာတော်ကိုယ်တိုင်ကြီးကြပ်၍ကတ္တရာလမ်းအဖြစ်ဖေါက်လုပ်လှူဒါန်းခဲ့ပါသည်။
၎င်းအပြင် ဆရာတော်သည် ရဟန်းရှင်လူပြည်သူအများအားသက်ရှည်ကျန်းမာစေရန်အတွက် ၁၃၄၆-ခု (၁၉၈၄ ခု အောက်တိုဘာလ ၂၀ )တွင် ၀ါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံကြီးကိုဆောက်လုပ်တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။
ပညာရေးမြင့်မားမူကိုရှေ့ရှူ၍ ၀ါးချက်ကျေးရွာနှင့် ကတောကျေးရွာများရှိအစိုးရအခြေခံမူလတန်းကျောင်းများကို ( ၅ )ဧကစီ
ကျယ်ဝန်းသော မြေဧကများဝယ်၍ ကျောင်းနှင့်သက်ဆိုင်သည့်လုပ်ငန်းဆောင်တာ ၊ပစ္စည်းများလှူဒါန်းပြီး။ ၀ါးချက်ကျေးရွာတွင်
ကျောင်းသားဦးရေ ( ၄၅၀ )ကျော်သည်တိတိုးတက်လာပြီလျင် ။အလယ်တန်းအထိတိုးချဲ့နိုင်ခဲ့သည်။
ကတောကျေးရွာတွင် ကောင်းသားဦးရေ (၇၀၀ )ခန့်ရှိကာအထက်တန်းအထိတိုးချဲ့နိုင်ခဲ့သည်။
 ကျစွာဆရာတော်ဘုရားသည် ပါဠိပထမပြန်စာမေးပွဲ၌ ပထမငယ်တန်း (၁၉၅၃-ခု) ပထမလတ်တန်း (၁၉၅၄-ခု) ပထမကြီး (၁၉၅၆-ခု) နိုင်ငံတော်အစိုးရ ပါဠိဓမ္မာစရိယတန်း ( ၁၉၅၇-ခု) ပါဠိပါရဂူ (၁၉၆၁-ခု )တို့ကိုအောင်မြင်တော်မူခဲ့သည်။
ဆရာတော်ရှိခဲ့သောဘွဲ့များမှာ သာသနဓဇသိရီ ဓမ္မာစရိယ ( ၁၉၅၇-ခု) သာသနဓဇ ဓမ္မာစရိယ ဒီဃနိကာယ ပါဠိပါရဂူ ( ၁၉၆၁-ခု) အဂ္ဂမဟာ ကမ္မဌာနာစရိယ ( ၁၉၉၈ -ခု ) အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ( ၂၀၀၄-ခု ) Ph.D ဂုဏ်ထူးဆောင် ဒေါကတ်တာဘွဲ့
( ၂၀၁၁-ခု ) တို့ဖြစ်ကြသည်။
 ဆရာတော်၏အဓိဠာန် ( ၅ ) ရပ်မှာ
      ။ ကံကောင်းထောက်မ၍လူ့ဘ၀ကိုရခိုက် ၊ထိုလူ့ဘ၀ကို အကျိုးရှိအောင်သုံးပါမည်။
      ။ ကံကောင်းထောက်မ၍လူ့ခန္ဓာကိုယ် ကိုရခိုက် ၊ ၊ထိုလူ့ ခန္ဓာကိုယ် ကို အကျိုးရှိအောင်သုံးပါမည်။
      ။ ကံကောင်းထောက်မ၍လူ့အင်အားဗလကိုရခိုက်၊ ၊ထိုလူ့ အင်အားဗလကို အကျိုးရှိအောင်သုံးပါမည်။
      ။ ကံကောင်းထောက်မ၍လူ့အသိညဏ်ကိုရခိုက်၊ ၊ထိုလူ့ အသိညဏ်ကို အကျိုးရှိအောင်သုံးပါမည်။
      ။ ကံကောင်းထောက်မ၍လူ့စည်းစိမ်ဥစ္စာကိုရခိုက်၊ ၊ထိုလူ့ စည်းစိမ်ဥစ္စာကို အကျိုးရှိအောင်သုံးပါမည်။
   ဟူ၍ဖြစ်ပါသည်။
ဆရာတော်ဘုရား၏ လူမူရေး၊သာသနာရေး ဆောင်ရွက်ချက်များမှာ အများအပြားပင်ရှိပါသေးသည်။
ဆရာတော်သည်လူသားချင်းရိုင်းပင်းကူညီစေလိုသောဆန္ဒ၊ မိဘနှင့် ဆရာသခင်တို့၏ကျေးဇူးတရားကို သိနားလည်စေလိုသောဆန္ဒ၊ နှင့် လူသားတိုင်းကိုလောကီ၊လောကုတ္တရာနှစ်ရပ်လုံးပညာတတ်စေလိုသောဆန္ဒ၊တို့မှာ အနှိုင်းအဆမရှိ ကြီးမား၏။
အထုးသဖြင့် မိမိထက်အသက်ကြီးသောသူနှင့်ချို့တဲ့သောသူများကို ရိုသေလေးစားစွာဆက်ဆံစေခြင်းနှင့်ဂရုဏာမေတ္တာ
ထား၍ဆက်ဆံစေခြင်းဖြစ်ပါသည်။
ဆရာတော်၏ ကျေးဇူးတရားများမှာ မိုးကောင်းပမာ ကျယ်ပြန့်လွန်းပြီးမေတ္တာ၊ဂရုဏာ ၊မုဒီတာ တရားများမှာ
မဟာသမုဒ္ဒရာေ၇ပမာ နက်၇ှိုင်းလှပါသည်။
မကြာမီရောက်ရှိတော့မည့် နေနှင့်လ နှစ်စင်းဆုံချိန် ဤ တန်ခူးလပြည့်နေ့တွင် ၊ ဆရာတော်ဘုရား၏ကျေးဇူးတော်အနန္တအား
အောက်မေ့လျက် ထိခြင်းငါးပါးဖြင့် တပည့်တော်ရှိခိုးဦးနှိမ်ကန်တော့အပ်ပါသည်ဘုရား..။
    အထက်ပါ စာကို ကျမ မခင်မိုးညိုသည်  ပြတိုက်မှမောင်ရင်းမခြား၊ညီမရင်းသဖွယ် လေးစားချစ်ခင်သူများအား
စေတနာဖြင့်တင်ပြလိုက်ပါသည်။
အနှိုင်းမဲ့မေတ္တာနှင့် အဆုံးမဲ့မြတ်နိုးခြင်းဖြင့်
မေတ္တာရည်လျက်
မခင်မိုးညို