Friday, April 26, 2013

တစ်ပုဒ်တလေ တွေ့ ငြားပေမူ၊




ဆရာတက္ကသိုလ်ဘုန်းနိုင် (ဦးခင်မောင်တင့်) ၏ ကဗျာကိုဦးစွာတင်ပြပါမည်။
         သူ့လိုစိတ်ထား
ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊
ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊
တစ်ပုဒ်တလေ တွေ့ ငြားပေမူ၊
စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊
ငါမွန်အမြတ် ငါ့အတက်ဟု၊
စာဖတ်သူ့ ပေါ် ခေါင်းကိုကျော်၍၊
ငါသော်ဆရာ မလုပ်ပါတည်း။
(တက္ကသိုလ် ဘုန်းနိုင်)
ကျမ နှစ်သက်ဆုံးအလုပ်ကိုပြောပါဟုဆိုလျင် စာရေးသားခြင်းဖြစ်ပါသည်ဟူ၍ပြောပါမည်။
စာရေးသားခြင်းကိုနှစ်သက်ပါသော်လည်း စာရေးဆရာတော့ မဟုတ်သေးပါ။
စာရေးသားခြင်းသည် ရေးသားမည့်အကြောင်းအရာကိုစတင်၍ခံစားတည်ဆောက်ပြီးသည်နှင့် ရုပ်လုံးပေါ်၍လာအောင်
အတွေးအမြင်၊အသိ၊များကိုတူရာ၊ညီရာ၊ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းလျက်စာဖတ်သူနားလည်အောင် ဖေါ်ပြရခြင်းပင်ဖြစ်ပါသည်။
  
  ဥပမာအနေဖြင့် သွေ့ခြောက်နေသောသစ်တစ်ပင်နှင့် စိမ်းစိုနေသောသစ်တစ်ပင်၊ထိုသစ်ပင်နှစ်ပင်ကိုလူ(၃)ယောက်မှ
ကြည့်မြင်ရာ၌  ......( ၁ ) လူသည် ခံစားမူမရှိ။
                 ......  ( ၂ ) လူသည် ခံစားမူရှိ၏၊ သို့သော်မဖေါ်ပြတတ် ။
                 .....  ( ၃ ) လူသည် ခံစားတတ်၏၊ခံစားသည်အတိုင်း သိအောင် မြင်အောင် ဖေါ်ပြပေးနိုင်၏။
ထို နံပါတ်( ၃ )လူသည် စာရေးသူဖြစ်ပါသည်။
 စာရေးသားသည့်အတွက်၊ စာဖတ်ခြင်း ၊စာများကိုစုစည်းခြင်း၊ ကောင်းနိုးရာရာများကို ရှာဖွေလျက် ကောင်းသောအသိ
ကောင်းသောအတွေး၊ ကောင်းသောအကြံအစည်ကို မျှဝေလိုစိတ်ရှိခြင်း၊စသည်ဖြင့် စာရေးသားရမည့်လုပ်ငန်းဆောင်တာကို အစဉ်တစိုက် တွေးဆကြံစည်နေသဖြင့် အကုသိုလ်စိတ်ပြေလျှော့ပြီးလျင်၊
သတိနှင့်အတူ အမှတ်စိတ်ကို ခပ်စိပ်စိပ် မှတ်နေရသည့်အတွက် ဘာဝနာအားထုတ်နေရသကဲ့သို့ပင် ဖြစ်တော့သည်။
  မိဘမေတ္တာကိုရေးသားချိန်တွင် မေတ္တာ၏အေးချမ်းမူကိုသိနေခံစားနေရ၏။ဆရာတော်ဘုရား၏
အကြောင်းကိုရေးသာချိန်တွင်ဆရာတော်ဘုရား၏စိတ်သဘောထားနှင်ကြည်ညိုဖွယ်ရာများကို
ခံစားနေရသဖြင့် စိတ်မှအလိုအလိုဦးနှိမ်ကန်တော့နေဖြစ်၏။လေးစားထိုက်သောသူ၊တန်ဖိုးရှိသောသူ၏အကြောင်းရေးသားချိန်တွင်
 ရိုးသားခြင်း၊တည်ကြည်ခြင်း၊ဖြောင့်မတ်ချြင်းတည်းဟူသော ကောင်း၍ မွန်မြတ်သည့် ကောင်းမွန်သည့်စိတ်ကို တလေးတစားမှတ်သိကာမိမိကိုယ်တိုင်နှင့်အခြားသောသူတို့အတွက်ပါ၊ လိုက်နာဆောင်ရွက်ရန်ခံစားမိသည်။
 ဆရာတက္ကသိုလ်ဘုန်းနိုင်၏ကဗျာကဲ့သို့ပင် ကျမ ရေးသားသောစာများမှ မိမိအတွက်သော်လေည်းကောင်း၊မိဘအတွက်သော်လည်းကောင်း၊မိဘဆွေမျိုးရင်းခြာများကဲ့သို့သော
သူများအားလုံးအတွက်သော်လည်းကောင်း၊ကောင်းသောအသိစိတ်ကလေးကိုတစ်ပုဒ်တလေ တွေ့ ငြားပေမူ၊ ခဏမျှပင်ရရှိလိုက်သည်ဆိုပါလျင်ကျမ ရင်ထဲသို့တိုင် နှစ်ထောင်းအားရဖြစ်မိပါကြောင်းအသိပေးမျှဝေအပ်ပါသည်။
အနှိုင်းမဲ့မေတ္တာနင့် အဆုံးမဲ့မြတ်နိုးခြင်း
မေတ္တာရည်လျက်
ခင်မိုးညို