Tuesday, April 23, 2013

မိဘကျေးဇူးကျေအောင်ဆပ်နည်း



     
 

                                              အမေရိကန်ပြည်ထောင်စု ဆန်ဟိုဆေးမြို့
                          တထာဂတမက်ဒီတေးရှင်းစင်တာ ပဓာနနာယက ဘီးလင်းဆရာတော်ကြီး၏
                                                            သြ၀ါဒ
မိဘကျေးဇူးကျေအောင်ဆပ်နည်း
    
 မိဘကျေးဇူးကိုသိပြီး ကျေအောင်ပြန်ဆပ်မယ်ဆိုရင် လောကမှာရှိတဲ့ ပစ္စည်းဥစ္စာတွေ ( ရွှေ ငွေ စသည်ပေါ့လေ)
တောင်ပုံရာပုံ  ပုံပြီးပေးပေမဲ့  မိဘကျေးဇူးမကျေပါဘူးတဲ့။ သားသမီးတွေက တတ်နိုင်လို့ လောကမှာ စကြာမင်း တို့ရဲ့
စည်းစိမ်ချမ်းသာများကို ရအောင်လုပ်ပေးတာတောင် မိဘကျေးဇူးမကျေပါဘူးတဲ့ ။ အဲဒီလောက်ထိအောင် မိကျေးဇူးဟာ
ကြီးမားပါတယ်။
  ဘယ်လိုဆပ်မှကျေနိုင်သလဲဆိုရင်-
( ၁ )    အသဒ္ဓေ သဒ္ဓါ သမ္ပဒါယ သမာဒပေတိ.....တဲ့။
-       သဒ္ဓါ တရားမရှိတဲ့ မိဘတွေ သဒ္ဓါတရားရှိအောင်သဒ္ဓါတရားနဲ့ပြည့်စုံအောင်သားသမီးတွေကတိုက်တွန်းပေးရတယ်။
-       ဘုရား ၊တရား ၊ သံဃာ ရတနာသုံးပါးကို မကြည်ညိုသေးရင် ကြည်ညိုလာအောင် ကံ ကံ၏အကျိုးကို မယုံကြည်သေးရင် ယုံကြည်လာအောင် တိုက်တွန်း အားပေးရပါတယ် ။

( ၂ )   ဒုဿီလေ  သီလ သမ္ပဒါယ  သမာဒပေတိ.....တဲ့။
-       သီလ မရှိသေးတဲ့ သီလအားနည်းနေသေးတဲ့ မိဘတွေကို သီလနဲ့ ပြည့်စုံအောင် ၊ သီလဆောက်တည်နိုင်အောင်
-       တိုက်တွန်းအားပေးရတယ် ။ “ ဖေဖေ မေမေ ဒီနေ့ ဥပုသ်နေ့ ဖြစ်တယ် ။ ကျောင်းသွားပြီးတော့ဥပုသ်ဆောက်တည်ပါ ။ ဖေဖေ မေမေတို့ စားဖို့ သောက်ဖို့ သားတို့သမီးတို့အဆင်သင့်ပြုလုပ်ထားပါတယ် “  စသည်ဖြင့် သီလဆောက်တည်နိုင်အောင် တိုက်တွန်းအားပေးရတယ် ။

( ၃ )   မစ္ဆရီ စာဂ သမ္ပဒါယ သမာဒပေတိ.....တဲ့။
-        စွန့်ကြဲပေးကမ်းလှူ ဒါန်းမူ အားနည်းနေသေးတဲ့ မိဘတွေကို စွန့်ကြဲပေးကမ်းလှူဒါန်းနိုင်အောင် အားပေးရတယ်၊ တိုက်တွန်းရတယ် ။
          ( ၄ )   ဒုပ္ပညေ  ပညာသမ္ပဒါယ သမာဒပေတိ.....တဲ့။
-        အသိအလိမ္မာ ညဏ်ပညာ အားနည်းနေသေးတဲ့ မိဘတွေကို အသိအလိမ္မာ ညဏ်ပညာ နှင့်ပြည့်စုံအောင် တိုက်တွန်း အားပေးရတယ် ။ “ ဖေဖေ မေမေ ကျေားင်းသွားပြီးတော့တရားနာပါ ။ ရိပ်သာသွးပြီးတော့ တရားအားထုတ်ပါ ။ စားရေးသောက်ရေးတွေဘာမှ မပူပါနဲ့ သားတို့ သမီးတို့ တာဝန်ယူပါတယ် “  လို့စသည်ဖြင့် တိုက်တွန်းအားပေးရတယ် ။
-         
-       အဲဒီလို တိုက်တွန်းအားပေးလို့ မိဘတွေမှာ သဒ္ဓါ ၊ သီလ ၊ စာဂ ၊ ပညာ တရားတွေနဲ့ ပြည့်စုံသွားပြီဆိုရင် အထူးအားဖြင့် ၀ိပဿနာညဏ် ၊  အရိယာမဂ် ညဏ် ၊ ဖိုလ် ညဏ်တွေနဲ့ ပြည့်စုံသွားပြီဆိုရင်တော့ အဲဒီလိုမှမိဘကျေးဇူးကျေပါတယ် ......တဲ့  ။ဒါကြောင့် သားသမီးတွေကလည်း  မိမိတို့အချိန်တန်အရွယ်ရောက်တဲ့အခါမှာ အသက်အရွယ်ကြီး ရင့်တဲ့ မိဘတွေကို ပြန်ပြီးပြုစုလုပ်ကျွေးခြင်းအားဖြင့်  လောကကျေးဇူးနဲ့ဆပ်ရသလို အသိ အလိမ္မာ ညဏ်ပညာ နဲ့ ပြည့်စုံအောင်  ၀ိပဿနာညဏ်၊အရိယာမဂ်ညဏ်ဖိုလ်ညဏ်တွေနဲ့ပါ ပြည့်စုံ အောင်
 လောကုတ္တရာဘက်က ကျေးဇူးနဲ့လည်းပြန်ပြီးတော့ ဆပ်ရပါတယ် ။

 မိဘတိုင်းအားမြတ်နိုးကြည်ညိုခြင်းဖြင့်
   ခင်မိုးညို