Monday, November 25, 2013

.ခွင့်လွှတ်ခြင်း..။



                                              ..ခွင့်လွှတ်ခြင်း..။
ခွင့်လွှတ်နိုင်ရန်အတွက်ဦးစွာမိမိစိတ်ကို၊မိမိ ဝေဖန်ပိုင်းခြားသိနေရပါမည်။ပတ်ဝန်းကျင်၏စကားနှင့်အပတ်သက်ပါ။
မိမိ၏စိတ်ကိုသေချာ စွာ သိမြင်ခဲ့ပါလျင်တဖက်သူ၏စိတ်၊ဘ၀အနေအထား၊၀န်းကျင်ကြီးပြီးရာအခြေအနေ၊စသည်ဖြင့်အနေအထားအားနားလည်နိုင်အောင်ကြိုးစားရပါမည်။အနေအထား ဆိုသည်မှာ.အလွန်လေးနက်၍နက်ရှိုင်းပါသည်။ မိမိ စိတ်ကို သိနားလည်ပြီးသည်နှင့်..မိမိ၏စိတ်ကိုဗဟိုပြုလျက်၊ဖြန့်ကျက်ရာအတိုင်းတဖြည်းဖြည်း.စဉ်းစားပြီးသည်နောက်..တဖက်သူ၏. အနေအထားတည်ရာကိုရောက်ရှိသွားလျင်.ခွင့်လွှတ်ခြင်းဖြစ်လာမည့် ဆုံမှတ် ဟူသောနေရာသို့ဆိုက်ရောက်ပါမည်။ အထူးကျိုးးစား၍ ခွင့်လွှတ်ခြင်းကို ဖြစ်ပေါ်စေရန်မလိုပါ။ စိတ်ကို ဖြန့်ကျက်နေစဉ်ကာလ၊တဖက်သူ၏ အနေအထားသို့သွားနေစဉ်အတွင်း

ပုထုဇဉ်သဘာဝ၊ စိတ်၏အနိမ့်အမြင့်ဖြစ်ပေါ်လာခြင်းများကို..ဖြတ်သန်းကျော်ဖြတ်ပြီးဖြစ်သည့်အတွက် အလိုလိုနားလည်ပေးပြီးဖြစ်သွားပါသည်။ထိုအချိန်တွင် မိမိ၏စိတ်အေးချမ်းသာယာမူ့ ၊တည်ခြိမ်ရင့်ကျက်မူ့များသည် ၊တခုစီ..တခုစီ..ဖြေးညှင်းခြိမ်သက်စွာ.နှလုံးသားထဲသို့တိုင်...ဥဏှောက်ထဲသို့တိုင်..အကန့်လိုက်..၀င်ရောက်လာပါသည်။.ထိုကာလလေး၌ အမြင်အာရုံ..အကြားအာရုံ..၊များသည်ကြည်လင်ပြတ်သားသွားသည့်အတွက်..မည်သည့်အလုပ်ကိုမဆို.မှန်ကန်သောဆုံးဖြတ်ခြင်းများကိုဖြစ်ပေါ်စေပါသည်။

အဆိုပါအကြောင်းတရား၏အခြေခံရေသောက်ဖြစ်သည်.ခွင့်လွှတ်ခြင်းပင်ဖြစ်ပါသည်..။

မေတ္တာကိုအခြေခံလျင်..နားလည်နိုင်စွမ်းပြီး.ထိုမှတဆင့် ခွင့်လွှတ်တတ်သွားပါမည်။

မေတ္တာရ ည်လျက်

ခင်မိုးညို