နားလည်မူလဲရှိစေ..နားလည်ခြင်းလဲရှိစေ(
understanding ,understood )
ဤခေါင်းစဉ်လေးကို ရေးသားရန်အတွက် အကြောင်းဖန်လာသည်။ လူတစ်ဦးနှင့်တစ်ဦးခင်မင်ခြင်းတည်တန့်စေရန်
အဓိကမှာ တစ်ဦးနှင့်တစ်ဦးနားလည်မူရှိခြင်းနှင့်နားလည်ပေးခြင်းသည်ဖြစ်ကြောင်း.ယနေ့သိလိုက်ရသည့်အတွက်ဖြစ်ပါသည်။ကျမ
နှင့် ကိုမိုးညို မိတ်ဆွေဖြစ်ခဲ့ကြသည်။ သူနှင့်ကျမမိတ်ဆွေဖြစ်ကြရာတွင် ကျောင်းနေဖက်သူငယ်ချင်းလဲမဟုတ်ပါ၊
ဌာနတာဝန်ထမ်းဆောင်သူအချင်းချင်းလဲမဟုတ်ပါ။စီးပွါးေ၇းအရဆက်စပ်နေခြင်းကြောင့်လဲမဟုတ်ပါ။နောက်ဆံုး
သူအသက်မွေးဝမ်းကျောင်းပြုလုပ်သည့် လုပ်ငန်းကြောင့်လဲမဟုတ်ပါ။မည်သည့်အကြောင်းနှင့်မှမပတ်သက်ဘဲ၊မိတ်ဆွေဖြစ်ခဲ့ကြသည်။
ကျမယုံကြည်သည်မှာ ဤမိုးကောင်းကင်၏အောက်တွင်လူသားနှစ်ဦးသည်...အတိတ်ကပြုခဲ့သောကံအတိုင်းဆုံတွေ့ကြခြင်းကြောင့်
ပင်ဖြစ်သည်ဟူ၍ဖြစ်ပါသည်။ကျမသည်လူတစ်ဦးတစ်ယောက်ကိုခင်မင်ခြင်းတွင်စိတ်၏ကောင်းမွန်ခြင်းနှင့်
့စာရိတ္တကောင်းမွန်ခြင်းကိုအဓိကထား၍ပေါင်းသင်းပါသည်။အဆိုပါအချက်နှစ်ခုနှင့်
ကိုက်ညီလျင်.လူမျိုးဘာသာမရွေး၊ပညာတတ်တတ်၊မတတ်တတ်၊ဆင်းဆင်းရဲရဲ၊ချမ်းချမ်းသာသာပေါင်းသင်းပါသည်။
ကျမဘ၀၏ရှင်သန်ခဲ့ရာတစ်လျှောက် လိုအပ်သည်များကိုအဓိကထားပြီးဆောင်ရွက်လျက်မလိုအပ်သည်များကို
မဆောင်ရွက်ခဲ့ပါ။ ဘွဲ့ယူစဉ်ကာလ မိဘမစုံတော့သဖြင့် ဘွဲ့လက်မှတ်ကို သီးသန့်ထုတ်ယူခဲ့သည်။ဘွဲ့ယူလျင်ကုန်ကျမည့်တန်ဘိုးကို
အမေ့ ကိုကန်တော့သည်။ဓါတ်ပုံမရိုက်ပါ။ကျမတွင်ဘွဲ့ရဓါတ်ပုံ့မရှိပါ။သို့သော်ဘွဲ့တစ်ခုရှိသည့်အတွက်
ဌာနဆိုင်ရာတွင် အရာ၇ှိတစ်ဦးဖြစ်နေပါသည်။သိှု့သော်ထိုသို့ကျမ..မလိုအပ်ဟုယုံကြည်သောအရာများကို99ရာခိုင်နှူန်းမျှလုပ်ဆောင်ကြပါသည်။ကျမ
ဘ၀တွင် ဘယ်အရာကိုမှရကောင်းစေဟူ၍ မတွေးသကဲ့သို့ ဖြစ်လာသမျှကို ကံအတိုင်းဟုယုံကြည်ပါသည်။.ကျမ
နိုင်စွမ်းသရွေ့ သူတပါး၏သောကကိုဖြေရှင်းသည်။လှူဒါန်းသည်။မိဘနှင့် ကျေးဇူးရှိသူအားလုံးကိုကျေးဇူးဆပ်သည်။သီလကို
ဆောက်တည်လျက် စိတ်ကိုရောင့်ရဲစွာဖြင့်နေထိုင်သည်။နိုင်ငံ့တာဝန်ကိုထမ်းဆောင်နေစဉ်ကာလတွင်တာဝန်ကျေပွန်စွာစေတနာဖြင့်ဆောင်ရွက်ပြီး
မည်သည့်အခွင့်အရေးကိုမှ မတောင်းဆိုခဲ့။မဟာဂန္ဓာရုံဆရာတော်(အမရပုရ) ၏ဆုံးမစကားနှင့်အညီ
ရုံးချိန်ကိုသော်မှ..ကျမ ခိုးမယူခဲ့ပါ။လူတိုင်းဖုံးကိုင်ချိန်တွင် ကျမ ဖုံးမကိုင်ခဲ့ပါ။ရုံးနှင့်
အိမ်တွင် ကြိုးဖုံးရှိပြီးသည်နောက်မလိုအပ်ဟုယူဆခဲ့ပါသည်။နောက်ဆုံး အထက်တွင်ဖေါ်ပြခဲ့သည့်
ကိုမိုးညိုနှင့်ခင်မင်ပြီးသည့်နောက်တွင်မှ သူ၏ဆန္ဒအရ လက်ကိုင်ဖုံးဝယ်ဖြစ်ခဲ့သည်။ ကျမသည် တစ်ဦးတည်းဘ၀ကိုဖြတ်သန်းရသည့်အတွက် မိဘ၏အမွေ၊မိဘ၏ကျေးဇူးများဖြင့်ယခုထက်တိုင်
အသက်ရှင်ရပ်တည်ကာ ထမင်းစားသောက်နေရခြင်းဖြစ်ပါသည်။ထှိုကြောင့်ဲကျေးဇူးရှင်များအားအမျှပေးဝေနိုင်သောအလုပ်များသာလုပ်ဖြစ်ပါသည်။
ထိုနည်းတူ ကိုမိုးညိုအားလည်းကျမ၏စိတ်ရင်းစေတနာကို
နားလည်နိုင်မည်ဟုယုံကြည်ပါသည်။တနေ့တွင် ကိုမိုးညိုအား လက်ဆောင်တစ်ခုပေးလိုသည်စိတ်ဖြင့်
လက်ဆောင်ပေးမည့်အကြောင်းကျမ ပြောကြားခဲ့သည်။သို့သော်ကျမ မပေးနိုင်ခဲ့ပါ။မည်သည့်အကြောင်းကြောင်းကြောင့်ဆိုသည်ကိုကျမ
ယခုချိန်ထိမရှင်းပြခဲ့ပါ။ ကျမ သည် သူတပါးထံမှမေတ္တာကိုသာအလိုလားဆုးံဖြစ်ပါသည်။မည်သူမဆို
ကျမအားမေတ္တာဖြင့်ဆက်ဆံလျင် ကျေနပ်ပြီးဖြစ်ပါသည်။ကျမ၏မေတ္တာကိုလည်းကျမယုံကြည်ပါသည်။ကိုမိုးညိုအားကျမမပေးဖြစ်ခဲ့သောလက်ဆောင်ထက်ကျမအမှန်ပေးလိုခဲ့သောလက်ဆောင်သည်.သူ့ဘ၀အတွက်မည်မျှတန်ဖိုးကြီးမားကြောင်းကို
သူတချိန်တွင်သိလာပါလိမ့်မည်။ကိုမိုးညိုကို ကျမနားလည်ပါသည်။သူ့ဘ၀ကိုလဲနားလည်ပါသည်။မည်သူ့အပေါ်တွင်မဆိုနားလည်ခြင်းနှင့်အတူနားလည်မူလဲရှိပါသည်။
ထိုစိတ်ကလေးဖြင့်ကျမဘ၀ကို အေးချမ်းတည်ငြိမ်စွာဖြတ်သန်းပါမည်။
အနှိုင်းမဲ့မေတ္တာနှင့်အဆုံးမြဲ့မတ်နိုးခြင်းဖြင့်
ခင်မိုးညို
