မေတ္တာရေစီးကြောင်း
ကျမမှာ သမီးလေးတစ်ယောက်ရှိပါတယ်။သမီး( ၁)နှစ်အရွယ်မှာသမီးအဖေဆုံးသွားတယ်။ဆုံးပြီးမှသိရတယ်။
အူအတက်ပေါက်လို့တဲ့။ ဘာကြောင့်ဆုံးပြီးမှသိရသလဲဆိုတော့၊ကျမကို မာနကြီးတယ်လို့ထင်လို့
သူ့မိဘအိမ်မှာသူသွားနေလို့ပါဘဲ၊ကျမကလဲကျမကိုအကျိုးအကြောင်းဘာမှမပြောဘဲ
ခုလိုပြုမူတာကို ယောင်္ကျားမပီသသူ၊ ခင်ပွန်းမဆန်သူလို့ယုံကြည်လို့ ဘာမှမမေးတော့ဘူး။အဲဒီအချိန်မှာ ကျအသက်(၂၀ ) ။သူ့အသက် (၂၂ )နှစ်။ဘွဲ့ရပြီးကာစဖြစ်ပါတယ်။ကျမရဲ့မိဘသဘောမတူလို့ သူနဲ့ဘ၀ကို
ဆောက်တည်ချိန်မှာ၊ ဘ၀နှစ်ခုက လေးထောင့်နဲ့အ၀ိုင်းဖြစ်ပါတယ်။ဒါပေမဲ့ ကျမစိတ်က မဖြစ်ဖြစ်အောင်
လုပ်မယ်ဆိုတဲ့စိတ်ကြောင့် ဘ၀ကိုဖြစ်အောင်ရပ်တည်ခဲ့တယ်။ထားပါတော့၊သူနဲ့လက်ထပ်ပြီးချိန်မှာ စရိုက်လို့ခေါ်တဲ့ဗီဇက ကျမစရိုက်နဲ့အရှေ့အနောက်။အဖြူနဲ့အမဲ။ အ၀ိုင်းနဲ့လေးထောင့်၊ဆန့်ကျင်ဘက်လားရာဦးတည်နေကြပါတယ်။ကျမက စာဖတ်မယ်။သူက ရုပ်ရှင်ကြည့်မယ်၊ သူကလူမျိုးပေါင်းစုံနဲ့စကားပြောမယ်။ကျမကအေးအေးဆေးဆေးနေထိုင်မယ်။ကျမကဟင်းကိုအချို၊သူကငံပြီးစပ်မှကြိုက်တယ်။
ထားပါတော့၊တနေ့သူ့မိဘအိမ်သွားတာပြန်မလာတော့ဘူး။သူ့မိဘကျမဆီအကြောင်းကြားပါတယ်။ကျမနားလည်တာက
ဒါ မိဘကိုဒုက္ခပေးတာဘဲ။ သူသာလျင်ကျမကိုကိုယ်တိုင်ပြောရမှာလို့နားလည်တယ်။ကျမလဲမိဘကိုအားနာလို့
ကျမခရီးထွက်မဲ့အကြောင်းနဲ့သမီးပါခေါ်သွားမယ်လို့ပြောပြီး၊ကျမမွေးရပ်မြေကို သွားခဲ့တယ်။
အဲဒီကစပြီးဝေးခဲ့တာ..သူသေဆုံးချိန်ထိပါဘဲ။
ကျမလဲ သူ့အသူဘကိုစီမံဆောင်ရွက်ပြီး အညာသဘောင်္နဲ့ခရီးထွက်ခဲ့တယ်။သင်္ဘေပေါ်မှာ သမီးလေးကိုယပ်ခပ်ပေးပြီး နေလာတာ တလမ်းလုံးမျှလောပ်ပါဘဲ။ အိမ်ရောက်တော့မေ့မေ့ကိုဖက်ပြီးအားပါးတရငိုလိုက်တယ်..။နောက်မောမောနဲ့အိပ်ပျော်သွားတာ..လေကလေးအေး
ကနဲ၊အေးကနဲဖြစ်ပြီးနိုးလာတော့ မေမေကကျမကိုယပ်ခပ်ပေးနေပါလေရဲ့..။
မျှဝေခံစားနိုင်ပါစေ
ခင်မိုးညို